ချစ်သူလေးကိုအလင်းပြလိုက်တဲ့ ကျော်ထက်အောင်

ချစ်သူလေးကိုအလင်းပြလိုက်တဲ့ ကျော်ထက်အောင်

ဒီနေ့ဟာဆိုရင်တော့ ချစ်သူစုံတွဲတွေအပြန်အလှန်အရမ်းကိုရိုနေကြတဲ့ Valentine’s Day ဖြစ်သလို လူမှုကွန်ယက်တွေမှာလည်း ချစ်ခြင်းမေတ္တာကိုအထူးပြုတဲ့စာသားလေးတွေပလူပျံနေပြီး ချစ်မေတ္တာဖော်ကျူးနေကြပုံတွေဟာ ကြည်နူးစရာပါ။ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေဟာလည်းနှလုံးသားနဲ့လူတွေပဲဖြစ်တဲ့အလျောက် ချစ်သူတွေရှိသလို အပြန်အလှန်တန်ဖိုးထားရတဲ့အချစ်တွေလည်းရှိပါတယ်။ အခုတော့ ပရိသတ်တွေက လူပျိုကြီးလို့ပဲမှတ်ယူထားတဲ့ကျော်ထက်အောင်က ပရိသတ်တွေကိုအံ့သြအောင်လုပ်ချလိုက်ပါပြီ။

ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ ကိုယ်တို့အတွဲ

ကျော်ထက်အောင်ဟာ V Day မနက် ဆယ်နာရီကျော်လောက်မှာ သူ့ရဲ့လူမှုကွန်ယက်ကနေ ချစ်သူကောင်မလေးကိုအလင်းပြလိုက်ပါပြီ။ ကျော်ထက်အောင်က အရမ်းကိုရိုတဲ့ ကာပယ်ဖိုတိုလေးတွေတင်ထားပြီး အဲဒီဓာတ်ပုံတွေထဲမှာချစ်သူလေးနဲ့ပျော်နေဟန်ဟာအထင်းသားမြင်နိုင်ပါတယ်။ ဓာတ်ပုံတွေထဲမှာ ဆံပင်အခွေအလိပ်လေးတွေနဲ့ ချိုမြတဲ့ရယ်သံတွေထုတ်လွှတ်နေဟန်ရှိတဲ့မိန်းကလေးဟာ ဒေါက်မြင့်ဖိနပ်အနီရောင်လေးနဲ့ စကပ်အနက်ရောင်လေးဝတ်ထားပြီးမျက်နှာကိုတော့ ဆံပင်တွေကွယ်ထားပါတယ်။ ဓာတ်ပုံတိုင်းမှာမျက်နှာကွယ်ထားတဲ့ကောင်မလေးကိုတော့ ပရိသတ်တွေက အရမ်းကိုစိတ်ဝင်စားနေကြပါပြီ။

သူကြိုက်တဲ့စာအုပ်တွေ ကိုယ့်ကို ဖတ်ပြခိုင်းလေ့ရှိတယ်….


Love You Boo….

ဓာတ်ပုံတိုင်းမှာ ကျော်ထက်အောင်က “ချစ်တယ် Baby Boo” “ဓာတ်ပုံရိုက်တာကြိုက်တဲ့ကိုယ်တို့အတွဲ” စသဖြင့်နှလုံးသားထဲက ထွက်လာပုံရတဲ့ caption လေးတွေတပ်ထားတာမို့လည်း ပရိသတ်တွေကအရမ်းကိုအသည်းယားနေကြတာပါ။ ချစ်သူလေးကိုအလင်းပြလိုက်တဲ့ကျော်ထက်အောင်က ချစ်သူလေးရဲ့ Identity နဲ့ မျက်နှာလေးကိုတော့ နှမျောတွန့်တိုစွာ ကွယ်ဝှက်ထားဆဲပါပဲ။

့ပရိသတ်ကြီးရော ကျော်ထက်အောင်ရဲ့ချစ်သူလေးကိုမျက်နှာမြင်ချင်နေကြပြီလား။ သိပ်ချောမှာသေချာတဲ့ကောင်မလေးကိုကျော်ထက်အောင်က ဘာလို့ဝှက်ထားချင်ရတာပါလိမ့်။ ကျော်ထက်အောင်ရဲ့ရှေ့လျှောက်အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.