တကိုယ်လုံးခြေဆုံးခေါင်းဆုံးခွဲစိတ်ထားတာမရှိဘူးဆိုတဲ့ ဂန္တဝင်

တကိုယ်လုံးခြေဆုံးခေါင်းဆုံးခွဲစိတ်ထားတာမရှိဘူးဆိုတဲ့ ဂန္တဝင်

ဟိုအရင်အချိန်တုန်းက ဗီဒီယိုဈေးကွက် ခေတ်ကောင်းတဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု ရရှိထားပြီး ပုရိသယောက်ျားလေး အများစု ကြိုက်နှစ်သက်ခဲ့ရတဲ့ နိုင်ငံကျော်မင်းသမီး ဂန္တဝင်ကတော့ အသက်၃၀ကျော်တဲ့အထိ တစ်ယောက်ထဲနေလာတာကြောင့် တစ်ယောက်ထဲနေရတာကို ပိုကြိုက်နေပြီး တစ်ယောက်ထဲပဲ နေဖြစ်ဖို့ များနေကြောင်း MCရဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

ခွဲစိတ်ပြုပြင်မှုတွေ များလာတဲ့အပေါ် ဂန္တဝင်က “နည်းပညာတိုးတက်လာတဲ့အတွက် ကောင်းတယ်ပေါ့နော် ဖြစ်ချင်တာ ကိုယ်ဖြစ်ချင်တာကို လုပ်ခွင့်ရတယ်ပေါ့နော် အမတို့ငယ်ငယ်တုန်းကဆို နည်းပညာတွေသိပ်ခေတ်မစားဘူး။ အဲ့လိုကျတော့ ကိုယ်ရဲ့မလှတဲ့ အစိတ်အပိုင်းတွေကို ပြင်ခွင့်မရရှိဘူး။ အခုခါကျတော့ ခန္ဓာကိုယ်မှာ ကိုယ်ဖြစ်ချင်တာမှန်သမျှ ဖြစ်လိုက်လို့ရတယ်။ နှာခေါင်းပြားတယ်ဆိုရင် ဆီလီကွန်ဖြည့်ချင်တယ် မျက်ရစ်မရှိဘူးဆိုရင် မျက်ရစ်ဖော်ချင်တယ်။

အဲ့လိုမျိုး ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလာတဲ့ကြောင့် အခွင့်အရေးတွေ အလှအပအတွက်ရော ကိုယ်ရဲ့စိတ်ပျော်ရွှင်မှုအတွက်ရော အကုန်လုံးဖြည့်စည်းပေးနိုင်တယ်ပေါ့နော်။ နည်းပညာတွေတိုးတက်လာတဲ့အတွက် ကောင်းပါတယ်။ ဒါပေမဲ့ အစ်မရဲ့ ခန္ဓာကိုယ်ကတော့ ခေါင်းအစခြေအဆုံး တစ်ခုမှ ဘာမှ ခွဲစိတ်ထားတာ မရှိဘူး။”လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဖက်ရှင်နဲ့ပတ်သက်ပြီးတော့လည်း ဂန္တဝင်က “ခေတ်ရေစီးကြောင်းက ဒီနိုင်ငံတစ်ခုထဲမဟုတ်ဘူးလေ တစ်ကမ္ဘာလုံးမှာ ပြောင်းလဲလာတာဆိုတော့ လူငယ်တွေအတွက်ကတော့ သူ့နေရာနဲ့သူ ဝတ်တယ်စားတယ်ဆိုရင် ကြည့်လို့ကောင်းပါတယ်။ အစ်မတို့အနေနဲ့ အခုအရင်ကလို အရမ်းတိုတိုပြတ်ပြတ်တွေနဲ့ မလိုက်တော့ပေမဲ့ ကောင်မလေးပိန်ပိန်လေးတွေ ဝတ်ထားရင်တော့ အစ်မအရမ်းကြိုက်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

အလှအပနဲ့ ပတ်သက်ပြီး ဘယ်လိုတွေထိန်းသိမ်းဖြစ်တယ်ဆိုတာကို “အစ်မတို့က ဆယ်ကျော်သစ်မဟုတ်တော့ဘူး နည်းနည်းအရွယ်တစ်ခုကို ရောက်လာတဲ့အခါကျတော့ လူလတ်ပိုင်းဆိုတော့ နည်းနည်းလေးစားလိုက်တာနဲ့ နည်းနည်းလေး ဝချင်လာတယ်။ အဲ့အခါကျတော့ အစားနဲ့လည်း ထိန်းရတယ်။ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေမဲ့ လေ့ကျင့်ခန်းလည်း အမလုပ်တယ်ပေါ့နော်။ ပြီးတော့ အစ်ကော်လာဂျင်လည်း သောက်တယ်ပေါ့နော်။

ဘာလို့လဲဆိုတော့ အစ်မတို့မိန်းကလေးတွေက အသက်၂၅ကျော်သွားတာနဲ့ ကော်လာဂျင်က ကိုယ်ရဲ့ ခန္ဓာကိုယ်မှာ ရှိပြီးသား အဲ့ရှိပြီးသား ကော်လာဂျင်က လျော့လျော့သွားတယ်ဆိုတော့။ အသားရည်ဖြူဖို့လှပဖို့တစ်ခုထဲအတွက် မဟုတ်ဘူးပေါ့နော် တဖြေးဖြေးနဲ့ အသက်ကကြီးလာပြီ အဲ့ခါကျတော့ အရိုးအဆစ်တွေသန်မာတယ် အားလုံးအတွက် အထောက်အကူပြုတဲ့အတွက် အစ်မအားဆေးပေါ့နော်။ အမကော်လာဂျင်လည်းသောက်တယ် ကျန်းမာရေးလေ့ကျင့်ခန်းတွေလည်း လုပ်တယ်အစားလည်း လျှော့စားတယ်ပေါ့နော်။ အဆီစာတွေသိပ်မစားဘူး။”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ အပျိုကြီးပဲဆက်လုပ်တော့မှာလားလို့ မေးမြန်းလိုက်ရာ “အစ်မ အသက်၃၀ကျော်အထိက တစ်ယောက်ထဲနေလာတာဆိုတော့လေ တစ်ယောက်ထဲနေတဲ့ Feelingကို ပိုကြိုက်တယ်။ တစ်ယောက်ထဲနေဖြစ်သွားဖို့ပဲ ပိုများပါတယ်လို့။”လို့ပြောဆိုခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.