တောထဲမှာ ရိုက်ကူးရေး လုပ်နေရင်း ဝိဥာဥ်၊သရဲ တွေနဲ့ ကြုံတွေ့ခဲ့တဲ့ အဆို တော် ချယ်ရီသင်း

တောထဲမှာ ရိုက်ကူးရေး လုပ်နေရင်း ဝိဥာဥ်၊သရဲ တွေနဲ့ ကြုံတွေ့ခဲ့တဲ့ အဆို တော် ချယ်ရီသင်း

အဆိုတော်မလေး ချယ်ရီသင်းကတော့ “ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်” ဆိုတဲ့ သီချင်းလေးနဲ့ ပရိ သတ်တွေကြားမှာ ရေပန်းစားအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အသံပါဝါအားကောင်းတဲ့ ချယ် ရီ သင်းက တစ်မူထူးခြားတဲ့သီဆိုဟန်လေးတွေနဲ့ နားဆင်သူပရိသတ်တွေကို ဖမ်းစားနိုင်စွမ်းရှိ တာ ဖြစ်ပါတယ် ။ သီချင်းအသစ်တွေကို ဆက်တိုက်ဖန်တီးနေတဲ့ ချယ်ရီသင်းက ” သတိထား၊ မ လို့ပဲခေါ်” စတဲ့သီချင်းလေးတွေနဲ့လည်း နာမည်ပိုရလာခဲ့တာပဲ ဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာတော့ ချယ်ရီသင်းက သူမရဲ့ Music Video ရိုက်ကူးရေး လုပ်နေရင်း ဝိဥာဥ်၊သ ရဲ တွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

ချယ်ရီသင်းက “အဲ့ဒီ ချယ်တို့ရိုက်တဲ့နေရာမှာကြတော့ သူများတွေကပြောတာပေါ့နော် သရဲ ခြော က်တယ်ပေါ့ ချယ်တို့လည်း ရိုက်ပြီးမှကြောက်နေကြတာပေါ့ ချယ်တို့အဲ့မှာ ဓာတ်ပုံတွေရိုက် ကြတယ် နောက်ပိုင်း ပြန်ကြည့်တော့ ဓာတ်ပုံတွေထဲမှာ သူစိမ်းတွေတွေ့တယ် တချို့ဆိုရင် ချယ် ဆို မိန်းကလေးတွေတွေ့တယ် တချို့က မိန်းကလေးမတွေ့ဘူး ယောကျာ်းလေးတွေပဲအုပ်စုလိုက် တွေ့တယ်

အဲ့ဒီလူတွေကလည်း ပြန်တွေးကြည့်မှကြောက်တာ အဲ့နားမှာ အိမ်မှမရှိတာ တောကြီးပဲရှိတာ ဘယ်သူကလာကြည့်မှာလဲ သူတို့က ကောင်းကောင်းကန်းကန်းလေးတွေဝတ်ထားတာလေ အဲ့ မှာတုန်းက လုံးဝမစဉ်းစားမိဘူး နောက်မှစဉ်းစားပြီးကြောက်တာ

အဲ့တုန်းကညဆယ်နာရီလောက်ထိရိုက်ခဲ့တာ တချို့ကလည်း အဲ့ဒီနေရာက ကြတ်ကုန်းလို့ပြော ကြ တယ် အဲ့သူတွေက ချယ်တို့လို့ အရွယ်လောက်တွေပဲ ကိုယ်ကတွေ့တော့ ပရိသတ်တွေက ဆ ယ် နာရီထိတောင်မပြန်သေးပဲ ကြည့်နေတယ်ထင်နေတာ တချို့ကကျတော့လည်း ဦးလေးကြီး တွေ တွေ့တယ်ပြောတယ် ပြီးတော့ ချယ်တို့နဲ့ပါတဲ့ အကိုဆိုရင် ချယ့်ကားနားမှာ လူတွေတွေ့တယ် ပြောတယ် တကယ်က အဲ့နားမှာ တစ်ယောက်မှမရှိဘူး

ထူးတော့ထူးဆန်းတာပေါ့နော် တောကလည်းတော်တော်နက်တယ် အဲ့နေ့ကဖြစ်ချင်တော့ ဒါရိုက် တာကိုထူးအောင်နဲ့ရိုက်ခါနီးမှာ အဲ့နားကလူတစ်ယောက်ကပဲသူ့ကို လာပြောတယ်ပေါ့ သားတို့ ဘာ လု ပ်မလို့လဲမေးတော့ သီချင်းရိုက်မယ်ပြောတော့ အဲ့ဒါဆိုလည်း ညမှောင်တဲ့ထိမနေနဲ့ ပြော တော့ ဘာဖြစ်လို့လည်း မေးတာ ဒီထဲကို နေ့လည်တောင်ဘယ်သူမှမဝင်ရဲဘူးပြောသွားတယ်လို့ ပြောတယ်

ဒန်းစီးတဲ့အခန်းရိုက်တဲ့အချ်ိန်မှာလည်း ချယ်ကို့ မိန်းမတစ်ယောက်ကစိုက်ကြည့်နေသလိုကြီး ခံ စားရတယ် နောက်တော့ ကိုယ်သရဲကားကြည့်တာများလို့ထင်နေတာ နောက်ပြန်တဲ့အချိန်မှာ လ ည်း ချယ်တို့သူငယ်ချင်းတွေကား Honda Fit လေးက ဘာမှမရှိပဲ ဒုန်းဆို တိုက်မိပြီး ရှေ့မီး ရော နောက်မီးရော လင်းသွားတယ် ပြောတယ် အဲ့လိုမျိုးတွေကြုံခဲ့ရတယ်” လို့ဆိုလာခဲ့တာဖြစ် ပါ တယ်

ဒါကတော့ ချယ်ရီသင်း တယောက်ရိုက်ကူးရေး လုပ်နေရင်း ဝိဥာဥ်၊သရဲ တွေနဲ့ ကြုံတွေ့ခဲ့ရ တာ ပဲဖြစ်ပါတယ်နော် ဒီလို ခြောက်လှန့်ခံရတဲ့အပေါ် ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်း ပြော သွား ခဲ့ကြပါအုန်းနော်

Source Fashion Magazine Myanmar

Writer – Magic (Shwe Yaung Myanmar)

Comments are closed.