အောင်ရဲလင်းနဲ့ က မကြိုက်ပါဘူး ဒါပေမဲ့ အ မ သဘောကျတဲ့ ယောကျာ်းပုံစံမျိုးပါပဲလို့ ပြောပြ လာ တဲ့ မထက်

အောင်ရဲလင်းနဲ့ က မကြိုက်ပါဘူး ဒါပေမဲ့ အ မ သဘောကျတဲ့ ယောကျာ်းပုံစံမျိုးပါပဲလို့ ပြောပြ လာ တဲ့ မထက်

အောင်ရဲလင်းနဲ့ က မကြိုက်ပါဘူး ဒါပေမဲ့ အ မ သဘောကျတဲ့ ယောကျာ်းပုံစံမျိုးပါပဲလို့ ပြောပြ လာ တဲ့ မထက်

အောင်ရဲလင်းရဲ့လက်စွဲ မိတ်ကပ်ပညာရှင်ဖြစ်တဲ့ မထက် (Pop Soul) ဟာဆိုရင် မိန်းကလေးတစ်ယောက်အနေ နဲ့ တော်တော်ကိုလှပချောမောပြီး မိတ်ကပ်ပညာကိုဆိုရင်လည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူပါ။ မထက်က အောင်ရဲလင်းနဲ့ တော်တော်လေးရင်းနှီးသလို နှစ်တွေအကြာကြီး

အတူတွဲပြီးအလုပ်လုပ်လာတာတွေကြောင့် ပရိသတ်တွေက မကြာခဏဆိုသလို တွဲမြင်ကြရပြီး သူတို့နှစ်ယောက်ချစ်နေကြတာများလားဆိုတဲ့ ကောလဟလတွေကလည်း တစ်စတစ်စနဲ့ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး မထက်က မီဒီယာတွေနဲ့ အင်တာဗျူးမှာဖြေကြားသွားပါတယ်။

မထက်က အောင်ရဲလင်းနဲ့ ဆက်ဆံရေးကို “ကိုအောင်ရဲလင်းနဲ့က relation ဘာလဲဆိုတော့ အနုပညာရှင်နဲ့ မိတ်ကပ် artist နဲ့ဆိုတဲ့ relation ပဲပေါ့။ ဘာမှဒီ့ထက်ထူးခြားတာ မရှိပါဘူး။ အလုပ်တွဲလုပ်လာတာလည်းကြာပြီး ခြောက်နှစ်ခုနစ်နှစ်ရှိပြီဆိုတော့ ကိုယ့်မင်းသားကို ပိုပြီးဂရုစိုက်ဖြစ်တယ်။

ကိုယ့်မင်းသားအတွက် support ဖြစ်မယ့် အကြောင်းအရာတွေအများကြီးလုပ်ပေးဖြစ်တယ်”လို့ ပြောပြထားပါတယ်။အောင်ရဲလင်းအပေါ်ဘယ်လိုမြင်လဲဆိုတဲ့မေးခွန်းကိုမထက်က “အစ်မက အစက သူနဲ့သိပ်ပြီးတော့ အလုပ်မလုပ်ဖူးတဲ့အခါကျတော့ မကြိုက်ဘူး။ ကိုရီးယားပုံစံကြီးအရမ်းယူထားတဲ့ ပုံစံမျိုးကိုမကြိုက်ဘူးပေါ့နော်။

ဒါပေမယ့်နောက်ပိုင်းကျတော့ အသက်ကြီးလာတာလည်းပါမှာပေါ့။ သူ့ရဲ့ Taste ကပြောင်းလာတယ်။ သူလည်းအရွယ်ရင့်ကျက်တဲ့အခါကျတော့ သူ့အမြင်တွေအကြိုက်တွေလည်း ပြောင်းလာတဲ့အခါမှာ ပိုပိုပြီးအစ်မသူ့ကိုကြိုက်တယ်။ အစ်မကြိုက်တဲ့ မင်းသားတစ်ယောက်အနေနဲ့ဖြစ်လာတာပေါ့နော်”လို့ပြောပြထားပါတယ်။

အောင်ရဲလင်းနဲ့ ကြိုက်နေကြတာလားဆိုတဲ့ ကောလဟလတွေကိုတော့ “အစ်မနဲ့သူနဲ့က ကြိုက်စရာအကြောင်းမရှိဘူး။ သူ့ရည်းစားတွေ.. သူ့မှာရည်းစားလည်းရှိပြီးသား။ပေါက်ကရတွေ ဒီမှာကတော့ တတွဲတွဲဆိုရင် ပေါက်ကရတွေထင်ကြတယ်။ ကြားရင်လာသတ်နေပါဦးမယ် အံမယ်လေး…”လို့ ရယ်မောဖြေကြားထားပြီး

အောင်ရဲလင်းက လက်ရှိမှာ မထက်ကြိုက်တဲ့ယောက်ျားပုံစံမျိုးပဲဆိုတဲ့အကြောင်း “အရင်တုန်းကဆိုရင်တော့ အစ်မကြိုက်တဲ့ယောက်ျားပုံစံမျိုးမဟုတ်ဘူး။ အခုဆိုရင်တော့ အစ်မကြိုက်တဲ့ယောက်ျားပုံစံမျိုးပဲပေါ့။

မိုက်တယ်။ဘာပဲပြောပြော Body အနေအထားကြည့်မလား။ ဝတ်တာစားတာပြောတာဆိုတာ အနေအထိုင်ကြည့်မလား။ မိုက်တယ်။ အစ်မသဘောကျတဲ့ယောက်ျားပုံစံမျိုးပါပဲ”လို့ ရင်ဖွင့်ထားပါတယ်။

ပရိသတ်ကြီးရော အောင်ရဲလင်းကို ကြိုက်ကြလား။ အောင်ရဲလင်းနဲ့ မထက်နဲ့ကိုရော လိုက်ဖက်တယ်လို့မြင်ကြလား။ အောင်ရဲလင်းရဲ့ချစ်သူကိုဘယ်သူဖြစ်စေချင်လဲပြောခဲ့ကြဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.