ရှိတဲ့လူတွေဆီက ပိုက်ဆံခိုးပြီး ဆင်းရဲသားတွေကိုပေးချင်တဲ့ စည်သူပလပ်ကျွတ်

ရှိတဲ့လူတွေဆီက ပိုက်ဆံခိုးပြီး ဆင်းရဲသားတွေကိုပေးချင်တဲ့ စည်သူပလပ်ကျွတ်

စည်သူပလပ်ကျွတ်ကတော့ လုပ်ချင်လိုက်ပြန်ပါပြီလို့ ပရိသတ်တွေအော်ဟစ်မြည်တမ်းနေရပါပြီ။ စပိုက်ဒါမန်းဝတ်စုံတွေနဲ့ပွဲထွက်လာပြီးတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့သတိပြုမှုကိုရခဲ့တဲ့ စည်သူပလပ်ကျွတ်ဟာ စပိုက်ဒါမန်းပြီးတော့ Itachi ဘက်လှည့်သွားပြီးတစ်ဖန် ဘလက်ပန်သာဝတ်စုံကိုပါဝတ်ချလိုက်လို့ ပရိသတ်တွေရဲ့အားပေးမှုရော ဆဲရေးမှုတွေကိုရော တစ်ဆက်တည်းခံလိုက်ရပါသေးတယ်။ အခုတစ်ခါလည်း စည်သူပလပ်ကျွတ်ကလုပ်ချလိုက်ပြန်ပါပြီ။ ပရိသတ်တွေကရော မလိုသူတွေကပါ တစ်ညီတစ်ညွတ်တည်းအကြံပေးလိုက်တဲ့ ဘတ်မန်းဝတ်စုံကြီးကိုစည်သူပလပ်ကျွတ်က အကြောက်အလန့်မရှိဝတ်လာခဲ့ပါပြီ။

စည်သူပလပ်ကျွတ်က ဘတ်မန်းလိုပဲ အခြေခံပြည်သူတွေအားနည်းတဲ့သူတွေကို ကူညီပေးချင်ကြောင်းကို “စစ်တပ်က ပိုက်ဆံတွေခိုးပြီးပြည်သူတွေကိုပေးချင်တယ်။ ရုပ်ရှင်ဈေးကွက်တွေဗီဒီယိုဈေးကွက်တွေပြန်ကောင်းလာအောင် အခြေခံလူတန်းစားတွေအဆင်ပြေအောင်ကျွန်တော်ကူညီပေးချင်တယ်။ ရှိတဲ့လူတွေဆီက ယူမယ်။ ရှိတဲ့လူတွေဆီက ခိုးမယ်။ ပြီးရင်အခြေခံလူတန်းစားတွေ မရှိဆင်းရဲသားတွေကိုလိုက်ပေးချင်တယ်။ဒါဘုရားစူးပါ။ကျွန်တော့်ရဲ့ဆန္ဒလေးပါ”လို့ ပြောထားပါတယ်။

စည်သူပလပ်ကျွတ်က သူ ပိုင်ပိုင်နိုင်နိုင်ဝတ်ချလာတဲ့ ဘတ်မန်းဝတ်စုံအကြောင်းကို “ဒါက ဆယ်ရက်ကြာသွားတယ်ပေါ့နော်။ ကျွန်တော် ကိုမြင့်မြတ်ပွဲလေးမှာဝတ်ချင်လို့ ကျွန်တော် (၃၅)လမ်းက ဂျပန်ဆိုင်လေးမှာ ကျွန်တော်မေးတာပေါ့နော်။ ကျွန်တော် facebook ကကြည့်ပြီး အနည်းဆုံးတန်လေး နှစ်သိန်းကျော်တန်လေးကိုကျွန်တော်မှာလိုက်တယ်ပေါ့နော်။ ကျွန်တော့်အခက်အခဲတွေသူ့ကိုပြောပြလိုက်တော့ ရတယ် ကိုစည်သူတဲ့ ကိုစည်သူရဲ့ စိတ်ဓာတ်ကိုရိုးသားကြိုးစားလို့ လက်ဆောင်ပေးပါမယ်တဲ့ အစ်ကိုနဲ့အစ်မကပေါ့နော်။ (၃၅) လမ်းက ဝိဇ္ဇာ ဂျပန်ပစ္စည်းတွေရောင်းတဲ့ ဆိုင်ပါ။ မြန်မာငွေနဲ့နှစ်သိန်းကျော်တယ်ခင်ဗျ”လို့ ပြောပြထားပါတယ်။

ဘတ်မန်းဝတ်စုံနဲ့ ပဏ္ဏာရလိုက်ဖက်နေတဲ့ ဆိုင်ကယ်ကြီးကိုငှားပြီးသုံးလာတာလို့လည်း စည်သူပလပ်ကျွတ်က “ကျွန်တော် မြစ်ကြီးနားမှာ သီချင်းဆိုပြီးပြန်လာလို့ စော်ဘွားကြီးကုန်းမှာ ဆင်းလိုက်တဲ့အချိန်မှာ ဒီဆိုင်ကယ်လေးကိုတွေ့တာပေါ့နော်။ ဒီဆိုင်ကယ်လေးကိုတွေ့တော့ ဘတ်မန်းလေးနဲ့လိုက်မယ်ထင်လို့ အဲဒီဆိုင်က ဆိုင်ကယ်လေးကို ငှားသုံးခြင်းဖြစ်ပါတယ်ဗျ”လို့ ရိုးရှင်းစွာပဲဖြေကြားထားတာတွေ့ရပါတယ်။

စည်သူပလပ်ကျွတ်က ဘတ်မန်းပြီးရင်ထပ်ဝတ်မယ့်ဝတ်စုံကို “ဘတ်မန်းရယ်နောက်ပြီး Deadpool ပေါ့။ Deadpool က ဆယ့်သုံးရက်ဆယ့်လေးရက်လောက်ရမယ်။ နောက်ထပ်လည်းဝတ်ဖို့ရှိတယ်။ DC က Superhero မှန်သမျှဝတ်ဖို့ရှိတယ်ပေါ့နော် ဟုတ်ကဲ့”လို့ ပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.