ပြောချင်ဆိုချင် ဆုံးမချင်စိတ် ကုန် အောင် စိတ်ဆိုးခဲ့တဲ့ အကြောင်း ပြော ပြလာတဲ့ ထွန်းအိန္ဒြာဗိုလ်

ပြောချင်ဆိုချင် ဆုံးမချင်စိတ် ကုန် အောင် စိတ်ဆိုးခဲ့တဲ့ အကြောင်း ပြော ပြလာတဲ့ ထွန်းအိန္ဒြာဗိုလ်

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar Season 3) BlindAuditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ကြား လူသိများလာခဲ့တာဖြစ်ပါတယ် သူမဟာ ချမ်းသာသူ မိဘ ၂ ပါးက ဆင်းသက်လာပေမယ့်
မောက်မာမှုမရှိဘဲ ပရဟိတအလုပ်တွေကိုသာ တစိုက်မက်မက် လုပ်ကိုင်နေတာကြောင့် ပရိ သ တ် တွေရဲ့ ချစ်ခြင်းကို ရရှိလာခဲ့သူပါ

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ သူမရဲ့ အဒေါ်ဖြစ်သူ ထွန်းအိန္ဒြာဗိုလ်က G ကို ပြော ချင်ဆိုချင် ဆုံးမချင်စိတ် ကုန်အောင် စိတ်ဆိုးခဲ့ဖူးတဲ့ အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

“ငယ်ငယ်လေးကတည်းကသူက မိန်းကလေးလည်းဖြစ်လို့လားမသိဘူး သားငယ်ငယ်နဲ့ သမီး ငယ် ငယ်နဲ့ မတူဘူး အပြင်သွားလို့ စျေးဝယ်တယ်ဆိုရင်တောင်မှ လူစေ့အတွက် ဝယ်လာတာ သူ့ အရွယ်လေးနဲ့ သူပေါ့ အသက် ၈ နှစ် ၉ နှစ်လောက်မှာကတည်းကဖွားဖွားကဘာလေး ကြိုက် တ တ် တယ် ဆို ဖွားဖွားအတွက်ဘာလေး တန်ဖိုးရှိချင်မှရှိမယ် ကလေးအတွေးလေးနဲ့ ပေါ့ ကလေး အ တွေးနဲ့ဝယ်တာလေးတွေပေါ့

အန်တီကဘာကြိုက်တယ် အမေကဘာကြိုက်တယ် အဒေါ်ကဘာကြိုက်တယ် ဒါမျိုးလေးတွေ သူလုပ်လေ့ရှိတယ် နောက်တခါ သူကငယ်ငယ်လေးကတည်းက သူကခွဲခွဲခြားခြားဆက်ဆံတာကို သူသိပ်မုန်းတယ် အဲ့လိုမျိုးပြောရင် လုံးဝကိုဆတ်ဆတ်ထိမခံဘူး အပြောမခံဘူးပေါ့နော် အဲ့လို မျိုး ဖြစ်တယ်

နောက်တစ်ခါကြတော့ နည်းနည်းလေး သူလည်း Teenage ဖြစ်လာတဲ့အချိန်မှာ သူ့ရဲ့ ပင်ကိုယ် စရိုက်လေးတွေအရ ပြောသမျှဆိုသမျှလေးတွေက တခါတလေကျရင် သူ့နေရာနဲ့သူ ပြောရဆိုရ နေရထိုင်ရတာလေးတွေရှိတယ်လို့ ကိုယ်ကပြောပြတဲ့အချိန်မှာ လက်ကိုမခံတာ အဲ့ဒီအချိန်မှာ အ ရမ်းစိတ်ဆိုးတာပဲ သူ့ကိုလေ အရမ်းကို စိတ်ဆိုးတာ ပြောချင်ဆိုချင်စိတ် ဆုံးမချင်စိတ်ကို ကုန် အောင်စိတ်ဆိုးတာ

အေးလုပ်ကြည့် နင်ကြိုက်သလိုလုပ် ကိုယ်ကလည်း ကိုယ့်ဇောနဲ့ကိုယ်ပေါ့နော် စိတ်ဆိုးမိတာတွေ ဘာတွေရှိတယ် ဒါပေမယ့် နောက်ပိုင်းကြတော့ တဖြည်းဖြည်းတွေးလာတဲ့ အချိန်မှာ သူပြောတာ လေးကလည်း ဟုတ်သလိုလိုပဲဖြစ်လာတော့လေ ကိုယ်တောင်မှသူ့ဆီကပြန်ပြီးတော့ အော်အေး အဲ့လိုလေးနေတာ တော်တော်လေး ကိုယ်ကိုတိုင်လည်းစိတ်ချမ်းသာရတယ် ပတ်ဝန်းကျင်လည်း စိတ်ချမ်းသာရတယ် ဆိုတဲ့ဟာလေးဖြစ်လာတော့ မဆိုးပါလားဟဲ့တွေဘာတွေတော့ ဖြစ်လာ တာ ပေါ့ ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်

ဆပ်လက်ပြီး ထွန်းအိန္ဒြာဗိုလ်က “ကျွန်မတူမတစ်ယောက်အနေနဲ့ ကျွန်မတို့ မျိုးရိုးအနေနဲ့ပေါ့ နော် ဒီပရိသတ်လေးတည်ဆောက်မိတဲ့ တူမလေးတစ်ယောက်ဖြစ်လာတဲ့အတွက် သူ့အတွက် လည်းဂုဏ်ယူတယ် သူ့ကိုလည်းကျေးဇူးတင်ပါတယ် ထို့အတူပဲ G ကိုအားပေးကြတဲ့ ပရိသတ် တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုသွားခဲ့တာပါ

ထွန်းအိန္ဒြာဗိုလ်ကတော့ G ကို ပြောချင်ဆိုချင် ဆုံးမချင်စိတ် ကုန်အောင် စိတ်ဆိုးခဲ့ဖူးတဲ့ အ ကြော င်း ပြောပြလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer -Magic(Shwe Yaung Myanmar)

Comments are closed.