ချစ်သူများနေ့မှာ ဟိုတယ် မခေါ်သွားရင် ယောက်ျားကောင်းပဲ ဆိုတဲ့ အေးမြတ်သူ

ချစ်သူများနေ့မှာ ဟိုတယ် မခေါ်သွားရင် ယောက်ျားကောင်းပဲ ဆိုတဲ့ အေးမြတ်သူ

စကားပြောရင် ပွင့်လင်းပြီး သရုပ်ဆောင်ရင် အသက်ဝင်တဲ့ မမြတ်လေးက အခုချိန်ထိ အိမ်ထောင်မပြုရသေးတဲ့ ဆယ်လီတစ်ဦးပါ။ ကိုယ်ချစ်ထက် သူချစ်ကို ရှာခဲ့တာပါ ဆိုတဲ့ မမြတ်လေးက ခုချိန်ထိတော့ ချစ်သူကို ထုတ်မပြသေးပါဘူး။ ပကာသန မဖက်ဘဲ ယဉ်ယဉ်လေး ဝတ်တတ်တဲ့ အေးမြတ်သူက အလှူဒါနကိုလည်း ရက်ရောပါတယ်။

ချစ်သူဆိုရင် Ro ဖို့ မလိုဘဲ သစ္စာရှိဖို့ပဲ လိုတယ်ဆိုတဲ့ အေးမြတ်သူက ချစ်သူများနေ့မှာ ရူးသွပ်ကြသူတွေကို ခုလို သတိပေးစကား ပြောသွားပါတယ်။

“Ro စရာ မလိုဘူး။ သစ္စာရှိဖို့ပဲ လိုတယ်။ အေးမြတ်သူ အဲ့ဒါကိုပဲ လက်ကိုင်ထားတယ်။ အဓိကက သစ္စာရှိရမယ်။ Ro တယ်ဆိုတာ ဘာလုပ်မှာလဲ ခဏပဲ။ လူတွေ အားလုံးက လက်တွေ့ကျကျ ဖြတ်သန်းနေရတာ။ ကိုယ့်အပေါ် လက်တွေ့ကျကျ ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မလဲ သစ္စာရှိမလဲ ဆိုတာ ပိုပြီး အရေးကြီးတယ်။ ချစ်သူများနေ့မှာ ချစ်သူက အဝေးရောက်နေလို့ ချောကလက် မစားရလို့ ပန်းစည်းမရလို့ ဘယ်တော့မှ စိတ်မဆိုးနဲ့။ စိတ်ကောက်စရာ ရန်ဖြစ်စရာ ကိစ္စလည်း မဟုတ်ဘူး။ ကိုယ့်ကို ဟိုတယ် မခေါ်သွားရင် တော်တော် အဆင်ပြေပြီ။ အဲ့ဒါ ယောက်ျားကောင်းပဲ။” လို့ ဆိုပါတယ်။

ဟိုတယ်ခေါ်ပြီး surprise တိုက်တဲ့ အမျိုးသားကို မကြိုက်တဲ့ အကြောင်း အေးမြတ်သူက ခုလို ပြောသွားပါတယ်။

” အမှန်အတိုင်း ပြောရရင် ချစ်သူများနေ့မှာ ကိုယ့်ကို ဟိုတယ် မခေါ်တဲ့ ယောက်ျားကမှ ယောက်ျားကောင်း အစစ်။ ကိုယ့်ကို သူက စောင့်ရှောက်ချင်တာ ။ ကိုယ့်ဆီက အခွင့်အရေး ယူချင်တာ မဟုတ်ဘူး။ အခွင့်အရေးလိုချင်တဲ့ ယောက်ျားတွေကသာ အခွင့်အရေးကို လိုက်ရှာနေတာ။ ကိုယ့်ကို အခွင့်အရေး မယူဘဲ သစ္စာတရား လိုချင်တဲ့ ယောက်ျားတွေက အဲ့အခွင့်အရေးကို လျစ်လျူရှုထားတာ။ ကိုယ့်အပေါ် မောင်နှမလို ညီအစ်မလို စောင့်ရှောက်တဲ့ အမျိုးသားကိုပဲ ရှာပါ။ အေးမြတ်သူကတော့ ချစ်သူများနေ့မှာ ဟိုတယ်ခေါ်ပြီး စပရိုက်လုပ်တဲ့ အမျိုးသားကိုတော့ မကြိုက်ဘူး။” ဆိုပြီး ပြောသွားပါတယ်။

ဖြားယောင်းတဲ့ ယေက်ျားဆိုရင် လက်သီးပဲ ရမယ်ဆိုတဲ့ အကြောင်း အေးမြတ်သူက ခုလို ယောက်ျားဆန်ဆန် ပြောပြသွားပါတယ်။

“အေးမြတ်သူကို ဘယ်ယောက်ျားကမှ အဲ့လိုမခေါ်ရဲဘူး။ အဲ့လိုခေါ်လို့ကတော့ ဖောင်းဆိုပြီး ကျွေးပလိုက်မှာ။ အေးမြတ်သူက ယောက်ျားအရမ်းဆန်တယ်။ ဘယ်လိုပဲ ဖြားယောင်း မြူဆွယ် နေပါစေ ကိုယ့်ရဲ့စိတ်က အဓိကပဲ။ လက်ဆောင်အကြီးကြီး အရုပ်ကြီးကြီးပေးမှ အဓိက မဟုတ်ဘူး။” လို့ ဆိုပါတယ်။ပြတ်သားတဲ့ မမြတ်လေး တစ်ယောက် ခင်ပွန်းကောင်းနဲ့သာ ပေါင်းဖက်ခွင့် ရမယ်ဆိုတာ သေချာသလောက်လို့ ပြောလို့ရပါပြီ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.