ရုပ်ရှင်ရုံမှာ နိုင်ငံတော်အလံအား အလေးမပြုရင် ထောင် (၃) နှစ် ချနိုင်ဟုဆို

ရုပ်ရှင်ရုံမှာ နိုင်ငံတော်အလံအား အလေးမပြုရင် ထောင် (၃) နှစ် ချနိုင်ဟုဆို

ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ မြန်မာနိုင်ငံ ရုပ်ရှင်ကြည့် ပရိသတ်တွေအနေနဲ့ အငြင်းပွားခဲ့ရတဲ့ ကိစ္စတစ်ခု ကတော့ ရုပ်ရှင်မပြခင် နိုင်ငံတော်အလံ အလေးပြုချိန်မှာ မတ်တပ်ရပ်သင့် ၊ မရပ်သင့်ဆိုတာပါပဲ…

ယနေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (Yangon Hluttaw) Facebook Page မှာ မြန်မာနိုင်ငံ အလံ အလေးပြုခြင်းအစီအစဉ်မှာ မတ်တပ်ရပ်ပြီး အလေးမပြုသူတွေကို စည်းကမ်းလိုက်နာအောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိ ဆိုပြီး တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က မေးမြန်းခဲ့တာကို Yangon Hluttaw Facebook စာမျက်နှာမှာ အခုလို ထုတ်ပြန် ဖော်ပြထားခဲ့ပါတယ်…

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က “ရုပ်ရှင်ရုံများ အတွင်းတွင် မြန်မာနိုင်ငံအလံ အလေးပြုခြင်း အစီအစဉ်တွင် မတ်တပ်ရပ်၍ အလေးပြုကြရန် ရုပ်ရှင်ရုံမှ စာဖြင့် ပြသထားပါသော်လည်း ဂရုမစိုက် ၊ အလေးမထားဘဲ ထိုင်နေသူအချို့အား နိုင်ငံတော် အလံဥပဒေအရ စည်းကမ်းချက် လိုက်နာဆောင်ရွက်စေရန် အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/ မရှိ ” မေးမြန်းရာ..

ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက “ ယခင် ရုပ်ရှင်ကော်ပိုရေးရှင်း အမည်ဖြင့် ဆောင်ရွက်စဉ်က မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံ အားလုံးတို့တွင် ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံအား အလေးပြုရန်၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းအား ပြသရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း…

သို့ရာတွင် ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံ ပြသည့်အခါ မတ်တပ်ရပ် အလေးမပြုကြသူများ ရှိကြောင်း တွေ့ရှိရသဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ဝန်ကြီးမှ နယ်များတွင် နိုင်ငံတော်အလံနှင့် အမျိုးသားသီချင်း လွှင့်ချိန်တွင် မတ်တပ်မရပ်သူ အများအပြား ရှိနေသည်၊ ဌာနအနေနဲ့ ရုပ်ရှင်ရုံ ငှားထားသူများထံ ညွှန်ကြားဆောင်ရွက်ပါ ဟု လမ်းညွှန်ချက်အရ ပြန်ကြားရေး ဝန်ကြီးဌာန၊ ယခင် မြန်မာ့ ရုပ်ရှင်လုပ်ငန်း၏ ညွှန်ကြားချက် အတိုင်း လိုက်နာ ဆောင်ရွက်ရန် ရုံးခွဲများနှင့် လုပ်ငန်းစု ရုံးများသို့ အကြောင်းကြားခဲ့ပါကြောင်း၊ ရုံးခွဲများမှလည်း ရုပ်ရှင်ရုံများသို့ ထပ်မံ အကြောင်း ကြားခဲ့ပါကြောင်း…

ရုပ်ရှင်ရုံများ အနေဖြင့်လည်း နိုင်ငံတော်အလံ မပြသမီ နိုင်ငံတော်အလံကို အလေးပြုကြရန် မေတ္တာရပ်ခံပါသည်ဟု အသိပေး စာတန်းထိုး ပြသလျက် ရှိပါကြောင်း၊ ဌာနအနေဖြင့်လည်း နိုင်ငံတော်အလံကို တစ်ပြေးညီ ဖြစ်စေရန် စီစဉ် ရိုက်ကူး၍ Digital ရုပ်ရှင်ရုံများတွင် ပြသရန် အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါကြောင်း ၊ နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၂၁.၁၀.၂၀၁၀) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်အလံ ဥပဒေ အခန်း (၄) ပုဒ်မ (၁၃) ၊ ပုဒ်မခွဲ (ခ) ၊ ပုဒ်မခွဲငယ် (၃)တွင်

နိုင်ငံတော် အလံကို မလေးမစား ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်အထက် ပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပါကြောင်း ၊ အဆိုပါ ပြဋ္ဌာန်းထားမှုကို ပြည်သူများ လေးစား လိုက်နာစေရန် အသိပညာပေး နည်းလမ်းများဖြင့် ပိုမိုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ” ပြန်လည် ဖြေကြားခဲ့ပါတယ်…

ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော် သီချင်းကို ထုတ်လွှင့်ပြီး မတ်တပ်ရပ်စေတဲ့ အလေ့ဟာ အင်္ဂလန်နိုင်ငံမှာ (၁၉၅၀) ဝန်းကျင်က စတင်ခဲ့တာ ဖြစ်ပြီး (၁၉၆၀) နဲ့ (၇၀) ပြည့်နှစ်တွေမှာ အဆိုပါဓလေ့ကို မလိုအပ်ဘူးလို့ ဆုံးဖြတ်ကာ ရပ်တန့်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း ဒီဓလေ့ရှိပေမယ့် (၂၀၁၈) ခုနှစ် နှစ်လယ်ပိုင်းမှာ နိုင်ငံတော်သီချင်း ဖွင့်ခြင်း ၊ မဖွင့်ခြင်းဟာ ရုပ်ရှင်ရုံရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်တယ်လို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရုံက ဖွင့်ခဲ့ရင်တော့ မတ်တပ်ရပ်ရမှာ ဖြစ်ပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ အစရှိတဲ့ လူအချို့ကတော့ ကင်းလွတ်ခွင့်ရပါတယ်. . . .


အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.