လူငယ်တွေ ဗိုလ်ချုပ်မွေးနေ့ကို မေ့ထားကြတာ မဟုတ်ပါဘူးဆိုတဲ့ စည်သူလွင်

လူငယ်တွေ ဗိုလ်ချုပ်မွေးနေ့ကို မေ့ထားကြတာ မဟုတ်ပါဘူးဆိုတဲ့ စည်သူလွင်

၁၉၉၀ နှောင်းပိုင်းနဲ့ ၂၀၀၀ အစောပိုင်း ကာလတွေမှာ ရေပန်းစားခဲ့တဲ့ လူငယ် idol ကတော့ စည်သူလွင် ဖြစ်ပါတယ်။ အဆိုပြိုင်ပွဲကနေ ထူးချွန်စွာ အရွေးခံရတဲ့ တစ်ဦးတည်းသော လူငယ်အဆိုတော် ဖြစ်သလို စည်သူလွင်ရဲ့ ဆံပင်စတိုင်ကလည်း လူငယ်ထုအပေါ် လွှမ်းမိုးမှု တော်တော်လေး ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ နည်းသွားပေမဲ့ မျိုးဆက်သစ် လူငယ်တွေကို ပျိုးထောင်ပေးဖို့ မြန်မာအိုင်ဒေါမှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။

လူငယ်တွေကို နားလည်ပေးနိုင်တဲ့ အဆိုတော် စည်သူလွင်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့ကို လူငယ်တွေ မမေ့ဘူးဆိုတဲ့ အကြောင်း ခုလို ပြောသွားပါတယ်။

“ဗိုလ်ချုပ်ကတော့ ကျွန်တော်တို့ ဘယ်တော့မှ မေ့လို့မရတဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော်တို့ နိုင်ငံအတွက် တစ်ကယ့်ကို အထွတ်အမြတ် ပုဂ္ဂိုလ်တစ်ဦးပါ။ ဗိုလ်ချုပ်ရဲ့ မွေးနေ့ဆိုတော့ အားလုံးက အမှတ်တရ အမြဲ ရှိသင့်ပါတယ်။

ငယ်ငယ်တည်းကလည်း စာတွေမှာ သင်ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာ မေ့တာတော့ မဟုတ်ပါဘူး။ လူငယ်ဆိုတော့ ချစ်သူများနေ့ ဆိုတာကို ခဏခဏ ပြောဖြစ်တယ်။ ကျွန်တော်တို့ မြန်မာပြည်သားတွေ အားလုံး စိတ်ထဲမှာ ဗိုလ်ချုပ်ဆိုတာကို ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး။ ဒီတော့ လူငယ်လူရွယ်တွေ အကုန်လုံးကလည်း မေ့ထားကြတာ မဟုတ်ဘူး။ လူငယ်မို့လို့ အချစ်အကြောင်းကို ဦးစားပေး ပြောကြတာ ထင်ပါတယ်။” ဆိုပြီး ပြောသွားပါတယ်။

စည်သူလွင်ရဲ့ “ပြန်ဆုံရင်” ဆိုတဲ့ အခွေလေးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က ထွက်ရှိထားပြီး ဖြစ်ပါတယ်။ ဒီအခွေလေးထဲမှာတော့ မြန်မာအိုင်ဒေါ season 1 ပြိုင်ပွဲဝင်ဟောင်းတွေ ဖြစ်တဲ့ ဆိုဖီယာ ၊ နင်ဇီမေ ၊ ခိုင်သဇင်သင်း ၃ ယောက်က featuring သီဆိုပေးထားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.