ဇနီး ဖြစ်သူလက်ချက်ကြောင့် ငယ်ပါ အဖြတ်ခံခဲ့ရကာ ပြတ်သွားတဲ့ သူ့ရဲ့ ငယ်ပါကို ဇနီးသည်က ခေါက်ဆွဲနဲ့ အတူ ရောနှောချက်ပြုတ်စားခံခဲ့ရသူ

ဇနီး ဖြစ်သူလက်ချက်ကြောင့် ငယ်ပါ အဖြတ်ခံခဲ့ရကာ ပြတ်သွားတဲ့ သူ့ရဲ့ ငယ်ပါကို ဇနီးသည်က ခေါက်ဆွဲနဲ့ အတူ ရောနှောချက်ပြုတ်စားခံခဲ့ရသူ

နိုင်ဂျီးရီးယားနိုင်ငံ၊ လက် ကီမြို့က အမျိုးသားတစ်ဦးဟာ ဇနီး ဖြစ်သူလက်ချက်ကြောင့် ငယ်ပါ အဖြတ်ခံခဲ့ရကာ ပြတ်သွားတဲ့ သူ့ရဲ့ ငယ်ပါကို ဇနီးသည်က ခေါက်ဆွဲနဲ့ အတူ ရောနှောချက်ပြုတ်ပစ်ခဲ့မှုတစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။

စိတ်ကသိက အောက် ဖြစ်စေနိုင်တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်တင်လာခဲ့သူက
“၀ှစ်တနီဘာရယ်တင်လာ တဲ့ပို့စ်ထဲမှာ သူ့ယောက်ျားက အိမ် အကူနဲ့အိပ်နေတာကိုမိသွားပြီး ငယ် ပါကို ခုတ်ဖြတ်ပစ်ခဲ့တယ်တဲ့..ပြီး တော့ခေါက်ဆွဲနဲ့အတူ ရောကြော် ပစ်လိုက်ပြီး ပုံတွေကို တင်လာခဲ့တာ ပါ..ဒါက အမှန်လို့ မယုံချင်ပါဘူး..အမှန်မဖြစ်ပါစေနဲ့””လို့ ပြောပြပါ တယ်။

သူ့ရဲ့ပို့စ်ကို ဖတ်မိခဲ့သူတစ် ဦးက
“အဖမ်းခံလိုက်တာ အကောင်းဆုံးပဲ””လို့ မှတ်ချက်ပြု ခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးက လည်း
““ဒီလူနဲ့ထိုက်တန်တဲ့ ရလဒ် မျိုး ရသွားတာပဲ..ဒါပေမယ့်လည်း ခေါက်ဆွဲကဒါကြီးနဲ့တော့ လိုက်ဖက် မယ်မထင်ဘူး””ဆိုပြီး အရွှမ်းဖောက် ခဲ့တာတွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ရက် ပိုင်းအတွင်းမှာပဲ နိုင်ဂျီးရီးယားနိုင်ငံ ရဲ့မြို့တော် လာဂို့စ်က ရှေ့နေအမျိုး သမီး အိုတီကီအိုဒီဘီ(၄၇)နှစ်ဟာ အခြားအမျိုးသမီးတစ်ယောက်နဲ့တွေ့ ဆုံဖို့ ဗြိတိန်နိုင်ငံဆီ ခရီးသွားဖို့ပြင် ဆင်နေခဲ့တဲ့ (၅၀)နှစ်အရွယ် ခင်ပွန်း သည်ကို ဓါးနဲ့ထိုးသတ်ခဲ့မှုတစ်ခု လည်း ပေါ်ပေါက်ခဲ့သေးကြောင်း သိရပါတယ်။

ဗြိတိန်နိုင်ငံသားအဖြစ် လည်း နိုင်ငံသားနှစ်မျိုးခံယူထားသူ အိုတီကီက သေဆုံးသူခင်ပွန်းရဲ့ ငယ်ပါကို ဖြတ်ပစ်ကာ သူ့လက် ထဲထည့်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဖော်ပြထားခဲ့ပြီး
““အဲဒီဟာက တခြားမိန်းမ တစ်ယောက်အပေါ် ခံစားချက်ရှိခွင့် ပေးနေတာဆိုရင် ဖြတ်ပစ်လိုက်တာ ပိုကောင်းတယ်”” လို့ ပြောခဲ့တယ် လို့ သိရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.