အကယ်ဒမီ ရဖို့မထိုက်တန်သေးပါဘူးဆိုတဲ့ နေမင်း

အကယ်ဒမီ ရဖို့မထိုက်တန်သေးပါဘူးဆိုတဲ့ နေမင်း

မြန်မာပြည်က  ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ မင်းသားနေမင်းကတော့ အကယ်ဒမီရင်ခုန်သံနဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။ နေမင်းကတော့ သူ့အနေနဲ့တော့ အကယ်ဒမီနဲ့ မတန်သေးဘူးလို့ ပြောကြားသွားခဲ့ပြီး သူအကယ်ဒမီရစေချင်တဲ့သူတွေကိုလည်း ပြောကြားသွားခဲ့ပါတယ်။

8 Day နဲ့ အင်တာဗျူးမှာတော့ နေမင်းက ကိုယ်တိုင် အကယ်ဒမီနဲ့ ပတ်သက်ပြီး ရင်ခုန်မှုအပေါ် “ကိုယ်ကတော့ မသေချာပါဘူး။ ကျွန်တော့်ကားက ပြည်ထောင်စု သစ္စာပါမယ်။ ရန်သူပါမယ်။ အဲ့နှစ်ကားလုံးက ကျွန်တော့်အတွက်တော့ ရလောက်မယ့် ဇာတ်မျိုးထဲမှာ မပါဘူး။ ကျန်တဲ့သူတွေအတွက်တော့ မဟုတ်ဘူး။ ကျွန်တော့်အတွက် ပြောတာပါ။ အဲ့လိုတော့ ထင်တာပဲ။ ကိုယ်နဲ့လည်း အကယ်ဒမီက မတန်သေးပါဘူး။ ဘာလို့လဲဆိုတော့ Perfect မှ မဖြစ်သေးတာ”

ရန်သူ ဇာတ်ကားထဲမှာ ဘယ်သူ့ကိုအကယ်ဒမီရစေချင်လဲဆိုတဲ့ အပေါ်မှာတော့ “ကျွန်တော်ကတော့ မမှန်းဘူး။ ပရိသတ်တွေကတော့ မှန်းတယ်။ ကျွန်တော်ကတော့ အပွင့်လင်းဆုံး ဘယ်သူ့ကိုရစေချင်လဲပြောရင် ဦးမီးပွားကြီးကို ရစေချင်တယ်။ သူလူကြီးတန်မယ့် သူရန်သူကားကြီးမှာ သူဘယ်လောက်အပင်ပန်းခံထားလဲဆိုတာကို ကျွန်တော်အသိဆုံး အဲ့ဒါကြောင့် ရစေချင်ပါတယ်”

ဒီနှစ်အကယ်ဒမီကို ဘယ်သူ့ကို ရစေချင်လဲဆိုတဲ့ အပေါ်မှာတော့ “ကိုနေတိုးလည်းရစေချင်တယ်။ မြင့်မြတ်လည်းရစေချင်တယ်။ ကိုပြေတီကိုလည်း ရစေချင်တယ်။ ဥပါယ်တံလည်းရစေချင်တယ်။ ကစ်ကစ်ကိုလည်း ရစေချင်တယ်။ မအေးသောင်းကိုလည်း ရစေချင်တယ်။ မခိုင်လေးရော ပြီးတော့ သုသုကလည်း မီထဲမှာ ကောင်းတယ်။ အကုန်ကောင်းကြတော့ ဘယ်သူရရ ကျွန်တော်က ကျေနပ်ပါတယ်”

“ကျွန်တော်ကတော့ ပရိသတ်တွေနှစ်သက်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဇာတ်လမ်းတွေကိုပဲ တင်ဆက်ပေးမှာပါ။ ငါမင်းသားဖြစ်ရမယ်ဆိုပြီး သီးသန့်ရွေးချယ်ထားတာတွေ မရှိပါဘူး။ ဇာတ်ပေါ်မှာပဲ မူတည်ပြီး ကျွန်တော်ကတော့ အကောင်းဆုံးလုပ်တာပါ။ ကျွန်တော့်ဇာတ်ကားတွေ ထွက်လာမှာပါ။ ကြိုးစားထားပါတယ်။ အကောင်းဆုံးနဲ့ အဆိပ်တောက်မဖြစ်တဲ့ကားတွေကို တင်ဆက်ပေးမှာပါလို့ ပြောပါရစေ” ဟု ဖြေကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.