ဗိုလ်ချုပ်မွေးနေ့အမှတ်တရ ပဲပြုတ်နံပြားစားမယ့် နေခြည်ဦး

ဗိုလ်ချုပ်မွေးနေ့အမှတ်တရ ပဲပြုတ်နံပြားစားမယ့် နေခြည်ဦး

ပရိသတ်အချစ်တော် နေခြည်ဦးက သူ့ရဲ့လတ်တလောလှုပ်ရှားမှုနဲ့အကယ်ဒမီရင်ခုန်သံတချို့ကို Sunday နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားခဲ့တာတွေကိုပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြန်ပြောပြလိုက်ရပါတယ်နော်။

လတ်တလောလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီး “ ပရိသတ်တွေမထင်ထားတွေအများကြီးချပြစရာတွေရှိပါတယ်။ ဖက်ရှင်ပိုင်းမှာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ နေခြည်လုပ်ပြစရာတွေရှိတယ်။ လူငယ်တွေလည်းအများကြီးစုထားတယ်။ သူတို့က နေခြည်ရဲ့ဝတ်ပုံစားပုံကစပြီး Public Relation အထိ အကုန်ပြင်ဆင်ပေးတော့ ၂၀၁၉ မှာအလုပ်တွေအများကြီးလုပ်ဖို့အင်အားရှိသွားတာပေါ့။ မျက်နှာပိုင်းကိုခွဲစိတ်ပြုပြင်ဖို့တော့မရှိသေးပါဘူး။ မေလလောက်မှာတော့ ရုပ်ရှင်၂ခုရိုက်စရာရှိတယ်။ ဒါပေမယ့်မသေချာသေးပါဘူး။ ရုပ်ရှင်၂ခုလုံးကိုတော့နေခြည်ကြိုက်တယ် အရင်ရိုက်ခဲ့တဲ့ဇာတ်လမ်းတွေနဲ့လည်းမတူဘူး။ အခွင့်အရေးရတယ် နေခြည်နဲ့လည်းအဆင်ပြေတယ်ဆိုရင်တော့ ကိုယ့်ဘက်က ချပြစရာတွေအများကြီးရှိပါသေးတယ်။ ပတမဆုံးဇာတ်လမ်းလေးမှာပေါက်သွားတဲ့အတွက်နောက်ဇာတ်လမ်းတွေမှာ ပရိသတ်ရဲ့စိတ်ဝင်စားမှုကမြင့်တက်လာမှာပါ။ ဝေဖန်မှုပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့။ ထပ်ရိုက်ထားတဲ့ဇာတ်လမ်းလေးတွေမှာလား ကောင်းတာတွေအများကြီးပါတယ်။ နောက်ပြီးတော့ နေခြည်အရမ်းသရုပ်ဆောင်ခြင်တဲ့ ဟာသဇာတ်လမ်းလေးတွေလည်းပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဗိုလ်ချုပ်မွေးနဲ့ပတ်သတ်ပြီးတော့လည်း “ နေခြည့်သူငယ်ချင်းတွေတောင်ပြောနေတာ မနက်ကျရင်တော့ ပဲပြုတ်နဲ့နံပြားစားရမယ်လို့ ။ အမှတ်တရလေ မေ့နေတဲ့သူတွေအတွက်လည်း သတိပေးပြီးသားဖြစ်သွားတာပေါ့။အဲ့ဒီလောက်ပဲရှိပါတယ် ။ကျန်တဲ့ဟာမရှိပါဘူး။နေခြည်ဒရိုင်ဘာကတော့မနက်ဖြန်အပြင်မှာရှိရင်ဟွန်းအရှည်ကြီးတီးဦးမှာက သူကဒီရက်ကိုစောင့်နေတာလေ(ရယ်လျက်)” ပြောပြသွားပါတယ်။ ပြည်ထောင်စုနေ့နဲ့ပတ်သတ်ပြီးအမှတ်တရမရှိပါဘူး။ ပြည်ထောင်စုနေ့တို့မမေ့ဆိုတဲ့Postလေးတော့တင်ဖြစ်ပါတယ်။ကိုယ်လည်းPlaner လုပ်နေတဲ့အတွက်ကြောင့် ရက်မြတ်ရက်ကောင်းတော့ ၊ အမှတ်တရနေ့တွေမှာ ကိုယ့်ပရိသတ်တွေကိုRemindပြန်လုပ်ဖို့စဉ်းစားထားပါတယ်။

အကယ်ဒမီပွဲတက်ဖြစ်မယ့်အကြောင်းကိုလည်း “ ဘဝမှာအကယ်ဒမီဆိုတာ TV ကပဲကြည့်ခဲ့တာလေ အမျိုးတွေကော အကုန်အိမ်ကနေပဲကြည့်ဖူးတဲ့ပွဲကို ကိုယ်တက်ရမယ်ဆိုတော့ အကုန်လုံးရင်ခုန်နေကြပါတယ်။ ပထမဆုံးတက်ရတဲ့ပွဲဆိုတော့ ထူးထူးဆန်းဆန်းလေးဖြစ်ချင်တယ် ကျက်သရေလည်းရှိရှိလေးလည်းတက်ချင်တယ်။ အကယ်ဒမီကိုတော့ ကိုယ့်အတွက်အရမ်းရင်မခုန်ပါဘူး ဇာတ်လမ်းကောင်းတွေအများ ကြီးရှိတယ်လေ။ အဲ့ဒါကြောင့်ပေါ့ပေါ့ပါးပါးပဲတက်မှာပါ။ ကိုယ်ရင်ခုန်နေရင် ဟိုရောက်ရင် နှလုံးရောဖြစ်ပြီးသေသွားဦးမယ်။ အေးအေးဆေးဆေးပေါ့ပေါ့ပါးပါးနဲ့သူများတွေကိုအားပေးဖို့ပဲတက်မှာပါ။” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.