လှိုင်သာယာမှ ဒဂုံမြို့သစ် အရှေ့ပိုင်းအထိ မိုးပျံရထားပြေးဆွဲရန် JICA မှ ကွင်းဆင်းလေ့လာနေဟုဆို

လှိုင်သာယာမှ ဒဂုံမြို့သစ် အရှေ့ပိုင်းအထိ မိုးပျံရထားပြေးဆွဲရန် JICA မှ ကွင်းဆင်းလေ့လာနေဟုဆို

လှိုင်သာယာဘူတာမှ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အထိ မိုးပျံရထားပြေးဆွဲရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာ့မီးရထား (နေပြည်တော်) မှ သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဆောင်ရွက်ရန်အတွက် အဆိုပါ စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်း ကြောင်းမှာ လှိုင်သာယာဘူတာမှ ဘုရင့်နောင် – ဝေဇယန္တာလမ်းအတိုင်းသွားမည်ဖြစ်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ဂိတ်ဆုံးမည် ဖြစ်ကြာင်း သိရသည်။ “မိုးပျံရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် အခုဆိုရင် JICA က ဆာဗေးဆင်းနေပြီ။ မိုးပျံရထား ဆိုပေမယ့် မိုးပေါ်တော့ ပျံတက်နေမှာတော့ မဟုတ်ပါဘူး။ စင်ကာပူတို့လိုပဲ နိမ့်လိုက်၊ မြင့်လိုက် အဲဒီလိုပဲသွားမှာပါ။ လက်ရှိက တော့ ဆာဗေးဆင်းနေတုန်းဆိုပေမယ့် စီမံကိန်းက ကြာအုံးမှာပါ”ဟု မြန်မာ့မီးရထား(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရုတ်ကုမ္ပဏီတစ်ခုမှလည်း ကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံ ကုန်ကျမည့် ရန်ကုန်မိုးပျံရထားလမ်းတွင် ရင်းနှီးမြှုပ်နှံရန် တိုင်းဒေသကြီး အစိုးအဖွဲ့သို့ လာရောက်တင်ပြထားပြီး တင်ပြဆွေးနွေးမှုတွင် ရန်ကုန်မြို့အနေအထားနှင့် ကိုက်ညီသည့် ဒီဇိုင်းကို ရေးဆွဲ သွားမည်ဖြစ်ပြီး အမြန်နှုန်းမှာ ၈၀ ကီလိုဖြစ်ကာ စီးနင်းခ ၅၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-Akonthi

Comments are closed.