သိန်းထောင်ချီတန် ကားကြီးနဲ့အတူ သူမအဖေရဲ့ စီးပွားရေးနဲ့ ပက်သက် ပြီး ဆုံးမစကားတချို့ကို မျှဝေခဲ့တဲ့ နေခြည်ဦး

သိန်းထောင်ချီတန် ကားကြီးနဲ့အတူ သူမအဖေရဲ့ စီးပွားရေးနဲ့ ပက်သက် ပြီး ဆုံးမစကားတချို့ကို မျှဝေခဲ့တဲ့ နေခြည်ဦး

နေခြည်ဦးကတော့ သူမရဲ့ တနေ့တာ အနုပညာလှုပ်ရှားမှုများကို ပရိတ်သတ်တွေထံ အမြဲမ ပြတ် မျှဝေပေးနေသူ ဖြစ်ပါတယ်။ အခုလို ကာလတွေမှာ ပရဟိတအလုပ်များကိုလည်း လုပ်ကိုင်နေသ လို အလှူအတန်းများကိုလည်း မပြတ်လှူဒါန်းနေသူပါ။

ဒီအချိန်က ကားဝယ်ဖို့ အကောင်းဆုံးအခြေအနေဆိုတာ လက်ခံလားဆိုပြီး နေခြည်ဦးကတော့ ပရိတ်သတ်တွေကို မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ပက်သက်ပြီး ဖခင်ဆိုဆုံးမတဲ့ စကားတွေကလည်း အရမ်းကို မှန်ကန်တဲ့အကြောင်းကို အခုလိုပဲ ဆက်လက် ပြောပြခဲ့ပါသေး တယ်။

နေခြည်ဦး ပြောခဲ့တာကတော့ ” ဒီအချိန်က ကားဝယ်ဖို့ အကောင်းဆုံးအချိန်ဆိုတာကို လက်ခံ လား ဟင်?? ကားကိုအရင်က ရူးသွပ်တဲ့သူထဲမှာ မပါပေမယ့် အခုအသက်အရွယ်ရောက်လာ တော့ ကားတွေ အိမ်တွေ ခြံမြေတွေ ကျောက်မျက်ရတနာတွေ အရမ်းးးးကို စိတ်ဝင်စား လာ ပြီ။

ပိုက်ဆံတွေရှိလာရင် assets တွေဝယ်ပါတဲ့။ ဝယ်လိုက်တဲ့ assets တွေက ကိုယ့်ကိုယ် ပိုက်ဆံ ပြန် ရှာပေးနိုင်မယ့် assets တွေဖြစ်ဖို့တော့ လိုတယ်လို့ ဖေဖေဆုံးမတာတွေ အခုမှ နားလည်လာ တယ်။ Work Hard Play Harder 💥😎 ” ဆိုကာ ပြောပြခဲ့ပါတယ်။

နေခြည်ဦးကတော့ မြန်မာနိုင်ငံမှာ လူနည်းစုပဲ စီးနိုင်တဲ့ သိန်းထောင်ချီတန် ကားကြီးနဲ့အတူ သူမ ရဲ့ အတွေးအမြင်တွေကို အခုလို မျှဝေခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူး ပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Comments are closed.