ဇနီးဖြစ်သူသက်မွန်မြင့်ဆီက သံဝေဂရတယ်ဆိုတဲ့ ကိုစစ်နိုင်

ဇနီးဖြစ်သူသက်မွန်မြင့်ဆီက သံဝေဂရတယ်ဆိုတဲ့ ကိုစစ်နိုင်

ပြည်သူ့အချစ်တော် မင်းသမီးချော သက်မွန်မြင့်ကတော့ ယခုနောက်ပိုင်း ပရိသတ်တွေအတွက် ရုပ်ရှင်တွေ ရိုက်ကူးတာ နည်းလာတာကိုတော့ ပရိသတ်တွေလည်း သတိထားမိမှာပါ။ ဒါပေမယ့်လည်း သက်မွန်မြင့်ကတော့ တဖက်မှာတော့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သက်မွန်မြင့်နဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ စစ်နိုင်ကတော့ နားလည်မှုရှိရှိနဲ့ ဖြတ်သန်းလာတာ ကြာခဲ့ပြီ ဖြစ်သလို ပရိသတ်တွေလည်း လက်ခံအားပေးတဲ့ ဇနီးမောင်နှံလည်း ဖြစ်ပါတယ်။ သက်မွန်မြင့်ရဲ့ ခင်ပွန်းဖြစ်သူ စစ်နိုင်ကတော့ သက်မွန်မြင့်နဲ့ အိမ်ထောင်ကျတဲ့ တလျှောက်သက်မွန်မြင့်ရဲ့ အကြောင်းလေးတချို့ကိုတော့ ပြောကြားသွားခဲ့ပါတယ်။

The Radar နဲ့ အင်တာဗျူးမှာတော့ သက်မွန်မြင့်ရဲ့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်ကတော့ “သူ့ကလည်း ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ပြောင်းလဲလာတဲ့ အချိန်လေ။ ဥပမာ ကျွန်တော်တို့ အားကစားလုပ်တယ်ဆိုလည်း သူက သူ့ဟာသူ ဝိတ်ချတယ်။ သူက သူ့ကိုယ်သူ ဖိအားပေးတယ်။ ကျွန်တော်ကတော့ အရမ်းမလုပ်နဲ့လို့တော့ ပြောတာပဲ။ လုပ်လို့တော့ ရတယ်။ ကိုယ့်ကိုကိုယ် အရမ်းထိခိုက်အောင် မလုပ်နဲ့။ ဖြည်းဖြည်းလေးနဲ့ မှန်မှန်လေး လုပ်သွား ကိုယ့်နေရာနဲ့ ကိုယ်ရှိနေတာပဲလေ။ လူတွေက အစကတည်းက သူ့ကို စူပါမော်ဒယ်တယောက်လုံး သေးသွယ်နေလို့ ချစ်တာ မဟုတ်ဘူး။ ကိုယ့်ကိုချစ်တဲ့ပုံရိပ်တခု ရှိပြီးသား။ ဒါကြောင့်သူ့ကို ပိန်ရမယ်ဆိုပြီးတော့ အရမ်းလုပ်နေတာတွေကိုတော့ ကျွန်တော်ဘေးကနေ လိုက်ပြီးတော့ ပြောဖြစ်ပါတယ်”

အနုပညာရှင်တယောက်ရဲ့ အနိမ့်အမြင့်အတက်အကျနဲ့ သူ့ကိုရောဘာတွေ အားပေးဖြစ်လဲဆိုတဲ့ အပေါ်မှာတော့ “ကျွန်တော်လည်း ပညာတွေ အများကြီး ရပါတယ်။ သံဝေဂတွေလည်း ရတာပေါ့။ လူဘဝက အမြဲတမ်းအပြောင်းလဲရှိနေတယ်။ လူတွေက ဒီအပြောင်းလဲကို ထိန်းကျောင်းနိုင်ဖို့ပဲ လိုတာပေါ့နော်။ အခြေအနေနဲ့လိုက်ပြီး မပြောင်းလဲနိုင်ရင်တော့ ကျရှုံးမှာပါပဲ။

သူဆိုလည်း ၁၀ တန်းလောက်အထိ တောင်ပေါ်မှာနေခဲ့တယ်ဆိုတော့ တောင်ပေါ်သူလို့ ပြောလို့တောင်ရတယ်။ အဲ့လိုလူတယောက်က မြို့ပေါ်မှာလာပြီးတော့ မင်းသမီးဖြစ်အောင် မင်းသမီးမှာမှ ထိပ်တန်းမင်းသမီး ဖြစ်အောင် လုပ်ခဲ့တယ်။ အဲ့လိုမျိုးအောင်မြင်ရင်းနဲ့ကို အိမ်ထောင်ကျတယ် ကလေးတွေ မွေးတယ်။ ချက်ချင်းကြီးကို ပြောင်းလဲသွားတယ်။ သူကိုယ်တိုင်ရင်ဆိုင်ရတာတွေ ရှိတယ်။ ကျွန်တော်လည်း သူ့ကိုလိုက်ပြီးတော့ ပြောင်းလဲရတာတွေ ရှိပါတယ်။ နောက်တခုက ခံယူတတ်ဖို့ပေါ့။ သွားပါပြီ ငါ့အတွက် အဆင်မပြေဘူး ခက်ခဲတယ် အတွေးတွေအစား ဖြစ်နေတာလေးတွေကို ကျေနပ်နေပြီးတော့ ငါဒီလောက်ပဲ လုပ်နိုင်တယ်။ ဆက်ကြိုးစားမယ်ဆိုတဲ့ အသိလေး ဝင်ဖို့တော့ နှစ်ယောက်လုံး ကြိုးစားနေပါတယ်” ဟုပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.