ချစ်ရက်နဲ့ လမ်းခွဲရသူတွေအတွက် တေးရေးဝေကြီး ရေးသားထားပြီး အားတီသီဆိုထားတဲ့ “လမ်းခွဲစကား” သီချင်း

ချစ်ရက်နဲ့ လမ်းခွဲရသူတွေအတွက် တေးရေးဝေကြီး ရေးသားထားပြီး အားတီသီဆိုထားတဲ့ “လမ်းခွဲစကား” သီချင်း

လူငယ်ကြိုက်တေးသံရှင်တစ်ဦးဖြစ်တဲ့ အားတီက EDM သီချင်းလေးတွေကို မြူးမြုးကြွကြွ သီဆိုတတ်သူ တစ်ဦးပါ။ အားတီရဲ့ သီချင်းလေးတွေက လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစားပြီး အောင်မြင်လှပါတယ်။ အားတီက သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် တစ်ကိုယ်တော်အခွေတွေကိုလဲ များစွာ ထုတ်လုပ်နိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့သူဆိုလဲ မမှားပါဘူး။ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အားတီက မကြာသေးခင်ကပဲ သီချင်းအသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေထံ ချပြခဲ့ပါတယ်။

သီချင်းလေးနာမည်က “လမ်းခွဲစကား” လို့အမည်ရပြီး ထိုသီချင်းလေးကို ရေးစပ်ပေးထားတာတော့ အလွမ်းအဆွေးသီချင်းတွေကို ပိုင်နိုင်တဲ့ တေးရေးဆရာ ဝေကြီး ဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် အားတီရဲ့ “လမ်းခွဲစကား” ဆိုတဲ့ သီချင်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

ထိုသီချင်းလေးက ဖေဖော်ဝါရီလ (၁၀)ရက်နေ့က JOOX ဆိုတဲ့ အပ်ပလီကေးရှင်းကနေ စတင်ဖြန့်ချီခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ နားထောင်သူအများအပြားရှိခဲ့ပြီး ပရိသတ်တွေကြားမှာ တော်တော်လေး ပေါက်သွားပါတယ်။

အားတီရဲ့ သီချင်းအသစ်လေးကတော့ နားထောင်သူတိုင်း မကြိုက်နှစ်သက်ပဲ မနေနိုင်လောက်အောင်ကို ကောင်းမွန်လှတာကို တွေ့ရပါတယ်။ အားတီကလဲ သူကြိုးစားသီဆိုထားတဲ့ သီချင်းလေး အောင်မြင်တာကို တော်တော်လေး ဝမ်းသာနေရှာပါတယ်။ဒီသီချင်းလေးကို ကြိုက်ရင် သူငယ်ချင်းတွေဆီ မျှဝေဖို့ Share ပေးသွားကြဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူး တင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.