ဆူရှီ အခု (၉၀) ကျော်ကို တစ်ထိုင်ထဲစားပြီး ပရိသတ်တွေကို အံ့သြစေတဲ့ The Rock

ဆူရှီ အခု (၉၀) ကျော်ကို တစ်ထိုင်ထဲစားပြီး ပရိသတ်တွေကို အံ့သြစေတဲ့ The Rock

The Rock လို့ လူသိများတဲ့ မင်းသားကြီး Dwayne Johnson က အမေရိကန် သရုပ်ဆောင် ၊ ထုတ်လုပ်သူနဲ့ လက်ရွေးစင် နပန်းသမားဟောင်း တစ်ယောက် ဖြစ်ပါတယ်။မီယာမီတက္ကသိုလ်ရဲ့ ဘောလုံးကစားသမားဖြစ်တဲ့ The Rock က နိုင်ငံ့လက်ရွေးစင်လည်း ဖြစ်ပါတယ်။ အဖိုးဖြစ်သူ ပီတာနဲ့ အဖေဖြစ်သူ ရော်ကီတို့ရဲ့ ခြေရာကို တစ်ထပ်တည်းနင်းတဲ့ Rock က နပန်းသမားအဖြစ် လေ့ကျင့်ရင်း ဒီပညာနဲ့ပဲ အသက်မွေးခဲ့ပါတယ်။ကမ္ဘာ့အဆင့် နပန်းပြိုင်ပွဲမှာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၄ ထိ ကျော်ကြားခဲ့တဲ့ ရော့ခ်က “The Scorpion King” မှာ ပထမဆုံး သရုပ်ဆောင်ပြီး ဒေါ်လာ ၅ သန်းကျော် ထိ အနုပညာကြေး ရခဲ့ပါတယ်။ ရော့ခ်ရဲ့ အကျော်ကြားဆုံး ဇာတ်ဆောင်ကတော့ The Fast And Furious ထဲက Luke Hobbs ဖြစ်ပါတယ်။

ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကို ပိုင်ဆိုင်ထားတဲ့ ရော့ခ်က ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံး အနုပညာရှင် အယောက် ၁၀၀ မှာ နံပါတ် ၂၅ နေရာက ရပ်တည်နေပါတယ်။ ကမ္ဘာ့အနုပညာကြေး အမြင့်ဆုံး မင်းသားအဖြစ် ၂၀၁၆ မှာ ရပ်တည်ခဲ့သလို ကာယကြံ့ခိုင်မှုအရှိဆုံး မင်းသားလည်း ဖြစ်ပါတယ်။အသက် ၄၆ နှစ်အရွယ် ရော့ခ်က အားကစားကို လိုက်စားပြီး ကျန်းမာကြံ့ခိုင်အောင်နေထိုင်သူ တစ်ယောက်ပါ။ ဒါပေမဲ့ ပရိသတ်တွေ အံ့အားသင့်စေတဲ့ ဓာတ်ပုံတစ်ပုံကိုတော့ ရော့ခ်က အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။

ဓာတ်ပုံထဲမှာတော့ ဆူရှီနဲ့ ဆာရှိမိ အခု ကိုးဆယ်ကျော်ကို အားရပါးရ မြင်တွေ့ရတာ ဖြစ်ပြီး ဒါတွေအကုန်လုံးကို တစ်ထိုင်တည်းစားမယ်ဆိုပြီး caption နဲ့တကွ ရော့ခ်က ရေးတင်ထားတာပါ။ ပရိသတ်တွေကတော့ အံ့အားသင့်ပြီး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့ မေးကြသလို ဒါတွေအကုန်စားဖို့ နောက်ထပ်ဘယ်သူတွေ ပါသေးလဲ ဆိုပြီး မေးခဲ့ကြတာ ဖြစ်ပါတယ်။Fast and Furious ကို မှီငြိမ်းထားတဲ့ နောက်ဆက်တွဲရုပ်ရှင် Luke Hobbs and Decklard Shaw မှာတော့ ရော့ခ်ကို ခေါင်းဆောင်မင်းသားနေရာက မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ၂၀၁၉ မှာ ထွက်ရှိမယ့် ဒီရုပ်ရှင်မှာတော့ မင်းသား Jason Statham ၊ Idris Elba နဲ့ မင်းသမီး Vanessa Kirby တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.