ဝင်ငွေကောင်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင် ထား ပေမယ့် စိန်တွေရွှေတွေဝယ်ပေး ပါဆိုတာထက် အလှူလေးတွေလုပ် ဖို့ ပဲ ပူဆာတတ်ကြောင်းပြောလာတဲ့ ပိုး အိ အိခန့်

ဝင်ငွေကောင်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင် ထား ပေမယ့် စိန်တွေရွှေတွေဝယ်ပေး ပါဆိုတာထက် အလှူလေးတွေလုပ် ဖို့ ပဲ ပူဆာတတ်ကြောင်းပြောလာတဲ့ ပိုး အိ အိခန့်

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ပိုးအိအိခန့်နဲ့ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် ဘောလုံး သ မား အောင်သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ပရိသတ်တွေအကြားမှာ ကြည်နူးရာ ဇာ တ် လမ်းလေးတစ်ပုဒ်ပါပဲ။ ကျင်လည်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့က အွန်လိုင်းမှာ ဆုံတွေ့ပြီးတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ခဲ့ကာ (၂၀၁၉) ခုနှစ် မတ်လအတွင်းမှာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အောင်သူကလည်း လစာကော င်း တဲ့ ဘောလုံးသမားဖြစ်သလို ပိုးအိအိခန့်ကလည်း အနုပညာအရရော စီးပွားရေးအရပါ အဆ င် ပြေတာမို့ သူတို့နှစ်ယောက်ရဲ့ မိသားစုလေးက လိုလေသေးမရှိ ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။

ဇနီးမောင်နှံနှစ်ယောက်စလုံး ဝင်ငွေကောင်းကြပေမယ့် ပကာသနဆိုတာထက် ကုသိုလ်ရေးကို သာ ပိုမိုအာရုံစိုက်ဖြစ်တဲ့ ပိုးအိအိခန့်က ဝင်ငွေကောင်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားပေမယ့် စိန် တွေ ရွှေတွေဝယ်ပေးပါဆိုတာထက် အလှူလေးတွေလုပ်ဖို့ပဲ ဆန္ဒရှိတဲ့အကြောင်းကို ” အလှူ တ စ်ခု ပြီးမြောက်တိုင်းမှာ ကျေးဇူးတင်မိတာက ဒီကမ္ဘာလောကကြီးအပေါ်မှာ လူတစ်လုံး သူတစ်လုံး ဖြစ်လာအောင်ရယ်

လူဖြစ်သည့်အလျောက် သူတစ်ပါးဆီက ရယူလိုစိတ်ထက် သူတစ်ပါးအပေါ် ပေးချင်ကမ်းချင် စိတ် မျိုး ရှိအောင်ပဲ သွင်သင်ဆုံးမ ပဲ့ပြင်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ပထမဦးဆုံး ကျေး ဇူးတင်မိ တယ်။ ဒုတိယကျေးဇူးတင်မိတာကတော့ ခင်ပွန်း ကိုပါ။ ကိုယ်က ဘယ်လောက်ပဲ လှူချင်ချင် အနောက်ကနေ မပံ့ပိုးပေးဘူး ဖြစ်ချင်တာကို လိုက်မလုပ်ပေးဘူးဆိုရင်လည်း စိတ် သွားတိုင်း ကိုယ်မပါနိုင်ပါဘူး

ကျွန်မလည်း ယောကျာ်းကို ပူဆာတိုင်း စိန်တွေရွှေတွေ ဝယ်ပေးပါ ဆိုတာထက် ဟိုဟာလေး လှူ ချင်တယ် ဒီမှာလည်းလှူလိုက်မယ်နော်ဆိုတာမျိုးက ပိုများပါတယ်။ အဲ့လို လှူချင်တိုင်း သဒ္ဒါစိတ် ဖြစ်တိုင်းမှာ ဖောင်းသဘော ၊ ဖောင်းလှူလေ ဆိုတာပဲ ပြောခဲ့တဲ့ ခင်ပွန်းကိုလည်း ကျေးဇူးတင် မိ တယ်။ အလှူတွေ လှူပြီးတိုင်း ရင်ထဲမှာ ဆုတောင်းမိတာက အမြဲ ဒီလို လှူနိုင် တန်းနိုင် ပေးနိုင် ကမ်းနိုင်တဲ့ သူမျိုးပဲဖြစ်ပါရစေ ဆိုတဲ့ ဆုတောင်းလေးပဲ ထပ်တောင်းမိတယ် 🥰🥰🥰🥰 ကျွန်မ သူ ဋ္ဌေးကြီး မဟုတ်ပါဘူး။ ချမ်းလည်းမချမ်းသာဘူး။ ဒါပေမယ့် ရှိသလောက်ကို လှူချင်နေတဲ့ စေတနာလေးတော့ ချမ်းသာတယ်☺️☺️☺️☺️” ဆိုပြီး သူမရဲ့ ပီတိလေးကို ပြောပြလာပါတယ်။

ပိုးအိအိခန့်ကတော့ သူမကို လိုလေသေးမရှိ ပြီးပြည့်စုံအောင်ထားတဲ့ မိဘနှစ်ပါးနဲ့ ဖြစ်ချင်တာမှန် သမျှကို ဖြည့်ဆည်းပေးတတ်တဲ့ ခင်ပွန်းကြောင့် လက်ရှိဘဝလေးကို ကျေနပ်နေရတာပဲ ဖြစ်ပါတ ယ်။ ပိုးအိအိခန့်တစ်ယောက် ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ ပြည့်ဝပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော် ရွှင် တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Comments are closed.