တန်ဆောင်မုန်းလပြည့်နေ့လေးမှာ ဘဝလက်တွဲဖော်ချစ်သူကို တိတိကျ ကျ အလင်းပြလိုက်ပြီဖြစ်တဲ့ အေး မြတ် သူ

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ ဘဝလက်တွဲဖော်ချစ်သူကို တိတိကျ ကျ အလင်းပြလိုက်ပြီဖြစ်တဲ့ အေး မြတ် သူ

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ ဘဝလက်တွဲဖော်ချစ်သူကို တိတိကျကျ အလင်းပြလိုက်ပြီ ဖြစ် တဲ့ အေးမြတ်သူ

ပရိသတ်တွေက မမြတ်လေးလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော အေးမြတ်သူကတော့ ရယ်လို က် ရင် ပါးချိုင့်လှလှလေးနဲ့ မြင်သူရင်ကို အေးချမ်းစေတဲ့ အလှပိုင်ရှင်လေးတစ်ယောက်ပဲ ဖြစ်ပါ တယ်။ အေးမြတ်သူကတော့ ပြီးခဲ့တဲ့နှစ်အတွင်းက “ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင်ဇာတ် ကား ကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီပဲ ဖြ စ်ပါတယ်။ အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေကို အရင်အတိုင်း ပုံမှန်အတိုင်းသာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

အသက် (၃၅) နှစ်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီး ချစ်သူရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောပြထားကာ မကြာခင်နှစ်ပိုင်းအတွင်းမှာ လ ည်း ရွှေလက်တွဲလက်ထပ်တော့မှာဖြစ်ကြောင်းကို အသိပေးထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ တော့ အေးမြတ်သူက သူမရဲ့ ဘဝလက်တွဲဖော်ချစ်သူကို တိတိကျကျ အလင်းပြလိုက်ပြီဖြစ်ပြီး (၇) ရက်သားသမီး ပရိသတ်တွေကို တန်ဆောင်မုန်းလပြည့်နေ့မှာ စိတ်အေးချမ်းသာစွာ ကုသိုလ် ပြုနိုင်ဖို့ ဆုတောင်းပေးထားပါတယ်။

အေးမြတ်သူကတော့ မင်္ဂလာရှိတဲ့ တန်ဆောင်မုန်းလပြည့်နေလေးမှာ ချစ်သူကို အလင်းပြခဲ့ပြီပဲ ဖြစ်ပါတယ်။ အေးမြတ်သူတို့ ချစ်သူနှစ်ယောက် အမြန်ဆုံး ရွှေလက်တွဲနိုင်ပါစေလို့ ဆုတောင်း ပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာ ယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Myat Thu’s fb
Bilie – Cele Connections

Comments are closed.