သီချင်းသစ်တွေမလုပ်နိုင်တော့တဲ့ အကြောင်းရင်း ကိုပြောပြတဲ့ စိုးပိုင်

သီချင်းသစ်တွေမလုပ်နိုင်တော့တဲ့ အကြောင်းရင်း ကိုပြောပြတဲ့ စိုးပိုင်

တချိန်တုန်းက ခံစားမှု အများဆုံးပေးနိုင်တဲ့ သီချင်းတွေဆိုတဲ့ အဆိုတော် တယောက်ကို ပြပါဆိုရင်တော့ အဆိုတော်ကြီး စိုးပိုင်ကို ပြရမှာ ဖြစ်ပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့ သီချင်းပုံစံ နဲ့ အမိုက်စား ကိုယ်ပိုင်စတိုင်လ်ရှိတဲ့ အဆိုတော် စိုးပိုင်ရဲ့ သီချင်းတွေကတော့ လက်ရှိအချိန်ထိ သူ့ရဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေဆဲပါ။ ဒါ့ကြောင့် စိုးပိုင်ကတော့ သူ့အနေနဲ့ ဒီလိုမျိုး သူ့သီချင်းတွေကို ပရိသတ်တွေရင်ထဲမှာ ရှိနေတာကို ပျော်ပါတယ်လို့ ပြောကြားခဲ့ပြီး သီချင်းအသစ်တွေကတော့ မလုပ်ဖြစ်သေးဘူးလို့ ပြောကြားလာခဲ့ပါတယ်။

MC 7 နဲ့ အင်တာဗျူးမှာတော့ စိုးပိုင်က “သီချင်းအသစ်လေးတွေက လုပ်ဖို့ ကြိုးစားတာ မလုပ်ဖြစ်ပါဘူး။ အခုတပုဒ်တော့ လုပ်ထားတယ်။ ပျားရည်အိုင်ထဲက သီချင်းပေါ့။ အသစ်ဆိုလို့ အဲ့ဒါလေးပဲ ရှိပါတယ်”

ဒီဖက်ခေတ်ကလေးတွေ များများဆိုလေ ကောင်းလေပေါ့။ အန်ကယ်ကတော့ ဂုဏ်ယူပါတယ်။ ဒီဖက်ခေတ်ကလေးတွေက တော်လည်း တော်ကြတယ်။ ဘယ်လိုပြောရမလဲဆိုတော့ သူတို့ဆိုလို့ အောင်မြင်တယ်။ ပရိသတ်တွေ ကြိုက်ကြတယ်ဆိုတော့ အန်ကယ်လည်း ပျော်တာပေါ့။ ကိုယ့်သီချင်းတွေကို ပြန်ဆိုကြတာလည်း ဝမ်းသာပါတယ်။ ပြီးတော့ အန်ကယ်တို့ခေတ်နဲ့ အရမ်းကွာနေပါပြီ။ စက်ပစ္စည်းတွေကအစ အန်ကယ်တို့ခေတ်မှာ အရမ်းခက်ခဲပါတယ်။ အခုကတော့ လွယ်ပါတယ်။ စက်ပစ္စည်းတွေကလည်း အများကြီးထွက်လာတော့ ကွန်ပျူတာလေးတွေနဲ့ လုပ်ရုံပါပဲ။ ဒီလမ်းကတော့ စီးပွားရေးမှ မကောင်းပဲ။ သူခိုးတွေများနေတယ် ရှင်းရှင်းပြောရင် မလုပ်တော့ဘူး။ မလုပ်နိုင်တော့ဘူးပေါ့”

လက်ရှိမှာတော့ ဘာမလုပ်ဘူး။ အားရင် သွားကူညီတယ်။ ရှိုးတွေရှိရင်သွားဆိုဖြစ်ပါတယ်။ အကုန်လုံးလည်း ပျော်ကြမှာပါ။ အန်ကယ်လည်း ပျော်ပါတယ်။ အန်ကယ့်သီချင်းတွေကို ရင်ထဲမှာ ရှိနေသေးတဲ့အတွက်ကြောင့် အရမ်းပျော်ပါတယ်”

“Music တွေကတော့ အများကြီး ပေါ်နေတာလေ။ အမျိုးအစားတွေတော့ မတူကြဘူးပေါ့။ အားလုံးကတော့ သူ့ဟာနဲ့သူကောင်းပါတယ်။ အန်ကယ်ကတော့ အားပေးပါတယ်” ဟု ဖြေကြားသွားခဲ့ပါတယ်။

Comments are closed.