ချောကလက်က ကျွေးမယ့်သူမရှိဘူးဆိုတဲ့ ဖြူဖြူထွေး

ချောကလက်က ကျွေးမယ့်သူမရှိဘူးဆိုတဲ့ ဖြူဖြူထွေး

Facebook cele ကနေမှ တစ်ဆင့်အခုအချိန်မှာ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီး ပရိသတ်အားပေးလက်ခံမှုကိုလည်းရရှိတယ် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတဲ့ ဖြူဖြူထွေးကတော့ အခုလာမယ့် Valentine’s Day မှာ ကိုယ့်ဘာသာကိုယ် ချောကလက်ကို ဝယ်မစားရင် ဘယ်သူမှမ ကျွေးမယ့်သူမရှိဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ဖြူဖြူထွေးက “ဖေဖော်ဝါရီလမှာ ကိုယ့်ကိုယ်ကိုယ်ချောကလက်ဝယ်စားရင်စား မစားရင်လည်း ဘယ်သူမှ ကျွေးမယ့်သူမရှိဘူး။ တကယ်လို့ မမတို့မှာ ပိုနေရင်လည်း ကျွန်တော့်ကို ချောကလက်လေး လာကျွေးနော်။”လို့ အရွှန်းဖောက်ပြီး ပြောသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အနုပညာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ “တောင်ငူမြို့မှ ဖျော်ဖြေမယ် ၉ရက်နေ့မှာ မုံရွာမှာ အခုဒီလထဲကတော့ နယ်ပွဲတွေ သွားဖြစ်ဖို့များတယ်။ ပြီးတော့ ကြော်ငြာတွေကလည်း နယ်မှာ ရိုက်ဖြစ်တာဆိုတော့ ရန်ကုန်က မီဒီယာတွေနဲ့ အဆက်ပြတ်နေတာ အဲ့လိုမျိုးရှိတယ်။”လို့ ပြောခဲ့ပါတယ်။

ပရိသတ်တွေကို အနုပညာအသစ်တွေ ဘာတွေ ချပြဖို့ရှိလဲလို့ မေးမြန်းရာ “အသစ်တွေကတော့ ပုံမှန်ပေါ့ ဒီရှေးဟောင်း ဇာတ်လမ်းလေးတွေကို ပရိသတ်တွေကို အတတ်နိုင်ဆုံး အားရင်အားတဲ့အချိန်တွေမှာ ဒုံးရိုက်တယ်ပေါ့နော်။ အဲ့တာလေးတွေ ဒုံးရိုက်ပြီး ဒုံးတင်ပေးတယ်။ တစ်ချို့ကျတော့လည်း ပျော်ကြတယ် ရယ်ကြတယ်ပေါ့။ အရမ်းလည်း ဝမ်းသာပါတယ် တစ်ချို့ဆို ဆက်တင်ပေးဖို့တောင်းဆိုလာကြတယ်ဆိုတော့ အရမ်းပျော်ပါတယ်လို့။”လို့ ပြောသွားခဲ့ပါတယ်။

လူတစ်ယောက်က အောင်မြင်လာပြီဆိုရင် အတိုက်အခိုက်တွေ များနေရတာနဲ့ ပတ်သက်ပြီး “လူဆိုတာ ပုံမှန်လျှောက်နေရင် ဘာမှမဖြစ်ဘူးလေ ပြေးတာတို့ ၂ဆင့်ကျော်တက်တာတို့ဆို ဖြစ်ရင်ဖြစ်လိမ့်မယ်။ ကိုယ်ကတော့ ပုံမှန်လေးပဲသွားနေတာဆိုတော့ နောက်ကနေ ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် ဘယ်လိုပဲ ဆွဲချ ဆွဲချ ပုံမှန်သွားနေတဲ့ လူတစ်ယောက်က ပုံမှန်ပဲ ဖြစ်မှာ။”လို့ ပြောသွားခဲ့ပါတယ်။

အမေက ငြိမ်ပြီး သမီးက နည်းနည်းလှုပ်တယ်ဆိုပြီးပြောကြတဲ့ အပေါ်မှာလည်း ဖြူဖြူထွေးက “မေမေတို့ခေတ်တုန်းက တည်ငြိမ်တဲ့ခေတ်ကို မိန်းကလေးဆိုရင်လည်း အနေအထိုင် အဝတ်အစားတွေကအစ အခုခေတ်က သိတယ်မလား Tik Tok တွေမှာဆို နိုင်ငံခြားတွေလည်း လိုက်လုပ် ဗမာတွေလည်း လိုက်လှုပ်ကုန်ပြီလေ သိတယ်မလား ကိုယ်တွေလည်းငြိမ်နေလို့မရတော့လို့ လိုက်လှုပ်တာ လှုပ်သင့်လှုပ်ထိုက်တာတွေ လှုပ်ရတာပေါ့နော်။ အမေဆီကကျတော့ ရှေးဆန်တဲ့ အကျင့်တွေပေါ့ သားဆို ရှေးဟောင်းဇာတ်လမ်းတွေဆို အကုန်ကြိုက်တယ်လေ။ အဲ့တာလေးတွေ ကြိုက်တော့ ပြန်ပြီးတော့ အကောင်ထည်ဖော်ပေးတာပေါ့။ အဓိက အမေတွေအဖေတွေက ဒါတွေပဲ ကြိုက်နေကြတာဆိုတော့ ဒါလေးတွေကိုပဲ ကိုယ်က ပြန်ပြီးတော့ အကျင့်က ပါနေတယ်။ ရှေးဟောင်းလေးတွေကိုပဲ လုပ်မယ် ရှေးဆန်ဆန်လေးပဲ ငါနေမယ်ဆိုပြီး တစ်ခါတစ်လေ ဆုံးဖြတ်မိတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.