သဝန်မတိုတဲ့အတွက် ဇနီးကိုကျေးဇူးတင်တယ်ဆိုတဲ့ နိုင်းနိုင်း

သဝန်မတိုတဲ့အတွက် ဇနီးကိုကျေးဇူးတင်တယ်ဆိုတဲ့ နိုင်းနိုင်း

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုအများအပြား ရရှိထားကာ အခုအချိန်အထိ ရုပ်မကျသေးဘဲ အရွယ်တင်နေပြီး ခန္ဓာကိုယ်တောင့်တင်းခိုင်မာတဲ့ နိုင်းနိုင်းကတော့ သူရဲ့ဇနီးက သူ့ကိုသဝန်မတိုတဲ့အတွက်ကြောင့် အလုပ်လုပ်ရတာ အဆင်ပြေတော့ ဇနီးကို ကျေးဇူးတင်တယ်ဆိုတဲ့ အကြောင်းကို MCရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဇနီးက သဝန်မတိုတတ်လို့ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကို နိုင်းနိုင်းက “အဲ့အတွက်လည်းကျေးဇူးတင်တယ် ဘာလို့ဆိုတော့ ကိုယ့်အလုပ်ကို ကိုယ်လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတယ် ဖန်တီးခွင့်ရတယ်။ အဲ့လိုမျိုး ဘာမှမဟုတ်ဘဲ လိုက်ပြီးသဝန်တိုနေမယ်ဆိုရင် အစ်ကို့အနေနဲ့ အလုပ်မှာလည်း အနှောက်အယှက်ဖြစ်တယ်။ သူအဲ့လိုမဖြစ်အောင်လည်း အစ်ကိုဘက်က အနေအထိုင်ကအစ အကုန်လုံးက ဒီအတိုင်းပဲ ပုံမှန်ပဲဒီအတိုင်းပဲနေတယ်ဆိုတော့။ သူ့အနေနဲ့လည်း မဖြစ်ပါဘူး သူမဖြစ်သလို အစ်ကိုအနေနဲ့လည်း မဖြစ်ပါဘူး။ ဘာလို့ဆိုတော့ သူ့ကိုလည်း အစ်ကို ယုံကြည်တယ်လေ သူလည်းအလုပ် အလုပ်ပြီးတော့ မိသားစု။ ပြီးရင် အစ်ကိုနဲ့ဖုန်းပြောမယ် ဒီလိုပဲပေါ့။ ဒါနဲ့ပဲ တစ်နှစ်တစ်နှစ်က လတွေ လတွေက အချိန်ကုန်သွားတာ များပါတယ်။

ကျွန်တော် အသက်၂၀ထဲက ဒီအလုပ်ကို လုပ်နေတာ အိမ်ထောင်ကျသွားတဲ့အခါမှာ ရေမြေရပ်ခြားသူတစ်ယောက်ယောက်နဲ့ အိမ်ထောင်ကျတယ်။ ဒါပေမဲ့ အစ်ကိုအလုပ်က ဒီမှာ မယူခင်ထဲက နားလည်မှုတွေနဲ့ အစ်ကိုတို့တည်ဆောက်ထားတာ။ ဟိုမှာ ကလေးတွေ ကျောင်းထားတယ် သူလည်း ကျောင်းပြီးအောင် လုပ်ရတဲ့အတွက်ကို ဟိုမှာအနေပိုများသွားတဲ့အတွက် ဟိုမှာအခြေချသလိုဖြစ်သွားတာ။ ဖြစ်နိုင်ရင်တော့ ဒီတိုင်းပြည်မှာ ခေါ်ထားချင်တာ အစ်ကိုအနေနဲ့ သူ့အလုပ်လည်း ဒီမှာရှိမယ် ကလေးတွေလည်း အကုန်အဆင်ပြေမယ်ဆိုရင် ဒီမှာခေါ်ထားချင်တာပေါ့။ အဲ့လိုအချိန်တွေကုန်သွားပြီးတော့ အစ်ကိုမှာ ကလေးတွေ ကြီးပြင်းမှုလည်း မရမျက်စိအောက်မှာလည်း မရှိ။ ကလေးတွေနဲ့ တစ်နေ့တစ်နေ့ ထိတွေ့မှုမရှိတဲ့ ဒီဒုက္ခကလည်း မသေးပါဘူး။ အဲ့လိုမျိုး ဘယ်သူက နေချင်မှာလဲ မနေချင်ပါဘူး အဲ့တော့ နှစ်ခုပဲရှိတယ် မိသားစုနဲ့အတူတူနေချင်ရင် အစ်ုကိုဒီအလုပ်ကို မလုပ်ရတော့ဘူး။ ဟိုမှာသွားနေမှရမယ်။ တကယ်လို့မိသားစုတွေအကုန်ဒီကိုခေါ်မယ်ဆိုင်ရင် သူ့ရဲ့ဟိုဘက် အလုပ်တွေအကုန်ပစ်ပြီး သူဒီမှာတစ်ကပြန်စရမှာ။ သွားလိုက်ပြန်လိုက်လေးနဲ့ သူလည်း ဟိုကနေဒီလာလည် ကိုကလည်း သွားလိုက်ပြန်လိုက်လေးနဲ့ အချိန်ရရင် ရသလိုဟိုမှာသွားနေတာက နှစ်ဦးနှစ်ဖက်အတွက် လောလောဆယ်တော့ အဆင်ပြေတာပေါ့နော်။ တစ်နေ့ သရုပ်တောင်မလုပ်တော့ဘူး ဒါရိုက်တာလောက်ပဲ လုပ်မယ်ဆိုရင်တော့လည်း ဟိုမှာသွားနေပြီးတော့ ဒီမှာလာပြီးတော့ တစ်နှစ်မှာ ဘယ်နှစ်ကားရိုက်မလဲ တစ်ကားပဲ ရိုက်မလား ပြန်လာရိုက်လို့ရတယ်။

