ဇာဘောင်းဘီမို့ အတွင်းခံ အများကြီး ဝတ်ခဲ့ရတယ်ဆိုတဲ့ ထူးအောင်

ဇာဘောင်းဘီမို့ အတွင်းခံ အများကြီး ဝတ်ခဲ့ရတယ်ဆိုတဲ့ ထူးအောင်

Style Secret Season 4 ရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ လုလုသွယ်နဲ့ San Moon Be တို့က ဒီဇိုင်းအလန်းတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Jenifer Lopez နဲ့ Britney Spears တို့ရဲ့ Inspiration design ကို ဖန်တီးချုပ်လုပ်ထားတဲ့အတွက် မြန်မာ့မျက်စိနဲ့ ကြည့်ရင်တော့ နည်းနည်းလေး အမြင်ရိုင်းတဲ့ ဒီဇိုင်းလေးတွေလည်း ပါပါတယ်။ ဒီပွဲဖက်ရှင်တွေကြောင့် အမျိုးသားမော်ဒယ်တွေတောင်မှ ရှိုးလျှောက်ဖို့ မရဲတရဲ ဖြစ်စေပါတယ်။

ရှိုးပွဲ့ အတွေ့အကြုံနဲ့ အခက်အခဲတွေကို ပြောပြလာသူက ထူးအောင်ဖြစ်ပါတယ်။ ဒီဇိုင်နာတွေရဲ့ ဝတ်စုံကို ငြင်းပိုင်ခွင့် မရှိတဲ့အတွက် တာဝန်ကျေအောင်သာ ပြသခဲ့ရကြောင်း ထူးအောင်က MC နဲ့ အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။

“Back stage မှာတော့ ကျွန်တော်တို့ စကားနည်းနည်း များရပါတယ်။ မြန်မာနိုင်ငံမှာကျတော့ ဒီလိုဟာတွေ ကျွန်တော်လည်း တစ်ခါမှ မဝတ်ဖူးဘူးလေ။ အဲ့လိုဟာမျိုးကို တစ်ခါမှ မဝတ်ဖူးတော့ စင်ပေါ်မှာ ပိုဆိုးတာပေါ့။ ဒါပေမဲ့ Final ပွဲကြီးမှာ ကိုဇင်အောင်တို့က အဲ့လိုမျိုး လုပ်ထားတယ်။ ကျွန်တော်တို့က ဝတ်စုံတွေကိုလည်း မသိရသေးဘူး။ Round တက်ခါနီးကျမှ အဲ့ဝတ်စုံတွေဆိုတော့ နည်းနည်း ဖျားသွားတယ်။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ ယောက်ျားလေးတွေအားလုံး အတွင်းခံလို ပုံစံမျိုးဟာနဲ့ လမ်းလျှောက်တာဆိုတော့ မလုပ်ရဲဘူး ဖြစ်နေတယ်။

ကျွန်တော်ဆို စင်ရှေ့မှာ ပို့စ်ပေးတဲ့အခါမှာတောင်အင်္ကျီနဲ့ ဖုံးထားရတာပေါ့။ ပရိသတ်နဲ့ အရမ်းအနီးကပ် ရှိတဲ့အခါမှာ ပေါ်တင်ကြီးကျတော့ ကျွန်တော်လည်း မလုပ်ရဲဘူး။ ဒါပေမဲ့ ပြိုင်ပွဲဆိုတော့ ဒီဇိုင်နာတွေက ဒီဝတ်စုံကို လုပ်ထားတာဆိုတော့လည်း ကိုယ်ကငြင်းပိုင်ခွင့် မရှိဘူးပေါ့နော်။ ငြင်းပိုင်ခွင့်မရှိတော့ အကောင်းမွန်ဆုံးတော့ ပြတယ်။ ပရိသတ်နဲ့ ဝေးနေရင်တော့ နည်းနည်းပါးပါးပြပြီး နီးသွားရင်တော့ ဖုံးထားရတာပေါ့။” လို့ ဆိုပါတယ်။

အဝတ်အစားဒီဇိုင်းနဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့ ပရိသတ်တွေကိုလည်း ထူးအောင်က ခုလိုမျိုး ရှင်းပြသွားပါတယ်။

“ကျွန်တော်တို့အနေနဲ့ကျတော့ ငြင်းပိုင်ခွင့် မရှိဘူးလေ။ အလုပ်ဆိုတော့လည်း ကိုယ်လုပ်နေတဲ့ အလုပ်ကို အကောင်းမွန်ဆုံး ဖြစ်အောင်လုပ်ဖို့က ကျွန်တော်တို့ တာဝန်ပေါ့။ အဲ့ဒါကြောင့်မို့ ကျွန်တော်တာဝန်ကျေအောင် လုပ်ခဲ့ပါတယ်။ ပြချင်လို့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါဝတ်ဆိုရင် ဝတ်ရမယ့် အနေအထားပေါ့နော်။” လို့ ဆိုပါတယ်။” လို့ ဆိုပါတယ်။

ဇာဘောင်းဘီမို့လို့ အတွင်းခံတွေ အများကြီး ဝတ်ခဲ့ရကြောင်း ထူးအောင်က ခုလို ပြောပြသွားပါတယ်။”ရယ်စရာတစ်ခုက အဲ့ဒါကြီး ဝတ်ခိုင်းတယ်ပေါ့နော်။ အဲ့ဒါကြီးက ဇာနဲ့ဗျ။ ဇာနဲ့ဆိုတော့ အထဲက အကုန်မြင်ရတယ်။ ကျွန်တော်က မဝတ်ရဲဘူးလို့။ ကျွန်တော် ဘယ်လိုလုပ်လဲဆိုတော့ အမြင်မရိုင်းအောင် ၂ထပ် ၃ ထပ်တွေ ဝတ်ပစ်တာ။ အတွင်းခံတွေဆိုလို့ရှိရင် နှစ်ထပ်ပေါ့။ ပြီးမှ အပေါ်ကဟာ ထပ်ဝတ်လိုက်တော့ အရမ်းကြီး မသိသာတော့ဘူးပေါ့။ အတွင်းခံက ချောင်တဲ့အခါကျတော့ ပို့စ်တွေပေးတဲ့အခါကျရင် အဆင်မပြေဖြစ်မှာစိုးလိုလေ” ဆိုပြီး ရယ်စရာအဖြစ်ကို ပြောပြသွားပါတယ်။

ထူးအောင်ကတော့ နောက်တစ်ခါ ဒီလိုမျိုးလျှောက်ဖို့ ကမ်းလှမ်းခဲ့မယ်ဆိုရင် မဝတ်ချင်သေးဘူးလို့ ကြိုတင်ပြီး ငြင်းသွားခဲ့ပါသေးတယ်။ ထူးအောင်တို့ရဲ့ ရှိုးပွဲက ဖက်ရှင်တွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.