ဘာမှ မရှိတဲ့ဘဝ ကနေ အဆင်ပြေ လာခဲ့တဲ့ အကြောင်းကို ပြောပြလာတဲ့ ခင်လှိုင်ရဲ့ ဇနီးဖြစ်သူ အန်တီငယ်

ဘာမှ မရှိတဲ့ဘဝ ကနေ အဆင်ပြေ လာခဲ့တဲ့ အကြောင်းကို ပြောပြလာတဲ့ ခင်လှိုင်ရဲ့ ဇနီးဖြစ်သူ အန်တီငယ်

Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )

နာမည်​​ကျော်​ဟာသသရုပ်​​ဆောင်​ကြီး ဦးခင်​လှိုင်​ရဲ့ဇနီး အန်​တီငယ်​က​တော့ အခုအချိန်​အထိ​ရောက်​​လာ​အောင်​ ရုန်းကန်​ပြီးကြိုးစားခဲ့ရတယ်​ဆိုတဲ့အ​ကြောင်း​လေးကို ​ပေါ်ပြူလာဂျာနယ်​နဲ့အင်​တာဗျူးမှာ အခုလိုပဲ​ဖြေဆိုထားပါတယ်​။

“ကိုယ့်ဘဝကိုယ်​ရုန်းပြီးရပ်​တည်​ခဲ့ရတာ အ​မေတို့အ​ဖေတို့က ကိုယ်​​တွေကိုမ​ထောက်​ပံ့နိုင်​ဘူး အိမ်​​ထောင်​စကျကတည်းက အန်​တီငယ်​​တို့ကြိုးစားတယ်​ အ​မေတို့အ​ဖေတို့ထားခဲ့တဲ့ပစ္စည်း​တွေကိုဆို အန်​တီငယ်​အကုန်​ ​မောင်​နှမ​တွေကိုခွဲ​ပေးတယ်​ အန်​တီငယ်​တို့လင်​မယား အပ်​က​နေစပြီး ဒီဘဝကိုရပ်​တည်​ထားတာ သားသမီး​တွေကိုလည်းသွန်​သင်​တယ်​ ကိုခင်​လှိုင်​တပည့်​တွေကိုလည်းသွန်​သင်​တယ်​ စုပါ​ပေါ့​နော်​ ”

“အန်​တီငယ်​ကငယ်​ငယ်​ကတည်းက အစ်​မတို့ချက်​တာစားတာ ကိုယ်​ကချက်​တတ်​​ပေမယ့် သူတို့ ကချက်​တာဝါသနာ​ပါ​တော့သူတို့ပဲချက်​​နေတာနဲ့ကိုယ်​ကထိုင်​စားဖြစ်​တာ”

“အန်​တီငယ်​က ​ကောက်​ညှင်းနဲ့လုပ်​တဲ့မုန့်​လေး​တွေကြိုက်​တယ်​ ဦးခင်​လှိုင်​ကအားလုံးလုပ်​တတ်​​တော့အဆင်​​ပြေတယ်​ ဟို​နေ့ကလည်း မုန့်ဆီ​ကြော်​စားချင်​တယ်​​ပြောမိတာ ဒီ​နေ့ချက်​ချင်းထ​ကြော် ​​ပေး​တော့ သူ့တပည့်​တွေ​တောင်​​ပြောပြီးရယ်​​နေတာ”

“အန်​တီငယ်​အရင်​ကတည်းက ဘုရားမှာပုံး​လေးထားပြီးလှူဖို့ဖယ်​ထားတယ်​ ပြီး​တော့မှကိုယ်​စားတယ်​ သားသမီး​တွေပညာ​ရေးအတွက်​ဖယ်​တယ်​​ပေါ့ အစကတည်းက အန်​တီငယ်​က​ရွှေစု တယ်​ ဝတ်​လည်းဝတ်​တယ်​ပေါ့ အိမ်​​တွေကား​တွေဝယ်​မယ်​လို့ဦးခင်​လှိုင်​​ပြောလို့ အန်​တီငယ်​ထုတ်​​ပေးရင်​ သူကအံ့သြ​နေ​ရော မိန်းမဘယ်​တုန်းကစုထားတာလဲဆိုပြီး”

“အန်​တီငယ်​က ဝင်​​ငွေထွက်​​ငွေအကုန်​မှတ်​တယ်​ ဒီလဘယ်​​လောက်​ဝင်​လဲ ထွက်​လဲဆိုတာလ ည်း သိရတယ်​ ဘယ်​​လောက်​စုမိတယ်​ဆိုတာလည်းသိရတယ်​ ”

“သား​သမီး​တွေကိုလည်း ဆုံးမတယ်​ ကိုယ်​လုပ်​တဲ့အလုပ်​အ​ကောင်းဆုံးလုပ်​​ပေါ့​နော်​ သူတို့ကိုကျ​တော့အန်​တီငယ်​က ဘွဲ့ရပညာတက်​ဖြစ်​​စေချင်​တယ်​ ပညာကိုစုံ​အောင်​ယူ ဘွဲ့ယူ သင်​တန်းတက်​​တွေတက်​ အ​မေတို့အ​ဖေတို့ရှာနိုင်​တုန်းအကုန်​ရ​အောင်​ယူ​ပေါ့”

“အန်​တီငယ်​​တွေယူတုန်းက အ​မေဆို ငယ်​​သေးတယ်​ဆိုပြီး ၃ခါခွဲတာ ၃ခါလုံးပြန်​လိုက်​​ပြေးတယ်​ ယူပြီးတဲ့အခါကျ​တော့ဦးခင်​လှိုင်​လည်းကြိုးစားတယ်​ အန်​တီငယ်​လည်းစုတယ်​ ဒီလိုနဲ့ ဒီအ​ခြေအ​နေ​ရောက်​လာတာ​ပေါ့”


“အခုဆိုကိုယ်​​တွေကကံ​ကောင်းလို့အလုပ်​လုပ်​ရသလိုဖြစ်​​နေတယ်​ ကိုယ်​ရှာနိုင်​မှ ကိုယ့်တပည့် သားသမီး​တွေနဲ့ ၇ရက်​သားသမီးပရိသတ်​ကိုလှူနိုင်​မှာ​လေ အခုလည်း ဆန်​အိတ်​ ၄၀ ဆီအချိန်​ ၁၀ ကြက်​သွန်​ဖြူ​ပေါ့”

“အန်​တီငယ်​ကို​ဒေါ​ငွေသိမ်းလို့စတာ​ပေါ့ ​ယောက်ျားရှာတာလည်းအကုန်​သိမ်းတယ်​ သားတို့သမီး တို့ က​လေး​တွေပိုက်​ဆံပါသိမ်းတယ်​​ပေါ့ အန်​တီငယ်​​ပျောက်​ပြီး ​ဒေါ်​ငွေသိမ်းဖြစ်​သွားတယ်​” လို့ သားသမီး​တွေက အနုပညာ​ကြေး​တွေအပ်​တဲ့အ​ကြောင်းလည်း​ပြောပြခဲ့ပါတယ်​။


Shwe Yaung Myanmar ( Writer – LLA )

Comments are closed.