မယ်စင်္ကြဝဠာနဲ့ ဖက်ရှင်တူသွားတာကို ပြန်ရှင်းလိုက်တဲ့ မိုးဟေကို

မယ်စင်္ကြဝဠာနဲ့ ဖက်ရှင်တူသွားတာကို ပြန်ရှင်းလိုက်တဲ့ မိုးဟေကို

မြန်မာ့ရုပ်ရှင်လောကမှာ မြန်မာ့ဗီဒီယိုဈေးကွက် မပျက်ခင်အချိန်တုန်းက ဇာတ်ကားကောင်းတွေနဲ့ ယောက်ျားလေးရော မိန်းကလေးတွေရဲ့ အားပေးနှစ်သက်မှုကိုရရှိထားပြီး လက်ရှိအချိန်မှာ မိခင်ဖြစ်သူ ကျန်းမေရေးအခြေအနေကြောင့် ကားရိုက်နည်းနေကာ ကိုယ်ပိုင်ထုတ်လုပ်ရေး တည်ထောင်ထားတဲ့ နိုင်ငံကျော်မင်းသမီး မိုးဟေကိုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရုပ်ရှင်လက်မှတ်ထိုးပွဲတစ်ခုမှာ ဝတ်ခဲ့တဲ့ အဝတ်အစားက မယ်စင်္ကြာဝဠာဝတ်ထားတဲ့ ဖက်ရှင်နဲ့တူတယ်ဆိုပြီး Social Media Platformတစ်ခုဖြစ်တဲ့ Facebookမှာတော့ ဝေဖန်မှုလေးတွေအနည်းငယ် ဂယက်အနည်းထခဲ့ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ မိုးဟေကို မီဒီယာတွေရဲ့ အင်တာဗျူးမှာ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

မယ်စင်္ကြဝဠာနဲ့ ဖက်ရှင်တူသွားတာနဲ့ ပတ်သက်ပြီး မိုးဟေကိုက “အဲ့တာလည်း တိုက်ဆိုင်သွားတာနေမှာပေါ့နော်။ မိုးဒီတစ်ခေါက် Overseasသွားတော့ ဘန်ကောက်ကနေဝယ်လာတယ် ဝယ်လာတဲ့အချိန်မှာဒီဇာရာလေးကို ကြိုက်လို့ဝယ်လာတယ် ဝယ်လာပြီးတော့ ဟိုတစ်နေ့က လက်မှတ်ထိုးပွဲလေးရှိတော့ ချက်ချင်းကောက်ပြီး ဝတ်လိုက်တာပေါ့နော်။ အဲ့တာကြောင့်ပါ။

အမြဲတမ်းကြီး ထူးဆန်းနေအောင်လို့ အဲ့လိုကြီးလုပ်တာတော့ မဟုတ်ဘူး ဒါပေမဲ့အဲ့ပုံစံလေးကို ကိုယ်လည်းကြိုက်တယ် ဘောင်းဘီအရှည်လေးရော လက်ရှည်လေးရော ကြိုက်တယ်ဆိုတဲ့အတွက်ကြောင့် ဝတ်ဖြစ်သွားတာပေါ့ အဲ့တာတိုက်ဆိုင်သွားတာပါ။”လို့ ပြောခဲ့ပါတယ်။

