မိမိကိုယ်တိုင်ကြိုးကြိုးစားစားနဲ့ချုပ်ထားတဲ့ Mask လေးတွေကို လိုအပ် တဲ့နေရာတွေအတွက်သွားရောက်လှူဒါန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည်
မိမိကိုယ်တိုင်ကြိုးကြိုးစားစားနဲ့ချုပ်ထားတဲ့ Mask လေးတွေကို လိုအပ် တဲ့နေရာတွေအတွက်သွားရောက်လှူဒါန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည်
မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်ရပ်တည်ခဲ့ သူ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်နေပါပြီ။ ပရိသတ် တွေ ကရွှေကစ်လို့ချစ်စနိုးခေါ်တဲ့မင်းသမီးချောလေးကတော့ ကိုဗစ်ကာလတွင်းမှာ လှူဒါန်း မှု များစွာလုပ်ခဲ့ပါတယ်။ အခုတစ်ခါမှာတော့ ထူးခြားတဲ့အလှူတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါတယ်။
ရွှေကစ်ကတော့ Mask လေးတွေကိုကိုယ်တိုင်ကြိုးကြိုးစားစားချုပ်လုပ်ပြီးလှူဒါန်းမှုပြုခဲ့တာပါ။ အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာရေးသားဖော်ပြလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ် ပေ ချ့်မှာ “Stay at Home မှာ ကစ် Team နဲ့ အတူတူ ကစ် ကိုယ်တိုင် Mask လေးတွေ ချုပ်ပြီး လို အပ်တဲ့နေရာတွေကို လှူဒါန်းဖြစ်ပါတယ်။ စက်မချုပ်တတ်ပေမယ့် သေချာလေး ကြိုးစားပြီး ချုပ် ထားပါတယ်။ ကစ်နာမည်လေးလည်း ပါတော့ အမှတ်တရပေါ့…” ဆိုပြီးတော့ ရေးသားခဲ့တဲ့အ ပြင် ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေခဲ့ပါတယ်။
အိမ်မှာနေပြီး အလုပ်တွေနားထားရတဲ့အခုလိုကာလကြီးမှာ ရွှေကစ်ကတော့ အချိန်ကိုအကျိုးရှိ အောင်အခြားသူတွေအတွက်လည်းအကျိုးရှိအောင်ပြုလုပ်ခဲ့ပါတယ်။ Mask လေးတွေမှာတော့ လို့ Kit နာမည်ရေးထားပြီး ရွှေဂုံတိုင်ကလေးပြုစုရေးဌာနမှာတော့ (၃၀၀)တိတိလှူဒါန်းခဲ့ပြီး အခြားနေရာတွေမှာလည်း လှူဒါန်းခဲ့တာဖြစ်ပါတယ်။
Source : WuttHmoneShweYi
[zawgyi]
မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ေ ကျာ်ရ ပ်တည်ခဲ့ သူ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ြ ဖစ်နေပါပြီ။ ပရိသတ် တွေ ကရွှေကစ်လို့ချစ်စနိုးခေါ်တဲ့မင်းသမီးချောလေး ကေ တာ့ ကိုဗစ်ကာလတွင်းမှာ လှူဒါန်း မှု များစွာလုပ်ခဲ့ပါတယ်။ အခုတစ်ခါမှာတော့ ထူြး ခားတဲ့အလှူတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါတယ်။
Comments are closed.