ဇွဲကပင်ပေါ်တွင် မှန်ချပ်ခင်း ရင်ပြင်တော် တည်ဆောက်နေမှုကို ယာယီရပ်ဆိုင်းထားပြီး ပညာရှင်များ စစ်ဆေးပြီးမှသာ ဆက်လက်လုပ်ကိုင်စေမည်

ဇွဲကပင်ပေါ်တွင် မှန်ချပ်ခင်း ရင်ပြင်တော် တည်ဆောက်နေမှုကို ယာယီရပ်ဆိုင်းထားပြီး ပညာရှင်များ စစ်ဆေးပြီးမှသာ ဆက်လက်လုပ်ကိုင်စေမည်

ဇွဲကပင်တောင် ရင်ပြင်တော်အား အရှည်ပေ ၁၀၅ ပေ အကျယ် ၁၇ ပေ တိုးချဲ့ကာ သံဘောင်တပ်ဆင်ပြီး မှန်ချပ်များ ခင်းမည့် စီမံကိန်းကို ခေတ္တရပ်ဆိုင်းကာ ပညာရှင်များ တက်ရောက်စစ်ဆေးပြီး တွေ့ရှိချက်များအပေါ်အခြေခံကာ ဘုရားဂေါပကနှင့် ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် သာသနာရေး ၀န်ကြီးဌာန ဦးမင်းတင်ဝင်းက ပြောသည်။ မှန်ရင်ပြင် တည်ဆောက်ရေး လုပ်ငန်းများအား ပညာရှင်မပါဘဲ လုပ်ဆောင်နေမှုအပေါ် ကရင်ပြည်နယ်အစိုးရမှ ဘုရားဂေါပက တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ လ ၁၁ ရက်က ခေါ်ယူတွေ့ဆုံ ညှိနိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ဇွဲကပင်ပေါ်တွင် မှန်ချပ်ခင်း ရင်ပြင်တော် တည်ဆောက်နေမှုကို ယာယီရပ်ဆိုင်းထားပြီး ပညာရှင်များ စစ်ဆေးပြီးမှသာ ဆက်လက်လုပ်ကိုင်စေမည်

” ပြည်နယ်အစိုးရအနေနဲ့ ဒီကိစ္စ စတင်လုပ်ကိုင်စဉ်ကတည်းက ပြည်နယ်အစိုးရကို တင်ပြတာ ခွင့်ပြုချက်ယူတာ မရှိဘူး။ ကျွန် တော်တို့ဆီမှာတော့ စတင်လုပ်ကိုင်နေကတည်းက အချက်အလက်တွေ မှတ်တမ်းတွေ အထောက်အထားတွေရှိတယ် ။ ပြည် နယ်လွှတ်တော်မှာလည်း ဝန်ကြီးချုပ်က အန္တရယ်ရှိတယ်လို့ဖြေထားတယ်။ဇွဲကပင်ပေါ်တွင် မှန်ချပ်ခင်း ရင်ပြင်တော် တည်ဆောက်နေမှုကို ယာယီရပ်ဆိုင်းထားပြီး ပညာရှင်များ စစ်ဆေးပြီးမှသာ ဆက်လက်လုပ်ကိုင်စေမည်

မရဘူး ဆက်လုပ်နေတယ်။ အခုတော့ ပြည်တွင်း ရော ပြည်ပပါ ပြောလာပြီ။ အသံတွေ ညံလာပြီ။ အများပြည်သူအတွက် အင်မတန်မှ အန္တရာယ်ရှိနေတယ်။ ဒါကြောင့် ဆရာ တော်ကို လျှောက်ဖို့သွားတွေ့တယ်။ ရန်ကုန်ကြွသွားတော့ မတွေ့ရတာနဲ့ ဂေါပကအဖွဲ့တွေကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးပြီး ပြော တယ်။ ဆရာတော်ကို နားလည်အောင် ပြောပြဖို့၊ ပညာရှင်တွေနဲ့ စစ်ဆေးပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ ပြည်နယ်အစိုးရ ဦးဆောင် ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ဂေါပကနဲ့တော့ သဘောတူညီမှုရထားတယ်။ ဒါကြောင့် ပညာရှင်တွေ စစ်ဆေးဆုံးဖြတ်ပြောဆို အ ဖြေပေးတာ မရသေးခင် တည်ဆောက်နေတာတွေ ရပ်ထားဖို့ ပြောထားတယ်” ဟု ကရင်ပြည်နယ် သာသနာရေးဝန်ကြီး ဦးမင်း တင်ဝင်း ပြောသည်။အဆိုပါ မှန်ချပ်ခင်း ရင်ပြင်အား ကရင်ပြည်နယ် ဇွဲကပင်တောင် ဆရာတော်ကြီး ဥူးကဝိဓဇ၏ ဦးဆောင်လမ်းညွန်မှုဖြင့် အရပ် သား ဝရိန်ဆရာများဖြင့် တည်ဆောက်လုပ်ကိုင်နေမှုအပေါ် အများပြည်သူအတွက် အန္တရာယ်ရှိနိုင်သည့်အတွက် ဝေဖန်ကန့် ကွက်မှုများ ရှိနေခြင်း ဖြစ်သည်။

လက်ရှိတွင် ရပ်ဆိုင်းထားရန် ညွှန်ကြားထားပြီး တတ်သိပညာရှင်များ တက်ရောက်စစ်ဆေးမှတ်ချက်ပေးပြီးပါက ပြည်နယ်အစိုး ရမှ ဦးဆောင်ကာ ဂေါပက အဖွဲနှင့် ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.