၄၅ရက်အတွင်း Six Packs ရသွားတဲ့ ထွန်းကိုကို

၄၅ရက်အတွင်း Six Packs ရသွားတဲ့ ထွန်းကိုကို

မြန်မာနိုင်ငံရဲ့ မိန်းကလေးအများစု အားပေးချစ်ခင်မှုကို ရရှိထားတဲ့အပြင် ပရဟိတလုပ်ငန်းတွေကိုလည်း အားတက်သရော လိုက်လံလုပ်ဆောင်နေတဲ့ မော်ဒယ်သရုပ်ဆောင်ထွန်းကိုကိုကတော့ သူလိုချင်တဲ့ Bodyပုံစံမျိုးကို ရရှိအောင် ၄၅ရက်အတွင်းလုပ်ဆောင်ခဲ့တယ်လို့ Sundayရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ ထွန်းကိုကိုဟာ လက်ရှိအချိန်မှာ ဦးကျော်သူဦးဆောင်ရိုက်ကူးမဲ့၁၀၁၄ ဇာတ်ကားအတွက်ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

Body Challengeလုပ်ဖြစ်ပုံအကြောင်းနဲ့ပတ်သက်ပြီး ထွန်းကိုကိုက”အဲ့တာက ဒီကြားထဲမှာ နည်းနည်းအားနေတာလည်းပါတယ် အချိန်လည်းရတယ် ပြီးတော့နောက်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေလိုနေတယ်။ အရည်းကြီးကားရိုက်ဖို့ပေါ့နော် Bodyပိုင်းရော ရုပ်ပိုင်းရောပေါ့နော်။ ရုပ်နုနေလို့မရဘူး ဒီကားမှာကြတော့ ဘာလို့ဆိုတော့ ကာရိုက်တာပိုင်းက ကြမ်းကြမ်းတမ်းတမ်း အရမ်းဆိုးရမဲ့ဒီဇိုင်းမှာ ဖြစ်နေတယ်။ အရင်ထဲက မျက်နှာက ဆိုးတဲ့ပုံစံမျိုး သိပ်မပေါက်ဘူး နည်းနည်းအေးတဲ့ပုံစံမျိုးပေါက်နေတယ်။ ဆိုးတဲ့ပုံစံလေးပြောင်းနေတယ်ပေါ့နော်။ လေ့ကျင့်ခန်းလည်း လုပ်ပြီးတော့ Bodyရော မျက်နှာရော ကျအောင်လုပ်ထားတာပေါ့နော်။ မြင်းတွေလည်းစီးတယ် အဲ့တာကြောင့်မို့လို့ ရုပ်ကအဲ့လိုကျသွားတာ။

အဓိကတော့ ပြောမယ်ဆိုထူးအောင်ပေါ့နော် အဓိကက ကားရိုက်လည်းရှိတယ် အကုန်လုံးတိုက်ဆိုင်မှုပေါ့နော်။ တိုက်ဆိုင်မှုကတော်တော်များတယ် ဘာလဲဆိုတော့ ကျွန်တော့်Fanတွေကလည်း ဘာလဲဆိုတော့ ပြောရမယ်ဆိုရင် ဝိတ်တက်နေလို့ပေါ့နော် တစ်ခြားလူငယ်တွေတောင် Bodyတွေ အမိုက်စားတွေလုပ်နေကြပြီဘာလို့မလုပ်တာလဲဆိုပြီးတော့ပြောတယ်။ ပြီးတော့ ကားရိုက်ကလည်း ရှိနေတယ် အခြားသောအရာတွေလည်း ရှိတယ်ပေါ့နော် ကျန်းမာရေးလည်း ညီညွတ်အောင် ကျွန်တော်လည်း တကယ်ဝိတ်တက်နေတယ် အဆီတွေလည်းရှိနေတယ် အဲ့တာနဲ့ မထူးတော့ဘူးဆိုပြီး ထူးအောင်လိုလုပ်မယ် ထူးအောင်နဲ့လည်း တောက်လျှောက်လိုလို၁၀၁၄ရိုက်ဖို့အတွက်ကို ကျွန်တော်တို့ ပြင်ဆင်မှုတွေလုပ်တယ် မြင်းစီးတာတို့ဘာတို့လုပ်နေတာပေါ့ တောက်လျှောက်တွေ့နေတော့။ ကိုထွန်းဆော့ဆိုလို့ အေးဆော့မယ်ဆိုပြီးတော့ ဆော့ဖြစ်သွားတာ သူ့ကိုလည်း ကျေးဇူးတင်ရမယ်ပေါ့နော်။ သူက နည်းပြဆရာနဲ့ မိတ်ဆက်ပေးတယ် ဆရာကိုတိုင်သေချာTrainပေးတယ်။ ဆရာနဲ့အနီးကပ်ပေါ့နော် ဆရာကနည်းစနစ်ပေးပြီးတော့ ကိုယ့်ဟာကိုသွားလုပ်တာမဟုတ်ဘူး ဆရာနဲ့ အနီးကပ်ကို ဆရာကိုတိုင်Trainပေးပြီးတော့ဆော့တဲ့အတွက် ၄၅ရက်ပေါ့နော်။

