စင်ပေါ်မှာ ကျားပေါက်ဆိုပြီး ဆိုမှာမဟုတ်ဘူးဆိုတဲ့ ဟန်ထူးလွင်

စင်ပေါ်မှာ ကျားပေါက်ဆိုပြီး ဆိုမှာမဟုတ်ဘူးဆိုတဲ့ ဟန်ထူးလွင်

ပရိသတ်တွေရဲ့ အားပေးလက်ခံမှုအများဆုံးရရှိပြီး ထွက်သမျှသီချင်းတိုင်းက လူလတ်ပိုင်းတွေရော လူငယ်ပိုင်းတွေပါ ကြိုက်ကြတဲ့ အပြင်လက်ရှိအချိန်မှာ Thaiက bandတစ်ခုနဲ့ သီချင်းတွေလုပ်နေတဲ့ Big Bagအဖွဲ့မှာ တေးသံရှင်ကျားပေါက်ကတော့သူ့အနေနဲ့ စင်ပေါ်မှာ ကျားပေါက်ဆိုပြီး ဘယ်တော့မှာတက်ဆိုမှာမဟုတ်ဘဲ Big Bagကသာ Stage Lifeလို့ မီဒီယာတွေရဲ့ အင်တာဗျုးမှာ ဖြေဆိုသွားခဲ့ပါတယ်။

ကျားပေါက်က “တွေ့ဖို့မလွယ်ဘူးဆိုတာလေ ကျွန်တော်မအားတာနဲ့ အဖေတို့ မအားတာနဲ့ အဲ့လိုဖြစ်နေတော့ အဖေလည်း အဖေအလုပ်နဲ့ အဖေရှုပ်နေတယ် အခုကျတော့ ကျွန်တော် မအားဘူးဆိုရင်တောင် အားအောင်လုပ်ဖြစ်မယ်။ လာကမ်းလှမ်းထဲက ကျွန်တော်က ဘာမှတောင် သိပ်မစဉ်းစားဘူး ဆိုမယ်။”လို့ ပြောခဲ့ပါတယ်။အရင်တုန်းကရော ဆေးပါင်းခတဲ့ညပွဲတွေ ကြည့်ဖြစ်လားလို့ မေးမြန်းရာ ကြည့်ဖူးတာပေါ့ အများကြီး ကြည့်ဖူးတယ်။ ကိုယ်ရန်ကုန်မှာ ရှိတဲ့အချိန်တို့ နောက်ဦးညီတို့နယ်မှာဆိုရင် ကိုယ်ကလည်း အဲ့နယ်ကို ရောက်နေရင် ကြည့်ဖြစ်တာပေါ့နော်။ feelingကတော့ အမြဲတမ်းအားလုံးက အဲ့ပွဲတွေက ပေးတဲ့ feelingကတစ်ခုထဲပဲ လုံးဝ Rock and Rollပဲ သွားမယ် ကဲမယ် ပျော်မယ်ပေါ့နော်။ အခုလည်း ဒီအတိုင်းပဲ ဖြစ်မှာပါ။”လို့ ဖြေဆိုခဲ့ပါတယ်။

ဒီဆေးပါင်းခတဲ့ပွဲမှာ သားအဖသုံးယောက်လုံးသီတိုဖျော်ဖြေသွားမှာလားလို့ မေးမြန်းရာ”လာတဲ့ပရိသတ်တွေက အကုန်လုံးကို ကြိုက်ဖို့ဆိုတာ နည်းနည်းတော့ ရှားမယ်ထင်တယ်။ကျွန်တော်တို့ကတော့ ကျွန်တော်တို့ သီချင်းကို ကြည့်ချင်တဲ့လူတွေကို အကောင်းဆုံးဆိုပြမှာပေါ့ ဒါပဲတတ်နိုင်တာကို။ ဆိုတော့ အားလုံးနားထောင်လို့ရမဲ့ဟာက ကျွန်တော်တို့မှာက မရှိပြန်ဘူး ကိုယ့်သီချင်းကိုပဲ အကောင်းဆုံး ဆိုပါမယ်။ အဖေကိုတော့ ကျွန်တော်မေးထားတယ် အဖေဘာသီချင်းဆိုချင်လဲပေါ့နော် သူစဉ်းစားပြီးရင် ပြန်ပြောမယ်တဲ့။”လို့ ကျားပေါက်က ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဖိနပ်လေးတွေမှာ Doodleလေးတွေဆွဲဖြစ်တာနဲ့ ပတ်သက်ပြီး ကျားပေါက်က “ဆွဲတယ် ကျွန်တော် ဆွဲချင်တာကြာပြီ အဲ့ဒီဖိနပ်ပေါ်မှာဆိုရင် penပေါ့နော် အဲ့တာက ကျွန်တော်လိုချင်တဲ့ဟာ မရတာနဲ့ ဒါပေမဲ့ စာရွက်ပေါ်မှာ ဆွဲတာတော့ကြာပြီ။ အခုဖိနပ်ပေါ်မှာဆွဲရင်းနဲ့ အဲ့ဖိနပ်က မားဒေါ့စ်ပေါ့နော် အဲ့ဇာတ်ကောင်လေးပါတဲ့ဟာ ဖိနပ်က ထွက်မှာ printလုပ်ထားတဲ့ versionထွက်မယ်။ အခုကျွန်တော် ဆွဲပေးရင်းဆွဲပေးရင်းနဲ့ ရင်းနှီးတဲ့လူတွေလည်း ဆွဲပေးဖြစ်ပါတယ်။ ဖိနပ်ထွက်မှာက ကျွန်တော်productဆိုပေမဲ့ ကျွန်တော်နဲ့ business partnerရှိပါတယ်။ ကျွန်တော်က လာမဲ့ Christmasမှာ ဖြန့်ချင်တာ။ ဒါပေမဲ့ ပြောလို့မရသေးဘူး ကိုယ်လည်း မကျွမ်းတဲ့အပိုင်းဆိုတော့။ ကျွန်တော့်ကို messageတွေ တစ်ချိန်လုံးပို့ကြတယ် ရောင်းတော့မလားဆိုပြီးတော့။ ဆွဲခိုင်းတာဆိုရင် သူငယ်ချင်းတွေတင်မကဘူး မိန်းမကပါ ဆွဲခိုင်းတယ် မနက်က ကလေးတွေကပါ ဆွဲပေးပါလို့ ပြောကြတယ် ကြိုက်ကြတယ်။”လို့ ပြောခဲ့ပါတယ်။

