မင်းသားဖြစ်ဖို့ ရုပ်ရှင်ကား ၁၄ ကားရိုက်ကူးထားတဲ့ အားသစ်

မင်းသားဖြစ်ဖို့ ရုပ်ရှင်ကား ၁၄ ကားရိုက်ကူးထားတဲ့ အားသစ်

ကလေးသရုပ်ဆောင် လုပ်စဉ်ကတည်းက ပရိသတ်တွေ အားပေးမှု ရရှိလာတဲ့ အားသစ်ကတော့ လက်ရှိမှာတော့ ရုံကြီးကားတွေမှာ မင်းသားတယောက်အနေဖြင့် ရုပ်ရှင်တွေ ရိုက်နေပြီဖြစ်ပါတယ်။ အားသစ်ရဲ့ ရုပ်ရှင်တွေကတော့ ရုံတင်ဖို့ စောင့်ရတာများတာကြောင့် တလောတုန်းကလည်း သရုပ်ဆောင် အားသစ်ကတော့ ကိုယ်ပိုင်ရုပ်ရှင်ရုံတွေ ထောင်ထားကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာလည်း အားသစ်ရဲ့ ဖခင် ဒါရိုက်တာ ရွှေပြည်ကတုံးကလည်း သူ့ရဲ့ ရုံတွေမှာတော့ သူ့သားရဲ့ဇာတ်ကားကို သေသေချာချာလေးပြသသွားမှာ ဖြစ်ကြောင်း ပြောကြားသွား ခဲ့ပါတယ်။

The Radar နဲ့ အင်တာဗျူးမှာတော့ ဒါရိုက်တာ ရွှေပြည်ကတုံးကတော့ ဇာတ်ကားတွေရုံတင်ဖို့အတွက် ဘယ်လောက်စောင့်လိုက်ရလဲ ဆိုတဲ့မေးခွန်းကိုတော့ “၃ နှစ်ကျော်ကျော်လောက်စောင့်လိုက်ရပါတယ်။ ရုံတင်တဲ့ မူအခြေနေပေါ် မူတည်ပြီးတော့ ဦးတို့ ထုတ်လုပ်ရေးတွေကလည်း တန်းစီပြီး စောင့်ခဲ့ရတာပဲ။ အခု သားရဲ့ကားဆို ၂ ကားလုံး ဒီ ၂ လပိုင်းထဲမှာ ဝင်ရတော့ နည်းနည်းတော့ ကသိကအောက်ဖြစ်တယ်ပေါ့။ တန်းစီတဲ့ ဇယားအရ ရွေးချယ်မှုအပိုင်းနဲ့ ပတ်သက်ပြီး ရုံရှင်က မကြိုက်ဘူးပေါ့။ အဲ့တော့ ၂၀၁၆ အုပ်စုကနေ ကတည်းက ကျန်တဲ့ ဒီနှစ်ကားက ပြမယ်ဆိုပြီး ပြဖြစ်တာ။ ၁၅ ရက်နေ့မှာ ဝိုင်းဝိုင်းလေးရော၊ ချစ်ခြင်းကိုမခွဲပါနဲ့ နှစ်ကားလုံးပြမှာပါ။ ဘယ်ရုံတွေမှာ ပြမလည်းတော့ မသိသေးပါဘူး”

“ဦးရဲ့ ရုပ်ရှင်ရုံက ၂ ရုံပဲရှိသေးတယ်ဆိုတော့ အင်အားအရမ်းနည်းသေးတယ်။ ဒါပေမယ့်လည်း ဦးရုံမှာတော့ သားရဲ့ကားတွေကို အဆင်ပြေပြေတော့ ပြမှာပါ။ အခု ၂၀၁၉ ထဲမှာပဲ သားရဲ့ကားက ၃ ကားရှိပါတယ်။ အခုရုံစီတဲ့ထဲမှာပါနေပါပြီ။ သားရဲ့ ၃ ကားလုံး ၂၀၁၉ မှာ တွေ့ရပါလိမ့်မယ်။ အခုလက်ရှိ သားရဲ့ ရုပ်ရှင် ၁၄ ကားရှိပါတယ်။ အဲ့ဒါကလည်း ဦးရဲ့ အတ္တပေါ့။ သား မင်းသား ဖြစ်ရမယ်။ ရိုက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးထားတာလေ။ ရုံတွေဖက်က ကြိုက်တာ မကြိုက်တာကိုက အဲ့တုန်းက ဦးဖက်က မစဉ်းစားထားဘူး။ အခုချိန်မှာက သားကို သရုပ်ဆောင်အင်အားအများကြီးနဲ့ ရုံရှင်တွေလည်း ကြိုက်ပြီး သူအားသာတဲ့ Drama တွေရော ပရိသတ်ကြိုက်တဲ့ ဟာသတွေရော အကုန်စုံအောင် အကောင်းဆုံးဖန်တီးဖို့ ပြင်ဆင်ထားပါတယ်။ ဒီနှစ်ထဲမှာလည်း ဇာတ်ကားတွေ ရိုက်ဖြစ်ပါလိမ့်မယ်။ ဒီနှစ်ကတော့ အလုပ်တွေများနေတာနဲ့ ၁၀ လပိုင်းလောက်မှ ရိုက်ဖြစ်မယ် ထင်တယ်”

အားသစ်ကတော့ “ကားစရိုက်တော့ ဟာသကားရိုက်တာတွေ သိပ်ပြီးတော့ မရှိပါဘူး။ ကားစရိုက်တော့ ကားရိုက်တဲ့ အချိန်နဲ့ နားလိုက်တဲ့အချိန် ၂ နှစ်ကျော်ကျော်အချိန်မှာတော့ ဟာသကားကြီးပဲ  ၆ ကားလောက်ရိုက်ဖြစ်တယ်။ ဒါကြောင့် မတူတာတွေတော့ ရှိတာပေါ့လေ။ အားမရတာတွေတော့ ရှိပါတယ်။ ကြည့်ရတာတော့ အဆင်ပြေမှာပါ။ ဇာတ်ကားတွေကတော့ ပရိသတ်တွေအတွက် ရီရမယ့်ကားလေးတွေ ဖြစ်မှာပါ။ ရုံမတင်ရသေးတဲ့ကားကြီးကြီးပဲ ၁၀ ကားလောက်ရှိသေးတယ်။ ၆ ကားလောက်က ဟာသကားကြီးကြီးပဲ” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.