ဂျက်စတင်ဘီဘာနဲ့တူတယ်လို့လူပြောများနေတဲ့ ခြိမ့်ကေကို

ဂျက်စတင်ဘီဘာနဲ့တူတယ်လို့လူပြောများနေတဲ့ ခြိမ့်ကေကို

Myanmar Idol ပွဲကြီးကို မျှော်လင့်ချက်တွေ အနာဂတ်တွေ တပွေ့တပိုက်နဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ နယ်ဘက်က ကျေးတောသားလေး ခြိမ့်ကေကိုဟာ မြန်မာပြည်သိန်းတန်က ငှက်ပျောသီးကျွေးလိုက်ရာကနေ တစ်ဆင့် ဘနားနားလို့ အမည်တွင်ပြီး အနုပညာလောကမှာ နေရာတစ်ခုရလာခဲ့လိမ့်မယ်လို့ ဘယ်တွေးမိခဲ့ပါ့မလဲ။ ခြိမ့်ကေကိုက ရိုးသားကြိုးစားလွန်းပြီး သူ့အိပ်မက်ကို သူများပါးစပ်ဖျားမှာအပျောက်မခံပဲ မမှိတ်မသုန်ဆက်လက်ကြိုးစားလာခဲ့တဲ့ ဇွဲကြီးသူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပြီး ဂီတကို ရူးသွပ်သူ ဝါသနာကြီးသူတစ်ယောက်လို့လည်းပြောလို့ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ခြိမ့်ကေကို ကို ကြည့်လိုက်ရင် ပထမဆုံးစပြီး သတိထားမိမှာက သူ့ရဲ့ ရိုးသားတဲ့သွင်ပြင်ကိုပါပဲ။

သိပ်မကြာခင်ရက်ပိုင်းက ခြိမ့်ကေကိုက သူ့ရဲ့ မမရေချစ်လို့ သီချင်းကို MTV ရိုက်ပြီး Facebook ပေါ်တင်လိုက်ရာမှာ နာရီပိုင်းနဲ့တင် View တွေအများကြီးရပြီးတော်တော်လေးပေါက်သွားခဲ့ပါတယ်။ သူ့ရဲ့ MTV ဟာ သုံးလေးရက်နဲ့တင် ကြည့်ရှု့သူပေါင်းတစ်သန်းကျော်လာခဲ့ပြီး ဒီလထဲမှာပဲထွက်ထားတဲ့ ဖိုးလပြည့်ရဲ့ Tonight I’m Loving You Cover MTV ဟာဆိုရင် ရက်နှစ်ဆယ်အတွင်းမှာ ကြည့်ရှု့သူ တစ်သန်းနဲ့လေးသိန်းရှိနေတာကြောင့် ခြိမ့်ကေကိုကတော့ ဖိုးလပြည့်ရဲ့ MTV ကို ရက်တိုတိုနဲ့ အမီလိုက်နေပြီဆိုပြီး ပရိသတ်တွေကဝေဖန်နေကြပါသေးတယ်။

ဒါ့အပြင် ခြိမ့်ကေကိုက MTV တင်ပြီး သိပ်မကြာခင်မှာ Studio မှာသေချာရိုက်ထားတဲ့ သူ့ရဲ့ Photoshoot ဓာတ်ပုံတွေလည်းတင်လာခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံတွေထဲမှာ Hoodie နဲ့ ချောမောကြည့်ကောင်းလာတဲ့ ရုပ်နဲ့ အိုက်တင်အမျိုးမျိုးနဲ့ မြို့သားရုပ်ပေါက်လာတဲ့ ခြိမ့်ကေကိုကို မြင်လိုက်ရချိန်မှာတော့ ကောင်မလေးတွေဟာ ရူးသွားခဲ့ပါတယ်။ အရင်က နှစ်ပြားမတန်အောင် ပြောဆိုဝေဖန်နေကြသူတွေကတောင် သူ့ဓာတ်ပုံတွေကို Share ပြီး ကြွေပြီတို့ အရမ်းချောတာပဲတို့ ကိုရီးယားမင်းသားနဲ့တူလာတယ်လို့ ပြောလာကြသူတွေတောင်ရှိပါတယ်။ လူတော်တော်များများကတော့ အပျော်ဟာသလုပ်နေကြတာဆိုပေမယ့် လူတွေသူ့အပေါ်အကောင်းမြင်လာတာဟာ ခြိမ့်ကေကို အတွက်တော့ဝမ်းသာစရာပါပဲ။ ဒါ့အပြင် အချို့သောပရိသတ်တွေက ခြိမ့်ကေကိုက သေချာပြင်ဆင်လိုက်တော့လည်း လွှမ်းပိုင်လိုလို Justin Bieber လိုလို အထာကျသွားတယ်လို့ အားပါးတရဝေဖန်နေကြပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခြိမ့်ကေကိုဟာ Justin Bieber နဲ့ တကယ်တူတယ်ထင်လား။ ဒါမှမဟုတ် ကိုရီးယာမင်းသားတွေနဲ့ တူသွားတယ်ထင်လား။ ခြိမ့်ကေကိုရဲ့ အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးသွားကြမှာလား။ဘနားနားကို ပြောချင်တာလေးတွေရင်ဖွင့်ခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.