Surprise ထက် သစ္စာရှိရှိချစ်ပေးပါဆိုတဲ့ အိုင်ရင်းဇင်မာမြင့်

Surprise ထက် သစ္စာရှိရှိချစ်ပေးပါဆိုတဲ့ အိုင်ရင်းဇင်မာမြင့်

အသံပါဝါကောင်းကောင်း နဲ့သီချင်းအဆိုကောင်းတဲ့ အဆိုတော်မလေးအိုင်းရင်းဇင်မာမြင့်ကို သိခဲ့ကြတာနှစ်အနည်းငယ်ကြာနေပါပြီ။ အခုတလော သူ့ရဲ့လှုပ်ရှားမှုတွေကို Trend Myanmar နဲ့အင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။ သူပြောခဲ့တဲ့အကြာင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြန်ပြောပြပေးလိုက်ရပါတယ်နော်။

သူဆံပင်တုတွေတပ်ရတဲ့အကြောင်းကို “ အဲ့ဒါ လွယ်လည်းလွယ်ကူမှုတွေရှိတယ်။ အချိန်ကြန့်ကြာမှုတွေလည်းသက်သာတယ်။တစ်နေရာကနေတစ်နေရာသွားရင် ဒီလိုပုံစံတွေချည်းပဲဆိုအရမ်းရိုးနေမှာလည်းဆိုးတယ်။ အဲ့ဒါကြောင့်အိုင်းရင်းက ကိုယ့်ရဲ့ပြောင်းလဲမှုကို ဒီလိုဆံပင်နဲ့ပဲပြောင်းကြည့်တာ။ကိုယ့်ဆံပင်တွေကတော်တော်နာနေပြီထပ်ဆိုးလည်းပျက်ဆီးပြီးရှည်ဖို့လည်းမရှိတော့ဘူး။ အခုဟာကလည်းဆံပင်က နဂို Originalဆံပင်ပုံဆံအတိုင်းရှိနေတယ်ဆိုတော့အဲ့ဒီလိုမျိုးတစ်လုံးတစ်လုံးဆီပြောင်းတပ်သွားဖို့ပဲရှိပါတော့တယ်။ ဆံပင်တုနဲပတ်သတ်တဲ့အမှတ်တရကတော့ အရမ်းပူတယ်။ ပွဲတွေဘာတွေဆိုရင်လေတွေတိုက်တော့ မျက်လုံးထဲဆံပင်တွေဝင်လာရင်ကိုယ်က Original ဆံပင်ထင်ပြီးနောက်ကိုပို့ထားလိုက်ပြီးမှ ဟယ် ငါ့ဆံပင်ကြီးရွေ့သွားပြီလားမသိဘူးဆိုပြီးလန့်ရတာပေါ့(ရယ်လျက်)ပြောပြခဲ့ပါတယ်။

သူရဲ့MTVခွေမှာပါဝင်မယ့်တချို့အကြောင်းအရာတွေကိုလည်း “ ကိုယ်မျက်နှာလေးနဲ့ကိုယ့်အသံလေးကိုတွဲပြီးမှတ်မိစေချင်တော့ သရုပ်ဆောင်နေရာမှာမဟုတ်ရင်တောင်အဆိုနေရာက သရုပ်ဆောင်ဖြစ်ပါတယ်။ အိုင်းရင်းကသီချင်းကို ကိုယ်ပြောချင်တအဲ့အကြောင်းအရာမက်ဆေ့ခ်ျ လေးကိုပုံဖော်ပြီးMTVရိုက်စေချင်ပါတယ်။ ကိုယ့်သီချင်းတွေက အရမ်းထူးခြားပြီးတော့ ခေတ်မီလွန်းအားကြီးတဲ့အထဲမှာမပါပဲ လက်ရှိပုံမှန်လည်ပတ်နေတဲ့ဘဝတွေထဲမှာဖြစ်ပေါ်နေတဲ့ ပုံစံတွေများတာဆိုတော့ ခုလက်ရှိမှဖြစ်ပေါ်နေတဲ့ပုံစံမျိုးလေးပဲရိုက်ဖြစ်ပါတယ်ရှင့်။”လို့ပြောခဲ့ပြီးLGBTနဲ့ပတ်သတ်ပြီးထပ်သီချင်းထပ်ဆိုဖို့ရှိမရှိကိုလည်း “ အခုလည်းအမျိုးသားနှစ်ယောက်၊ အမျိုးသမီးနှစ်ယောက် ပုံစံလေးထည့်ပေးထားတယ်။ အဲ့တာကိုလည်းအိုင်းရင်းကချစ်ခြင်းမေတ္တာအနေနဲ့ပဲမြင်တဲ့အတွက်ကြောင့်အဲ့ဒီလိုလေးရိုက်ပေးထားတာပါ။နှစ်ခုစလုံးကခွေထဲမှာပါသွားပြီးသားဆိုတော့ထပ်ရိုက်ပေးဖို့အစီစဉ်မရှိပါဘူး။ ကိုယ်အပြုသဘောဆောင်ပြီးလုပ်ပေးခဲ့ပေမယ့် အနုတ်သဘောဆောင်တဲ့အတွေးမျိုးတွေလည်းဝင်တတ်တယ်ဆိုတော့ ကိုယ်သူတို့ကိုနားလည်ပေးတယ်ကိုယ်သူတို့ကိုချစ်ခြင်းမေတ္တာတစ်ခုပဲပုံဖော်ပေးထားပြီး Direction နှစ်ခုနဲ့သွားပေးထားတယ်ဆိုတော့ နောက်ထပ်တော့မရှိတော့ပါဘူး။

ချစ်သူများနေ့နဲပတ်သတ်ပြီးတော့လည်း “အလုပ်ပဲလုပ်မယ်။ ငယ်ငယ်တုန်းကဆိုသိတောင်မသိခဲ့ဘူး.။ အလုပ်တွေလုပ်တော့ကျလည်း ပွဲတွေဘာတွေလုပ်ကြတယ်ဆိုတော့ သီချင်းတွေဆိုတယ်ပေါ့ ဒီနေ့ဒီအချိန်ထိလည်းသီချင်းတွေဆိုဖို့ပဲရှိပါတယ်။ အိုင်းရင်းကတော့ Surprise တိုက်ပြီးကိုယ့်ကိုချင်း(ဂျင်း)ထည့်သွားတာထက် Surprise လည်းမတိုက်နဲ့ချင်းလည်းမထည့်နဲ့ကိုယ့်အပေါ်သစ္စာရှိရှိချစ်ပေးသွားရင်တော်ပြီ(ရယ်လျက်)ပြောသွားတဲ့အပြင်ပရိသတ်တွေကိုလည်းဆုမွန်ကောင်းတွေတောင်းသွားပေးပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.