အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး မြိုသိပ်ထားတာတွေအကုန် ဖွင့်ချလိုက်တဲ့ မျိုးစန္ဒီကျော်

အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး မြိုသိပ်ထားတာတွေအကုန် ဖွင့်ချလိုက်တဲ့ မျိုးစန္ဒီကျော်

ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မျိုးစန္ဒီကျော်ကတော့ လွန်ခဲ့တဲ့နှစ်တွေက ထူးချွန်တဲ့ သူမရဲ့အနုပညာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို ရရှိထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မျိုးစန္ဒီကျော်က အနုပညာအလုပ်တွေကို မလုပ်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားဆဲပါပဲ။ သူမနဲ့တူတဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေးကို ပိုင်ဆိုင်ထားတဲ့ မျိုးစန္ဒီကျော်ကတော့ ခင်ပွန်းသည်နဲ့ပတ်သတ်ပြီး အဆင်မပြေတာကြောင့် တရားရုံးမှာ ကွာရှင်းခွင့်လျှောက်ထားတယ်လို့လည်း သိရပါတယ်။ လတ်တလောမှာတော့ မျိုးစန္ဒီကျော်က သူမရဲ့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး မြိုသိပ်ထားခဲ့ရတာတွေကို အကုန်ဖွင့်ချလိုက်တာကြောင့် ပရိသတ်တွေအံ့အားသင့်ခဲ့ရတာပါ။

ချစ်ပရိသတ်တွေလည်း အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး မျိုသိပ်ထားရတာတွေကို အကုန်ဖွင့်ချပြခဲ့တဲ့ မျိုးစန္ဒီကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မျိုးစန္ဒီကျော်ကတော့ “ယောက်ကျားဖြစ်ပြီးယောက်ကျားစကားမပြောဘူး နင့်ကိုစယူတည်းကအလုပ်မလုပ်လို့နင့်ကိုရှာကျွေးရတဲ့အပြင်နင့်တမိသားစုလုံးကိုပါငါရှာကျွေးခဲ့ရတာဘယ်နှစ်နှစ်လဲ ဟမ်ပြောတော့သဘောင်္သား ငါနဲ့ရတည်းကတခါမှသဘောင်္လိုက်တာမတွေ့ရဘူး ငါ့နောက်အထုတ်ဆွဲလိုက်နေတာဘယ်သူလဲ နင်ကျတော့နင့်တမိသားစုလုံးငါ့ပိုက်ဆံနဲ့ငှားထားတဲ့အိမ်ကိုခေါ်တင်ကျွေးမွေးထားရတယ် ငါကျတော့ငါ့အမေအိမ်တောင်မသွားရဘူး ငါ့အမေကိုကန်တော့ဖို့နေနေသာသာ ငါ့အမေနဲ့ဖုန်းတောင်ပေးမပြောဘူး ငါ့အမေအိမ်သွားချင်ရင်နင်ပါမှသွားရတယ်

အဲဒါတရားတယ်ပေါ့ငါ့အမေအိမ်ကဆင်းလာတော့ကားတစီးနဲ့စိန်တဆငိစာပါတယ် နင်တို့တအိမ်လုံးစားသောက်နေထိုင်လို့ရအောင်ငါရောင်းပေးခဲ့ရတယ် သမီးကိုငါသီချင်းဆိုလို့ရတဲ့ပိုက်ဆံနဲ့ငါမွေးခဲ့တာ အေးအခုလည်းငါ့ချွေးနည်းစာနဲ့ရှာထားတဲ့နောက်ထပ်ကားတစီးကိုလည်းနင်အပိုင်စီးပြီးယူထားတယ် အခုသမီးရဲ့ကျောင်းစားရိတ် စားသောက်နေထိုင်မှု့စားရိတ်တွေနင်ဘာတပြားပေးတာရှိလဲ ငါ့ပိုက်ဆံနဲ့ငါ့သမီးကိုအကောင်းဆုံးထားခဲ့တာ ထားထားတာ အေး နင်ရှက်တတ်ရင်လဲသေလို့ရတယ် နင်တယောက်တည်းမဟုတ်ဘူး နင်တို့တမိသားစုလုံး ငါ့ထမိန်နားခိုစားခဲ့တာ without စောက်ရှက်

သူ့ပို့စ်အောက်မှာဝင်မန့်နေတဲ့တချို့သူတွေ အကြောင်းရင်းသေချာသိလို့လား အတ္တကြီးတဲ့သူကငါလား နင်တို့ထောက်ခံနေတဲ့အကောင်လားသေချာသိအောင်လုပ် အဲ့လောက်ထောက်ခံနေရင်အဲ့ကောင်ကိုတလလောက်ယူကြည့်လိုက် ငါ့လိုသူ့မိသားစုနဲ့သူ့ကိုသည်းခံနိုင်မလားစောင့်ကြည့်မယ် PS အကောင့်ထဲကလူကြီးတွေနဲ့ဖရန့်တွေကိုတော့အားနာပါတယ်” ဆိုပြီ သည်းမခံနိုင်လွန်းစွာ အကုန်ဖွင့်ပြောခဲ့တာပါ။

သရုပ်ဆောင်မျိုးစန္ဒီကျော်ကတော့ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဧပြီ ၇ ရက်နေ့က လက်ထပ်ခဲ့တာဖြစ်ပြီး အိမ်စည်မြင့်မိုရ်ကျော်ဆိုတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။ သူမကတော့လတ်တလောမှာ သမီးလေးကို တစ်ယောက်တည်းစောင့်ရှောက်ပြီး အေးချမ်းတဲ့ဘဝတစ်ခုကို ဖန်တီးတည်ဆောက်ထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း သူမရဲ့သည်းမခံနိုင်တော့လို့ အိမ်ထောင်ရေးကိစ္စတွေကို အကုန်ဖွင့်ချလိုက်တဲ့ မျိုးစန္ဒီကျော်တစ်ယောက် အမြန်ဆုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit- Momolay

Comments are closed.