အဲ့လိုမျိုးတော့ရှိတာပေါ့နော် သရုပ်ဆောင်လုပ်နေမယ်ဆိုရင်တော့လည်း အားရင်အားသလိုတော့ ပြန်မှာပဲ တစ်နှစ် ၂ခေါက်ပြန်နေရတယ်။ ဒါပေမဲ့ အချိန်အကြာကြီးနေဖို့ကျတော့ ဒီဘက်မှာအလုပ်မရှိဘူးဆိုရင်တော့ အစ်ကိုဟိုမှာနေလို့ရတယ်။ နောက်ပိုင်းတော့လည်း စကတ်ဂျူးပေါ်မူတည်ပြီး ဟိုမှာ ကြာကြာနေမယ် မနေဘူးဆိုတာတော့ အစီအစဉ်တွေဆွဲရမှာပေါ့။”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး လက်မခံဖြစ်တဲ့ ဇာတ်လမ်းတွေ ကြော်ငြာတွေ ရှိလားလို့ မေးမြန်းရာမှာ နိုင်းနိုင်းက ” အဓိကက ဇာတ်လမ်းမကြိုက်ရင်တော့ အစ်ကိုသိပ်လက်မခံဖြစ်ဘူး။ ကြော်ငြာမှာလည်း သူ့ရဲ့ ကုန်ပစ္စည်းအမျိုးအစားအပေါ်အများကြီး မူတည်ပါတယ်။ အဲ့မှာလည်း ရွေးချယ်မှုရှိတယ်။ ဘယ်ဟာတွေလဲဆိုတာတော့ ပြောလို့မရဘူးပေါ့နော် Productတွေအများကြီး ရှိတာကို။ အကိုနဲ့ဘောင်မဝင်တဲ့ဟာဆိုရင်တော့ မရိုက်ဘူး။ ဘောင်ဝင်မဲ့ဟာဆိုရင်တော့ ရိုက်တယ်။”လို့ ဖြေသွားခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ နိုင်းနိုင်းက”တစ်ခုပဲစိတ်မကောင်းတာပေါ့နော် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပရိသတ်တွေပေါ့နော်။ အစ်ကိုတို့ဒီအနုပညာလောကကနေပြီးတော့မှ ပြောင်းလဲပြီးတော့ ကားတွေပေါ့နော် သူတို့ကို မြင်စေချင်တယ် ကြည့်စေချင်တယ် အနယ်နယ်အရပ်ရပ်မှာ ရုံတွေက မရှိတဲ့အတွက် သူတို့မကြည့်ရရှာဘူးဗျ။ အဲ့တာလည်းတကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ အနုပညာလောက ကဖန်တီးလိုက်တဲ့ ဇာတ်ကားတွေတော်တော်များများကိုလည်း အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေ ပရိသတ်တွေ အားလုံး ကြည့်စေချင်ပါတယ် မြင်စေချင်ပါတယ်။ အဲ့အတွက်လည်း ရုပ်ရှင်ရုံတွေ များများပေါ်ပေါက်လာပါစေလို့ ဆုတောင်းပေးပါတယ်။”လို့ ပရိသတ်တွေ အမှတ်တရစကားပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.