ဆေးသီချင်းရေးဖြစ်တဲ့အကြောင်းပြောပြတဲ့ တေးရေး ဝေကြီး

ဆေးသီချင်းရေးဖြစ်တဲ့အကြောင်းပြောပြတဲ့ တေးရေး ဝေကြီး

“အသည်းကွဲရင်ပျောက်တယ်ဆိုတယ်ဆေး ၊ မင်းမရှိရင်ဖြစ်တယ်ဆိုတဲ့ဆေး” စာသားပါပြီး ကော်နီသီဆိုထားတဲ့ ဆေး သီချင်းလေး ဟာလူတွေတော်တော်များများကြိုက်သွားတဲ့သီချင်းသစ်လေးပါ။ အဲ့ဒီသီချင်း လေးကိုရေးသားသူ ဝေကြီးကတော့ သူသီချင်းလေးရေးဖြစ်ပုံနဲပအဲ့ဒီသီချင်းဘာကြောင့်အောင်မြင်ခဲ့ သလဲဆိုတာကို အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့တာကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ရပါတယ်။

အဓိက ကတော့ မကော်ကိုမျှော်နေကြတဲ့ ပရိသတ်နဲ့ မကော် သေသေသပ်သပ်လုပ်တာနဲ့MTVဒါရိုက်ကလည်းကောင်းတာနဲ့သီချင်းလေးကပေါက်သွားတာပါ။ MTV တွေမှာသရုပ်ဆောင်ဖြစ်တာက ရင်းနှီးလို့ကူညီပေးတာမျိုးပဲရှိတာပါ။ ကျနော်က သီချင်းရေးတာ ကိုပိုပြီးဝါသနာပါပါတယ်။တစ်ခုခုကိုဖန်တီးရတာမျိုးပေါ့။ အဓိက Professional ကတော့သီချင်းရေးတာပါပဲ။

ဆေးသီချင်းရေးဖြစ်ပုံကိုလည်း “ စဉ်းစားရတာပေါ့ လူတွေမေ့နေတဲ့ဟာမျိုး အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ဆေး ဆိုတာလေးသွားစဉ်းစားမိတာ။ တကယ်တော့မရှိဘူးပေါ့နော်။ အဲ့ဒီအကြောင်းအရာလေးကိုပဲ ခံစားသက်ဝင်ပြီးရေးမိသွားတာပါ။ အဓိကက လူတွေက အသည်းကွဲလာရင်ကိုယ့်ကိုယ်ကိုယ်အရင်စဉ်းစားကြတာဗျ။ ငါဘယ်လောက်ထိပေးဆပ်ထားရတာ။ ငါဘယ်လောက်ထိခံစားထားရလဲဆိုတာမျိုးပေါ့။ရက်စက်တဲ့သူကတော့နည်းပါတယ်။ကိုယ်ကရက်စက်တယ်ဆိုရင်တောင် ရက်စက်တယ်လို့မမြင်ကြဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ဇာတ်နာအောင်လုပ်ရတာပေါ့။ မြန်မာပြည်မှာက ခံစားတတ်သူများတော့ အချိန်အခါကိုက်သွားတယ်ထင်ပါတယ်။

မကော်သီချင်းလာအပ်ကတည်းကကျနော်ကပျော်နေတာ။ အမှန်တိုင်းပြောရရင် ကျနော်ရှေ့မှာနှစ်ပုဒ်လားမသိပြဖူးတယ်။ မကော်ရေ သိပ်တော့အားမရဘူး ဒါလေးတွေတော့ရှိတယ်ဆိုပြီး။ ဒီတစ်ပုဒ်ကတော့ ကျနော်သီချင်းရေးပြီးသက်တမ်းတစ်နှစ်အကျော်မှာရေးတာဆိုတော့ မကော်ကိုဒါလေးရှိတယ်ဆိုပြီးပြလိုက်တော့ မကော်ကြိုက်သွားတာ။” လို့ပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.