ရုတ်တရက် မျက်နှာတစ်ခြမ်းလေဖြန်း သွားခဲ့ရတဲ့ လူရွှင်တော် ငြိမ်းချမ်း

ရုတ်တရက် မျက်နှာတစ်ခြမ်းလေဖြန်း သွားခဲ့ရတဲ့ လူရွှင်တော် ငြိမ်းချမ်း

လူရွှင်တော် ငြိမ်းချမ်းဟာ လက်ရှိမှာ ရုတ်တရက် မျက်နှာတစ်ခြမ်း လေဖြန်းသွားတဲ့ ဝေဒနာကို ခံစား နေ ရ တယ်လို့ ဆိုပါတယ်။ ဒီလို လေဖြန်းသွားခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း ငြိမ်း ချမ်း က ပြောပြခဲ့ပါတယ်။

“ လပြည့်နေ့တုန်းက ဦးတို့ ချွန်တွန်းအဖွဲ့က ဘုရားကိုမနက်(၆) နာရီလောက်အရောက်သွား ကြ မယ် ဆိုတော့ ဦးက မနက်အိပ်ရာထရင် ရေချိုးတတ်တဲ့အကျင့်ရှိတယ်၊ ဘုရားလည်းသွားမှာဆို တော့ သန့်သန့်ရှင်းရှင်းဖြစ်အောင်ရေချိုးလိုက်တယ်၊ဘုရားကပြန်လာပြီးတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းအတွက် ကထိန်ခင်းလိုက်သေးတယ်။ အဲဒီမှာ ဒန်ပေါက်တော့ နည်းနည်းစားခဲ့တ ယ် ။ သွေးတိုး၊ ဆီးချို ဘာမှလည်း မရှိတဲ့အပြင် အရင်တုန်းကလည်း ဒန်ပေါက်စားနေကြ ဘာမှ မ ဖြစ် ဘူး။ အရက်တို့၊ ကွမ်းတို့လည်း ဦးက မစားဘူး။

ဒန်ပေါက်ဆိုလည်း ဦးက တစ်ပွဲတောင် မကုန်ပါဘူး ကြက်သားဆိုလည်း တစ်ဖဲ့လောက်ပဲ စား ဖြ စ် ခဲ့တာ။ ညနေ အိမ်ပြန်ရောက်တော့ ပါးစပ်တစ်ခြမ်းက စကားပြောရတာ တစ်မျိုးကြီးပဲပေါ့။ အ ရင်တုန်းက ဦးက လည်ချောင်းက အဆီအကြိတ်ဖုကို ခွဲဖူးတယ်။ အဲဒီတုန်းက အာရုံကြော ထိ ပြီး ပါးစပ်ရွဲ့သွားဖူးတယ်။ အာရုံကြောဆေး သောက်လိုက်တာ ပြန်ကောင်းသွားတယ်။ အခုလည်း လေ ဖြတ်တယ်ဆိုတာ မသိရသေးပဲ အာရုံကြောဖြစ်တယ်အောက်မေ့ပြီး ဦးနှောက်နဲ့ အာရုံကြော ဆေးရုံကို သွားလိုက်တယ်၊ ဆေးလည်း ပေးလိုက်တယ်။ ရပ်ကွက်ထဲက ဆရာဝန်နဲ့ ညနေပိုင်း တစ်ကြိမ် သွားပြတော့မှ လေဖြန်းသွားတာ ဆိုတာ သိရတာ” လို့ သူက ဆိုပါတယ်။

ငြိမ်းချမ်းရဲ့ ကျန်းမာရေးအခြေအနေကို သိလိုက်ရတဲ့ ပရိသတ်တွေကလည်း စိုးရိမ်တကြီးနဲ့ ကျန်းမာရေးပြန်ကောင်းလာဖို့ ဆုတောင်းခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ငြိမ်းချမ်းကိုယ် တိုင် ကလည်း သူ့ရဲ့ ကျန်းမာရေးအမြန်ဆုံးပြန်ကောင်းလာဖို့ ဆေးကုသမှုခံယူနေတယ်လို့ ဆို ပါ တယ်။

“အခုတော့ မြန်မာဆရာကိုလည်း ပြရတယ်၊ အင်္ဂလိပ်ဆရာကိုလည်း ပြရင်း ဆေးကုသမှု ခံယူ နေ ပါ တယ်။ အင်္ဂလိပ်ဆေးခန်းကတော့ အာရုံကြော အားဆေးတွေ ထိုးပေးတယ်။ မြန်မာဆ ရာကတော့ ထိုးဆေးတွေရော၊ လိမ်းဆေးတွေရော၊ သောက်ဆေးတွေရော ပေးပါတယ်။ မျက် နှာတစ်ခြမ်းလေဖြတ်သွားပေမယ့် နောက်တစ်ခြမ်းနဲ့တော့ စကားပြောလို့ရပါသေးတယ်။ ပရိ သ တ် ရဲ့ စေတနာ၊ မေတ္တာတွေကြောင့် မကြာခင်မှာ နေပြန်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ဟာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ လူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ငြိမ်းချမ်းရဲ့ အနု ပ ညာသက်တမ်းကတော့ နှစ် ၃၀ ကျော်ကိုရောက်ရှိလို့နေပါပြီ။ သူ့ကိုတော့ လူရွှင်တော် တစ် ယော က်အဖြစ် ပရိသတ်တွေ အရင်ဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ အော င်မြင် ခဲ့တဲ့ သူ့ရဲ့ ဟာသလေးကတော့ ” သောက်မလား ကို့ … ရေခဲရေ .. ရေခဲရေ” ဆိုတဲ့ သူ့ရဲ့ ပျက် လုံး လေးဟာအခုချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတုန်းပါပဲ။ အဲဒီနောက် မှာ တော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ် ဆော င် လာတာကို တွေ့ရပါတယ်။

ဆယ်လီရပ်ကွက်

Comments are closed.