လူတန်းစားမရွေး သည်းခံပေါင်းသင်းတတ်တဲ့ စိတ်နှ လုံး ကောင်းတဲ့ သူငယ်ချင်းဖြစ်သူ ဇေယျာသော်ရဲ့အ ကြော င်းကို အရွှန်းဖောက်ပြီးပြောပြလာတဲ့ ငယ်သူ ငယ်ချင်း ရန်ရန်ချန်း

လူတန်းစားမရွေး သည်းခံပေါင်းသင်းတတ်တဲ့ စိတ်နှလုံးကောင်းတဲ့ သူငယ်ချင်းဖြစ်သူ ဇေယျာသော်ရဲ့အကြောင်းကို အရွှန်းဖောက်ပြီး ပြောပြလာတဲ့ ငယ်သူငယ်ချင်း ရန်ရန်ချန်း..

Acid အဖွဲ့ဆိုတာကတော့ တစ်ချိန်က ဇေယျာသော်၊ ရန်ရန်ချမ်း၊ အနဂ္ဂ၊ ဟိန်းဇော်စတဲ့ လူငယ်လေးယောက်နဲ့ ဖွဲ့စည်းထားတဲ့ Hip Hop ဂီတအဖွဲ့ဖြစ်ပါတယ်။ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေကြပြီဖြစ်တဲ့ အဖွဲ့ဝင်တွေဟာဟိန်းဇော်ကွယ်လွန်သွားခဲ့ပေမယ့် အရင် အတိုင်း အခင်အမင်မပျက်ပဲ ညီအစ်ကိုရင်းတွေလို ချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။ အနဂ္ဂနဲ့ ရန်ရန်ချမ်းတို့က မိသားစုကိုယ်စီနဲ့ ဂီတအလုပ်တွေလုပ်ကိုင်နေကြသလို ဇေယျာသော်ကလည်းနိုင်ငံရေးအလုပ်တွေနဲ့အတူတူ အခွင့်အရေးရရင်လည်း သီချင်းတွေသီဆိုနေဆဲဖြစ်ပါတယ်။

နိုဝင်ဘာလ (၁၈) ရက်နေ့မှာတော့ NLD လွတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်ဟာ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီ အိမ် ယာဝင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ဇေယျာသော်အတွက်ပြည်သူတွေ၊ ပရိသတ်တွေက စိတ်ပူနေကြပြီး စိတ်မကောင်း ဖြစ် နေကြသလို သူ့ရဲ့ ငယ်ငယ်တည်းက လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်း ရန်ရန်ချမ်းကလည်း နေ့စဉ်နဲ့အမျှ သတိရနေတာပဲဖြစ်ပါ တယ်။ ဇေယျာသော်နဲ့ ပက်သတ်တဲ့ အမှတ်တရတွေကို အမြဲတမ်းပြောလေ့ရှိတဲ့ ရန်ရန်ချမ်းဟာ ဒီတစ်ခါမှာလည်း တောင်းရမ်းစားသောက် သူရဲ့ ကလေးကိုတောင် ကြင်နာနွေးထွေးတဲ့ ဇေယျာသော်အကြောင်း အခုလိုပြောပြလာပါတယ်။

ကျွန်တော်တို့ခပ်ငယ်ငယ်လူပျိုပေါက်အရွယ်လဘက်ရည်ဆိုင်အသေထိုင်တဲ့အချိန်ဘန်းစကားနဲ့ဆိုရင်တော့ဒေါင်ပေါ့…..ရပ်ကွက်ထဲဆိုင်အစုံပတ်ထိုင်တတ်ကြပေမဲ့ကိုယ့်အိမ်နဲ့အနီးဆုံးကထိုင်လို့အကောင်းဆုံးဖြစ်တတ်တာသဘာဝပဲဆိုတော့ကျွန်တော်တို့လည်းအိမ်နားကဆိုင်နှစ်ဆိုင်လောက်မှာပဲအထိုင်များကြတော့တာပေါ့

Advertisement

အိမ်ရှေ့တဲ့တဲ့ကဆိုင်ကကျွန်တော်တို့၇တန်းလောက်ကဖြစ်မယ်ထင်တယ် သူငယ်ချင်းအဖေကစဖွင့်တာ ဒီနေ့ထက်ထိရှိသေးတယ် ဆိုင်က တော့ပလက်ဖောင်းပေါ်မှာပဲတည်ထားတာ အဲ့တော့ပလက်ဖောင်းမှာထိုင်ကြပေါ့ ကားတွေခေတ်ကောင်းတဲ့ အချိန်ကရန်ကုန်မြို့ရဲ့ ဝယ် ရောင်းပွဲစားအကုန်လာထိုင်ရတယ် အဲ့ကြားထဲရောရောထိုင်တဲ့ချာတိတ်တစ်ဝိုင်းဆိုကျွန်တော်တို့ပဲ…..နောက်လမ်းထိပ်မှာ သင်္ဘောသား တွေစုဖွင့်ထားတဲ့ 7/11ဆိုတဲ့နောက်တစ်ဆိုင်သူကပလက်ဖောင်းပိုကျယ်တော့ဝိုင်းတွေအများကြီးပိုဆန့်တာပေါ့