Brandတွေကိုသုံးရင် နောက်ဆုံးပေါ်တာတွေပိုပဲ သုံးဖြစ်လားလို့ မေးမြန်းရာ”အဲ့လိုမျိုးနောက်ဆုံးပေါ်ရယ်လို့မဟုတ်ပါဘူး။ ကိုယ်ကိုင်ပြီဆိုလဲ ဘယ်တော့မဆို ဒါကြီးကိုင်နေပြီ ဒါကြီးဝတ်နေပြီဆိုပြီးတော့ ဘယ်တော့မှလဲ Facebookပေါ် တင်လေ့မရှိဘူး။ ဒီလိုလေးပဲ ကိုယ်ကြိုက်ရင်ကိုယ်ကိုင်လိုက်တယ်။ သူများကိုင်ပြီးသားBrandမို့လို့ ကိုယ်မကိုင်ဘူးဆိုတာမျိုး မိုးမှာမရှိဘူး။ ကိုယ်ကြိုက်ရင် ကိုယ်လိုချင်ရင် ဘယ်သူပဲ ဝတ်ထား ဝတ်ထား ဘယ်သူပဲ ကိုင်ထား ကိုင်ထား ကိုယ်ကြိုက်ရင်တော့ ကိုယ်ဝတ်လိုက်တယ်။ Brandအစွဲဆိုတာထက် နောက်ဆုံးပေါ်ရမယ်တို့ဘာတို့အဲ့တာမျိုး နဂိုထဲကမရှိဘူး အမှန်တိုင်းပြောရရင် အဲ့တာကို အရမ်းရှက်တယ် ကိုယ်ကိုင်ပြီးတော့Facebookပေါ်တင်ရတဲ့အလုပ်မျိုး အရမ်းရှက်တယ် အဲ့တာကြောင့် ဘယ်တော့မှလည်းမလုပ်ပါဘူး။”လို့ မိုးဟေကိုက ဖြေဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဇာတ်ကားအသစ်တွေ ထပ်ရိုက်ဖို့ရှိလားလို့ မေးမြန်းလိုက်ရာ “လာမယ်ကြာမယ် နောက်တစ်ခုက မိုးနဂိုထဲက ပြောသားပြီးသားလေ အမေရဲ့ ကျန်းမာရေးကိုလည်း ပိုပြီးတော့ဦးစားပေးနေတဲ့အတွက်ကြောင့်ပါ။ ဒါကနံပါတ်တစ်အနေနဲ့ ဦးစားပေးတာ။ ကိုယ်ဘာရိုက်ရမလဲ ဘာလုပ်ရမလဲဆိုတာထက် မိခင်နေမကောင်းဖြစ်တဲ့အချိန်မှာ မိခင်ရဲ့ကျန်းမာရေးကို ဦးစားပေးတယ်ဆိုတော့ အများကြီးတော့ သိပ်မရိုက်နိုင်သေးဘူး ကိုယ်ကြိုက်တယ် ကိုယ်တကယ်အချိန်ပေးရတာလဲ တန်တယ်ဆိုရင်တော့ ရိုက်ဖြစ်မှာပါ။ ကိုယ်လည်း အရမ်းကြိုက်တဲ့ဝတ္ထုတွေ့ရင်တော့ ရိုက်ဖြစ်မှာပါ။”လို ဖြေသွားထဲ့ပါတယ်။

ဒါ့အပြင် ရုပ်ရှင်ရုံ စနစ်လေးတွေပြောင်းလဲသွားတာနဲ့ ပတ်သက်ပြီး မိုးဟေကိုက “ကောင်းတဲ့ဘက်က ကြည့်ရင်လည်း ကောင်းသလို လိုအပ်ချက်တွေရှိတာကိုလည်း ဘာတွေလိုက်ပြီးတော့ ဖြည့်စည်းရမလဲဆိုပြီးတော့ ပိုပြီးစဉ်းစားမိလာတာပေါ့။ ဒရမ်မာပြီးရင်ဟာသလည်း ပရိသတ်တွေလည်း ကြိုက်ကြမှပေါ့နော် ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဆိုတာ အမြဲဒွန်တွဲနေတယ်ဆိုတော့ အဲ့လိုမျိုးလေးတွေ မျှအောင်တင်တယ် ပြီးတော့ ရုံတင်စနစ်ကလည်း မတည်ငြိမ်သေးတော့ အပြောင်းအလဲဖြစ်နေတယ်ဆိုတော့ မှန်းရလည်း ခက်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ မိုးဟေကိုက “ပရိသတ်တွေကို အများကြီးကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်တယ်ဆိုတာထက်ကို ပြောလို့ရမဲ့ စကားလုံး အသစ်အဆန်းရှိမယ်ဆိုရင် ပြောချင်ပါတယ်။ တကယ်ကိုလည်း ကျေးဇူးတင်တာပါ အားပေးတဲ့အတွက်။”လို့ပရိသတ်တွေကို အမှတ်တရကျေးဇူးတင် စကား ပြောခဲ့ပါတယ်

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.