တစ်ချို့ဆိုထင်မထားဘူး ဒီလိုမျိုးဖြစ်လာမယ်ထင်မထားဘူး။ ဘာလို့လဲဆိုတော့ Gymသွားဖို့ အရမ်းပျင်းတယ် ကျွန်တော် Gymမဆော့တာ ၅နှစ်ရှိပြီ။ အဲ့တာက တော်တော်ကို ပြောရမယ်ဆိုရင် ကိုရီးယားမှာ ဆုရပြီးထဲက ကောင်းကောင်း ပြန်မဆော့ဖြစ်ဘူး။ အလွန့်အကျွံဆော့၃ရက်ထက်မပိုဘူး။ အဲ့လိုမျိုးနေခဲ့တာပေါ့နော် ကြိုက်တာတွေလည်း စွပ်စားရတယ် နေချင်သလိုနေတယ် Bodyကိုဒီအတိုင်းပစ်ထားတာပေါ့နော်။ အခုတော့ သေချာလေး၄၅ရက်အတွင်းမှာ အပင်ပန်းလည်း ခံရတယ် တော်တော်လည်း ပင်ပန်းတယ်။ တစ်ခါတစ်လေကျရင်လည်း မလုပ်တော့ပါဘူး တော်ပါပြီ မဖြစ်နိုင်ဘူးလို့ပဲ ထင်ထားခဲ့ပေမယ့်။ လုပ်ရင်းလုပ်ရင်းနဲ့ ဒီလိုမျိုး ဖြစ်လာတဲ့အတွက်ကိုယ်လည်းစိတ်ထဲဈာန်ဝင်ပြီးတော့ပေါ့နော်။ အကောင်းဆုံးလုပ်ဖြစ်တယ်။ အဲ့အတွက်လည်း ခုဏပြောသလိုပေါ့အကောင်းဆုံးကြီး Perfectမဖြစ်ရင်တောင် ပြောင်းလဲမှုက အရမ်းကို သိသာသွားတယ်နော်။ အဲ့အတွက်ကျေနပ်ပါတယ်။ တစ်ချို့လူတွေက gymပုံမှန်ဆော့နေတဲ့လူတွေနဲ့တော့ မတူဘူးပေါ့နော်။ ကျွန်တော်က၅နှစ်လုံးလုံးညာခဲ့တာပေါ့။ အခုမှပြန်ပြီးတော့ လုပ်ဖြစ်တာပေါ့။

အခုလည်း ဆက်ပြီးတော့ trainသွားမှာပေါ့ ဆရာပြောတဲ့အတိုင်းလေးတွေ လုပ်ပြီးတော့ ကြိုးစားသွားမယ်။ ဒီကားရိုက်ပြီးရင်လည်း ဒီBodyကို ဆက်ပြီးတော့ ထိန်းဖို့တော့အစီအစဉ်ရှိပါတယ် ဒါပေမဲ့လည်း ပြောရမယ်ဆိုရင် အစားအသောက်လည်း တော်တော်လေး ခက်ခဲတယ်။ နေရထိုင်ရတာလည်း ပင်ပန်းတယ်ပေါ့နော် ဒါပေမဲ့ အသားတော့ ကျနေပြီ အကောင်းဆုံးတော့ လုပ်နေပါတယ်။

ပြောင်းလဲမှုတစ်ခုပေါ့နော် မဖြစ်နိုင်တာလေးကိုတကယ်ဖြစ်အောင် လုပ်လို့ရတယ်ဆိုတာကို ပြသွားရမှာပဲ။ ပြောမယ်ဆိုရင်၄၅ရက်ဆိုတဲ့အရာလေးက ဘာမှမဟုတ်ဘူး အချိန်တကယ်ပေးမယ်ဆိုရင် ဖြစ်ပါ့မလားလို့လဲ ပြောကြတယ် တစ်ချို့ကျတော့ တစ်သက်လုံးမဖြစ်လာနိုင်တော့ဘူးလို့ ထင်ထားခဲ့တဲ့အရာတွေလည်း ရှိတယ်။ တစ်ချို့တွေကျတော့ ဝိတ်တွေအရမ်းတက်နေကြတယ်။ ဝတုတ်ကြီးဖြစ်နေတယ် တ်သက်လုံးကျတော့မှာမဟုတ်ဘူးလို့ ထင်ထားခဲ့တာ ဒါပေမဲ့ အဲ့လိုစိတ်တွေမထားပါနဲ့။ ကိုယ်လုပ်မယ်ဆိုရင် ဘယ်အရာမဆို မဖြစ်နိုင်တဲ့ဆိုတဲ့ အရာလေးပေါ့နော် အဲ့တာမျိုးလေးရှိတယ်။ ကျွန်တော်တို့လည်း ဆော့တယ် ပထမတစ်ပတ်လောက်မှာ လုံးဝကို စိတ်ဓာတ်တွေကျသွားတာပေါ့နော်။ ဘာလို့လဲဆိုတော့ ပုံမှန်မလိုက်နိုင်ဘူး မဆော့နိုင်ဘူး။ အရင်တုန်းက ဆော့ခဲ့တဲ့ပုံစံမျိုးတွေ မလုပ်နိုင်တော့ဘူး အဲ့အချိန်မှာ အရမ်းအားငယ်တယ် စိတ်ဓာတ်တွေကျတယ် မလုပ်တော့ဘူးလို့ပဲ ထင်ထားခဲ့ပေမဲ့ ဆရာကနေ အနီးကပ်မရမကTrainပေးတယ်အဲ့အချိန်မှာ ကိုယ်ရဲ့ခွန်အားတွေ ပြန်ပါလာတယ်လို့ ပြောရမယ်ပေါ့နော်။ အဲ့အတွက်လည်း ဒါကံကောင်းတယ်လို့ ပြောရမယ် အခုဆိုကစားနိုင်လာတယ်။ နည်းစနစ်တွေလည်း မှန်လာတယ်အဲ့အတွက် လိုချင်တဲ့Bodyပုံစံမျိုး ချက်ချင်းရလိုက်တယ်လို့ ထင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

Comments are closed.