စပ်စလူးထတဲ့ အချစ်သီချင်းတွေမဆိုချင်တော့ဘူးဆိုတဲ့ ထူးအယ်လင်း

စပ်စလူးထတဲ့ အချစ်သီချင်းတွေမဆိုချင်တော့ဘူးဆိုတဲ့ ထူးအယ်လင်း

လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်တွေလောက်တုန်းကတည်းက ရင်ထဲခံစားရတဲ့ အချစ်သီချင်းတွေကို ဆိုတတ်ပြီး လက်ရှိချိန်ထိလည်း သီချင်းကောင်းတွေ ဆိုနေမြဲဖြစ်တဲ့ ထူးအယ်လင်းကတော့ လက်ရှိချိန်မှာ သူ့အနေနဲ့ စပ်စလူးထနေတဲ့ အချစ်သီချင်းတွေ မဆိုချင်တော့ဘူးလို့ ပြောဆိုလာခဲ့ပါတယ်။ ထူးအယ်လင်းရဲ့ အချစ်သီချင်းတော်တော်များများကတော့ ပရိသတ်တွေအကြိုက်တွေ့ခဲ့ပြီး တော်တော်လေးလည်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထူးအယ်လင်းကတော့ သူအသက်ကြီးလာတာနဲ့ အမျှသူ့ရဲ့ အတွေးတွေ အနုပညဖန်တီးမှုတွေကလည်း ပြောင်းလဲလာကြောင်း ပြောကြားသွားခဲ့ပါတယ်။

ထူးအယ်လင်းကတော့ MC နဲ့ အင်တာဗျူးတွင် “စပ်စလူးထတဲ့ အချစ်သီချင်းမျိုးတွေကိုတော့ မဆိုချင်တော့ဘူး။ ငယ်ငယ်တုန်းကလို ရွစိ စိန်လိုမျိုး သီချင်းတွေ မဆိုချင်တော့ဘူး။ ဖွန်ကြောင်ချင်တာမျိုးတွေလည်း မရှိတော့ဘူး။ အခုက ပုဇွန်စိပ်လိုမျိုးသီချင်းမဆိုချင်တော့ဘူး။ မြွေလိုပဲ တွင်းအောင်းပြီး ဆိုတော့တယ်။ ဒီအသက်ရွယ်ကြီးကျတော့လည်း ဖွန်ကြောင်ရမယ့် သီချင်းတွေ ဆိုရင်လည်းမဖြစ်ဘူးလေ။ အချစ်သီချင်းဆိုတော့လည်း ငြိမ့်ငြိမ့်လေးတွေ ဆိုရတာပေါ့နော်။ ကိုယ့်ကိုကိုယ်တော့ ငြိမ်မယ်လို့ ထင်တာပဲလေ။ ကျွန်တော့်ခွေအသစ်မှာ အဓိက Message ပေးချင်တာက လူတွေကို ဘယ်လိုကူညီတတ်သလဲဆိုတာကို Message ပေးချင်တာပါ။ လူတွေကို ဘယ်လိုကူညီရမယ်။ ကိုယ်မကောင်းဘူးဆိုလည်း မကောင်းဘူးပြောရမယ်။ လူတိုင်းကို သတ္တိရှိစေချင်တယ်။ ပြောသင့်တာပြော မပြောသင့်တာ မပြောနဲ့။

ကျွန်တော့်ကိုလည်းသိမှာပါ။ အရှေ့မှာလည်း ကြုံခဲ့ပြီးပါပြီ။ ကိုယ်ကြောင်သားကိစ္စဆိုလည်း နယ်တွေသွားနေရင်းနဲ့ ဗဟုသုတရစေချင်လို့ ပျော်စေချင်လို့ Live လွှင့်လိုက်တာ အဲ့ဒါကို ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ကိုယ်တွေက ဒေါသထွက်လာရော။ ပထမအိမ်ထောင်နဲ့ ကွဲတဲ့အခါမှာလည်း တနိုင်ငံလုံးကိုယ့်ကို ဝိုင်းဆဲကြတယ်။ ကိုယ့်အပူနဲ့ ကိုယ့်အိမ်ထောင်ကွဲတာတောင်မှ လာဆဲကြတယ်ဆိုတော့ ကိုယ်ခံစားရတာ ကိုယ်ပဲသိတယ်။ အရမ်းကိုစိတ်တိုလာတာ။ အဲ့အချိန်အပြင်မှာ တွေ့လို့ကတော့ ကျွန်တော်သတ်မှာ။ ပြောချင်တာက လူတိုင်းမှာ ခံစားမှုရှိတယ်။ လူကိုလူလို မြင်တတ်ဖို့ လိုတယ်။ ခံစားတတ်ဖို့လိုတယ်။ ဒါကြောင့် ခွေထဲမှာ ကောင်းကင်ပေါ်ကဆိုတဲ့ သီချင်းလေးကို ကျွန်တော်ဆိုထားပါတယ်။ ကျွန်တော် ရင်ဘတ်ထဲမှာ မရှိရင် ဘာမှမလုပ်ပြဘူး။

ကျွန်တော်တို့က ပုတီးလည်းစိပ်တယ်။ ဓါးလည်းကိုင်တယ်။ ပုတီးတဖက် ဓါးတဖက်ပဲ။ အစော်ကားလည်း မခံဘူး။ ဘယ်သူမှလည်း ကိုယ့်ကို စော်ကားရင် လက်ခံမှာမဟုတ်ပါဘူး။ ကိုယ့်ထမင်းကိုယ်စားနေတာလေ။ တချို့ကတော့ ပြောကြတယ်။ ထူးအယ်လင်းက ပရိသတ်ကို မလေးစားဘူးတဲ့ ကျွန်တော် လေးစားလွန်းလို့ သီချင်းသစ်တွေကို ဆက်ဆိုနေတာပါ။ လူမှုရေးလုပ်ငန်းတွေကလည်း ပရိသတ်ကို လေးစားလို့လုပ်ပေးတာပါ။ ကျွန်တော်ရွှေတိဂုံဘုရားမှာတော့ ရွှေမကပ်ဖြစ်ဘူး။ ဒါပေမယ့်လည်း တောတောင်လေးတွေထဲမှာ စေတီတွေမှာ ရွှေကပ်ဖြစ်ပါတယ်။ စေတီတည်ပေးမယ်။

လူတိုင်းကိုလည်း လှူစေချင်ပါတယ်။ တကယ်ကိုလိုအပ်တဲ့နေရာလေးတွေပေါ့။ ခုခေတ်မှာ လူတိုင်းက ထမင်းသာစားမစာမရှိဖြစ်ရင်ဖြစ်မယ်။ ဖုန်းတွေတော့ သုံးကြတယ်။ အဲ့ထဲကပဲ 5Mb စာလောက်လှူကြည့်လိုက်ပါ။ နည်းလည်း သူငယ်ချင်းတွေစုလိုက်ရင် အများကြီးဖြစ်လာမှာပါ။ ကျွန်တော်က ဒီလိုမျိုး Message လေးတွေပေးချင်တယ်။ အဲ့ဒါမှ လူစိတ်မွေးတယ်လို့ ခေါ်တယ်။ ကျွန်တော့်အခွေတွေ ရောင်းပြီးရင်လည်း လှူဖြစ်မှာပါ။ လှူရတာကို ကျွန်တော်က ပိုပြီးတော့ Feeling ရှိပါတယ်။ New Wish ကတော့ ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်ကောင်းကိုယ်စံ။ ကျွန်တော်ကို အားပေးတဲ့ပရိသတ်တွေရော အားမပေးတဲ့ ပရိသတ်တွေရော ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.