ပြောပြချင်တာခုမှလာမယ် 👇

အဲ့လိုဘိအမိုက်စားဒေါင်တွေပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့ဘော်ဒါအုပ်လိုက်ကအဲ့ဆိုင်တွေမှာအချိန်တိုင်းလိုလိုရှိတာဘာမှတော့အထူးအဆန်းမဟုတ်ဘူး‌ပေါ့…..ထူးဆန်းတာက‌တော့ကျွန်တော်တို့ထဲတစ်ကောင်ပဲ လမ်းဘေးကခွေးဝဲစားအစာလာတောင်းလည်း အိမ်မွေး Golden Retrieverသန့်သန့်လေးကိုပလူးသလိုနမ်းလို့နမ်းနှာခေါင်းချင်းပွတ်လို့ပွတ်လုပ်တာ😬

နောက်ကျွန်တော်တို့ထိုင်တိုင်း အဲ့ဆိုင်ကိုပိုက်ဆံလိုက်တောင်းတဲ့သားအမိလာတာရှိတယ်ကျွန်‌တော်တို့မုန့်ဖိုးပိုရင်ထဲ့တယ်မပိုရင်သူလည်းလက်ကြိုခါပြလိုက်ရင်သိတယ်မတောင်း‌တော့ဘူး…..ဘယ်လောက်အချိန်ကာလကြာကြာကျွန်တော်တို့ထိုင်ပြီးသူတို့သားအမိကလည်းဒီဆိုင်မှာပုံမှန်တောင်းသလည်းဆို အစကချီပြီးတောင်းတဲ့ကလေးနေရာမှာနောက်ကလေးတစ်ယောက်မွေးပြီး အရင်နို့ဆို့အရွယ်လေးကလျှောက်ပြေးလွှားစော့တဲ့အရွယ်လေး ကိုရောက်မှန်းမသိရောက်လာတာပဲကြည့်တော့😁အဲ့ကလေးကိုကျွန်တော်တို့စိတ်ထဲလည်းအသိတစ်ယောက်ရဲ့ကလေးလိုလို ဘာလိုလိုကို ဖြစ်ရော

Advertisement

အမယ်!အဲ့ပိုက်ဆံတောင်းတဲ့မိန်းမလုပ်ပုံကိုပြောပြရဦးမယ် လုပ်ဆိုကိုယ့်ထဲကကောင်ကိုကလည်းအနေအထိုင်မတတ်တာ…..အဖြစ်ကဒီလို သူတို့မိသားစုလဘက်ရည်ဆိုင်အဝန်းအဝိုင်းထဲကိုတောင်းဖို့စဝင်လာပြီဆိုတာနဲ့ ကလေးငယ်လေးကိုနို့ဖမ်းတိုက်ပြီးအကြီးလေးကိုကိုယ့် ကော င်ဆီကိုသွားဆိုပြီးတန်းလွတ်လိုက်တာပဲ🤣မသိရင်မိန်းမကအလုပ်လုပ်စရာရှိလို့ ယောက်ျားရေအကြီးကောင်လေးရှင်ထိန်း ပေးထား စမ်းပါဆိုတဲ့အပေါက် 😬 အဲ့ကလေးကလည်းလာရင်ရိုးရိုးမလာဘူး ဟိုကောင့်ကိုဆက်ဆံပုံကတစ်ကယ့်သူအဖေလိုကို ပြုံးပြီးဖက်ယက် ကျောကနေတက်တာဂုတ်အပေါ်ထိရောက်တယ် ကိုယ့်ကောင်ကလည်းစကားတစ်ပြောပြောနဲ့ထိန်းပေးရှာတယ်ဗျာ ဟိုကတောင်းပြီးရင် အကြီးလေးကိုလာခေါ်ပြီးဒိုးသွားရော 🤣

တစ်ကယ်တော့အဲ့ဒါကြီးကတစ်ရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်ပါဗျာ…..PS : ကလေးထိန်းကြီး ===> ဇေယျာသော်(ခေါ်) မောင်ကျော် “ ဆိုပြီး လူတန်းစားမရွေး ကြင်နာနွေးထွေးတဲ့သူငယ်ချင်းဇေယျာသော်အကြောင်းပြောပြလာတာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*