Gamer လေး ကလိုဝီအတွက် သိန်း ဆယ်ချီတန်တဲ့ နောက်ဆုံးပေါ် ဂိမ်း စက် ကြီးကို ဝယ်ပေးပြီး ပျော်ရွှင်စေခဲ့ တဲ့ စမိုင်းလ်

Gamer လေး ကလိုဝီအတွက် သိန်း ဆယ်ချီတန်တဲ့ နောက်ဆုံးပေါ် ဂိမ်း စက် ကြီးကို ဝယ်ပေးပြီး ပျော်ရွှင်စေခဲ့ တဲ့ စမိုင်းလ်

Gamer လေး ကလိုဝီအတွက် သိန်းဆယ်ချီတန်တဲ့ နောက်ဆုံးပေါ် ဂိမ်းစက်ကြီးကို ဝယ်ပေးပြီး ပျော်ရွှင်စေခဲ့တဲ့ စမိုင်းလ်

တစ်ချိန်က သရုပ်ဆောင်လောကမှာ အောင်မြင်မှုတွေ များစွာရရှိခဲ့တဲ့ မင်းသမီးချောလေး စမိုင်း လ် ကတော့ လတ်တလောမှာ မိသားစုနဲ့အတူ သာယာတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါ တယ်။ စမိုင်းလ်ကတော့ အမြဲလိုလို ပွင့်ပွင့်လင်းလင်နဲ့ ဟန်ဆောင်မှုမရှိ သွက်သွက်လက်လက် နေ တတ်တာကြောင့် ပရိသတ်တွေက သူမကို ပိုပိုပြီး ချစ်နေကြတာပါ။ စမိုင်းလ်က သွက်သ လော က် စမိုင်းလ်ရဲ့ ခင်ပွန်းကိုပြည့်မောင်နဲ့ သမီးလေး ပေါ်ရှာနဲ့ ကလိုဝီတို့က အနေအေးပြီး စကားနည်းတာကြောင့် ပရိသတ်တွေကလည်း ကလေးတွေကို တနည်းတဖုံချစ်ကြတာပဲ ဖြစ်ပါ တယ်။

စမိုင်းလ်ကတော့ ခက်ခဲပင်ပန်းနေတဲ့ ပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးသလို သူမရဲ့ မိသားစုလေးကိုလည်း အစစအရာရာ လိုလေသေးမရှိ ဖြည့်စည်းပေးနေတဲ့ အိမ်ထောင် ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း စမိုင်းလ်က ဂိမ်းဆော့ရတာ ဝါသနာ ပါတဲ့ သူမရဲ့ သမီးငယ်လေး ကလိုဝီအတွက်မြန်မာငွေ (၁၃) သိန်းကျော်တန်ဖိုးရှိတဲ့PlayStation 5 ဂိမ်းစက်ကြီးကို Order တင်လို့ ရရချင်းပဲ ချက်ချင်းဆိုသလို ဝယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

စမိုင်းလက်တော့ Gamer သမီးလေးအတွက် မိဘတို့ ဝတ္တရားရှိတဲ့အတိုင်း နောက်ဆုံးပေါ် ဂိမ်း စက်ကြီး ဝယ်ပေးပြီး ပျော်ရွှင်စေခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ရဲ့ သမီးလေးတွေလည်း စမိုင်းလ် တို့ လို မိဘမျိုးနဲ့ ကြုံဆုံရတာ အရမ်းကို ကံကောင်းတဲ့ ကလေးလေးတွေပါပဲ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင် ဆိုင် နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile ‘s fb
Bilie – Cele Connections

Comments are closed.