အဲ့လိုဖိနပ်လေးတွေကို အကို့ရဲ့ galleryမှာ ရောင်းဖြစ်မှာလားလို့ မေးမြန်းရာ”Galleryမှာ T-Shirtတွေ၊ ဖိနပ်တွေလည်း ရှိမယ်ပေါ့နော်။ များသောအားဖြင့်ကတော့ ကျွန်တော်ဆွဲထားတဲ့ အဲ့Doodle Sheetတွေ water colorနဲ့ဟာတွေရောပေါ့နော်။ အစုံပဲ Displayတော့ ဘယ်လိုလုပ်ရမလဲမစဉ်းစားရသေးဘူး။”လို့ ဖြေခဲ့ပါတယ်။

ဒီလိုမျိုး galleryဖွင့်လိုက်လို့ music bandဘက်မှာ အားလျော့သွားမလားလို့ မေးခွန်းကို ကျားပေါက်က “မလျော့ဘူး လုပ်တယ် အချိန်ခွဲပြီးလုပ်ရတာပေါ့။ ဒါပေမဲ့ ခဏပဲလေ ဟိုဟာက ဆိုင်ဖွင့်ပြီးသွားရင် သူ့ဘာသာသူလည်ပတ်သွားမယ်။ သူဘာသာသူ ဝန်ထမ်းဘာညာနဲ့ runနေမှာပေါ့။ ကျွန်တော်က ဆွဲနေရုံပဲ။ တစ်အိမ်လုံးမှာ ကျွန်တော်ဆွဲတဲ့ ပစ္စည်းတွေ နေရာတိုင်းမှာ ထားထားတယ် ကြုံတဲ့နေရာမှာ ဆွဲချင်လို့ မီးဖိုချောင်ထဲမှာလည်း ကျွန်တော်ဆွဲတဲ့ စားပွဲသပ်သပ်ရှိတယ်။ဧည့်ခန်းထဲမှာလည်းရှိတယ် အိမ်ရှေ့ထိုင်တဲ့နေရာမှာလည်း ရှိတယ်။ ကြုံတဲ့နေရာမှာဆွဲတယ်ဗျာ။ ကလေးတွေကလည်း အဖေပုံဆွဲနေရင် ဘာမှသိပ်မပြောဘူး ဘာဆွဲနေလဲ လာကြည့်တယ် အဲ့လောက်ပဲ။”လို့ ဖြေခဲ့ပါတယ်။

ဒါ့အပြင် သီချင်းတွေနဲ့ပတ်သက်ပြီး ကျားပေါက်က”ကျွန်တော်အနေနဲ့ကတော့ ကျွန်တော်ရေးတယ်သူရေးတယ်ဆိုပြီး မရှိတော့ဘူး ဒါသည် Big Bag productပဲ ဘယ်ဟာပဲ ဖြစ်ဖြစ်ဒီဟာကို promoteလုပ်တဲ့ဟာမှန်သမျှကောင်းအောင် လုပ်ရမှာပဲ။ Big Bagသည် ကျွန်တော်ရဲ့ Stage Lifeပဲ ကျွန်တော်သည် စင်ပေါ်မှာကျားပေါက်ဆိုပြီး ဘယ်တော့မှာ ဆိုမှာ မဟုတ်ဘူး။ The Voice လိုမျိုး စင်ပေါ်မှာ တက်ဆိုရရင်တော့ တစ်မျိုးပေါ့နော်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ Stage life၊ ကျွန်တော့်music၊ studio life အားလုံးကို ကျွန်တော် တစ်ခြား Artistတွေကို တေးရေးအနေနဲ့ လိုက်ပြီးတော့ produceလုပ်ပေးရတာကလွဲရင်။ ကျွန်တော့်တစ်ကိုယ်စာ စင်ပေါ်တက်ဖို့က Big Bagနဲ့ပဲ။ ဆိုတော့ အဲ့တာက ကျွန်တော်အဆိုတော်စဖြစ်ထဲကလည်း ပြောပြတယ် လူတွေက သဘောမပေါက်နဲ့ပေါ့နော်။ အခုလည်း ပြောနေရတုန်းပါပဲ။ ကျွန်တော်စိတ်ထဲမှာ ဖြစ်ချင်တာတွေကို အနီးစပ်ဆုံး တီးပေးနိုင်တာ ကျွန်တော်နဲ့ အခုတီးနေတဲ့ Band Membersတွေပဲ ရှိတယ်။ အဲ့တော့ ကျွန်တော် သပ်သပ် အပြင်ထွက်ပြီး သိပ်လုပ်ဖြစ်မယ်မထင်ဘူး။ နောက်ပြီးတော့ Bandအနေနဲ့ လုပ်ချင်လို့လဲ Musicလုပ်နေတာလေ။”လို့ ပြောခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.