ဇေရဲထက်နဲ့တူတယ်လို့ပြောတာကို လုံးဝမကြိုက်ဘူးဆိုတဲ့ မိုးမြင့်သဇင်

ဇေရဲထက်နဲ့တူတယ်လို့ပြောတာကို လုံးဝမကြိုက်ဘူးဆိုတဲ့ မိုးမြင့်သဇင်

အနုပညာလောကမှာ ရောက်နေတာ ကြာနေပေမယ့် ပရိသတ် အများကြီး သိပ်မသိသေးပေမယ့် သိတဲ့ လူတိုင်းရဲ့ ချစ်ခင်မှုအားပေးမှုကို ရထားပြီး အခုနောင်ပိုင်းမှာ Sexy Photo ရိုက်ကူးမှုများလာတာကြောင့် လူပိုသိလာတဲ့ မိုးမြင့်သဇင်ကတော့ သူ့ကို ဇေရဲထက်နဲ့တူတယ်လို့ ပြောနေကြတာကို လုံးဝမကြိုက်ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မိုးမြင့်သဇင်က “အဲ့အပေါ်မှာတော့ တစ်ခါတစ်လေ ကျရင် ခံစားချက် တော့သိပ်မရှိဘူး။ တစ်ချို့ကတော့ တော်တော်ပြောတယ်။ သူနဲ့ အရမ်းတူတယ်လို့ ပြောရင် မိုးမြင့်က သိပ်စိတ်မဆိုးတတ်ဘူး။ ဒါပေမဲ့ အဲ့လိုပြောရင်တော့ လုံးဝမကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ဇေရဲထက်ကို ကြိုက်လို့ ဇေရဲထက်နဲ့ တူအောင် လိုက်လုပ်ထားတာ မဟုတ်ဘူးလေ။ ဒါမိုးမြင့်မွေးလာကတည်းက မိုးမြင့်ကို မြင်နေရတဲ့ ဒီမျက်နှာ။ အဲ့တာကိုမှ သူတို့က သူနဲ့တူတယ်ဆိုတော့လည်း မပြောတတ်ဘူးပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

ခွဲစိတ်ပြုပြင်တာရောရှိလားလို့ မေးမြန်းရာ “မိုးမြင့် မျက်နှာမှာ ခွဲစိတ်ပြုပြင်ထားတဲ့အရာ ဘယ်အရာမှ မရှိဘူး။ မိုးမြင့်ကို မြင်ဖူးတဲ့လူတိုင်းက သိတယ် မိုးမြင့်က အရင်ကတည်းက ဒီပုံစံလေးပဲ အခုလည်း ဒီပုံစံလေးပဲ။ ခွဲစိတ်ပြုပြင်ဖို့ကို မကြိုက်ဘူး မကြိုက်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ လူတွေက အလှဆုံးလို့ ခင်ကြတာပဲလေ မိုးမြင့်မျက်နှာကိုမိုးမြင့် မှန်နဲ့ ကြည့်လိုက်ရင် ကိုယ့်ဘာသာကိုယ် Perfect ဖြစ်တယ်လို့ ထင်တယ်။ အဲ့အတွက် မိုးမြင့်ပြုပြင်ရတာကို မကြိုက်ဘူး။”လို့ ပြောသွားခဲ့ပါတယ်။

အခုအချိန်မှာ နွယ်နွယ်ထွန်းနဲ့မိုးမြင့်သဇင်တို့ ညီအစ်မနှစ်ယောက် ဆန်းတွေ ပြန်ထလာတယ်လို့ ထင်လားလို့ မေးမြန်းရာ “ဒါကတော့ ပရိသတ်တွေက လက်ခံတယ်ဆိုရင်တော့ ဘယ်လိုပြောရမလဲ အောင်မြင်တယ်ပေါ့နော်။ ပရိသတ်တွေက လက်မခံဘူးဆိုရင်တော့ မအောင်မြင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ အောင်မြင်တယ်လို့ ဘယ်တော့မှ မသတ်မှတ်ပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီးတော့ “နှလုံးသားတွေ နာနေတယ်။ အချစ်ရေးကို မဖြေချင်သေးဘူး။ ချစ်သူက ရှိနေတယ် ဒါပေမဲ့ ဘယ်လိုပြောရမလဲ အခု Valentine’s Day နီးနေပြီလေ သူက တစ်ခါမှလည်း ကိုယ့်ကို Surprise ဖြစ်အောင် မလုပ်ဖူးဘူး အရမ်းတွေ Romantic လည်းမဆန်တတ်ဘူး။ အဲ့တာကြောင့် မိုးမြင့်အခု နည်းနည်း နှလုံးသား နာနေတယ်။”လို့ ပြောသွားခဲ့ပါတယ်။

Sexy ပုံတွေတင်ရင် ချစ်သူနဲ့ ရန်ဖြစ်ရတာတွေရှိလားလို့ မေးမြန်းရာ “ရှိတာပေါ့ ဒါက မိုးမြင့်ပုံစံ မိုးမြင့်Type မဟုတ်ဘူးလေ ဒီလိုလေးတွေ ရိုက်တဲ့အတွက် သူနဲ့ အတိုက်အခံတွေ လုပ်ရတယ်။ ရန်တွေ ဖြစ်ရပါတယ်ခဏခဏ အလျှော့ပေးရင်လည်း ကိုယ်ကပဲ အလျှော့ပေးရတာပေါ့။ မြန်မာဆန်ဆန်လေးတွေ အရင်တုန်းကတည်းကလည်း ဝတ်တယ်ပေါ့နော်။ ဒါပေမဲ့လူတွေက သိပ်ပြီးတော့ သတိမထားမိဘူး။ အခုအဲ့လိုမျိုးလေးတွေ ဟော့လျှော့ဝတ်တော့မှ လူတွေက ပိုပြီးသတိထားမိတာ။ အဲ့အတွက် တစ်လာတစ်လေ မြန်မာဆန်ဆန်ဝတ်တဲ့အချိန်ကျရင်လည်း ချစ်တဲ့သူတွေများပါတယ်။ အများကြီးပဲ။”လို့ ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.