ချစ်သူအသစ်အကြောင်းပြောလာတဲ့ သင်ဇာဝင့်ကျော်

ချစ်သူအသစ်အကြောင်းပြောလာတဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ဟာဆိုရင် သရုပ်ဆောင်ပညာမှာရော Modelling မှာပါထူးချွန်သူတစ်ဦးဖြစ်တဲ့အလျောက် အောင်မြင်မှုကိုအချိန်တွေအကြာကြီးထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က မြန်မာတစ်နိုင်ငံလုံးကပုရိသတွေရဲ့အသည်းကို ဆုပ်ကိုင်ဖမ်းစားထားသူဖြစ်သလို အခုဆိုရင်နိုင်ငံခြားကပုရိသတွေရဲ့နှလုံးသားကိုပါသိမ်းပိုက်နိုင်သူတစ်ယောက်ဖြစ်လို့နေပါပြီ။ သင်ဇာဝင့်ကျော်က မကြာသေးမီက အင်တာဗျူးတစ်ခုမှာ အချစ်ကိုဘယ်လိုအချက်အလက်တွေနဲ့ရွေးချယ်စဉ်းစားဖြစ်တယ်ဆိုတာနဲ့ ဒီနှစ် V Day မှာတော့ နိုင်ငံခြားသားတစ်ယောက်ရဲ့ surprise လုပ်တာခံလိုက်ရကြောင်းတွေပြောပြသွားခဲ့ပါတယ်။

သင်ဇာက နိုင်ငံခြားသားတစ်ယောက်ရဲ့ surprise လုပ်တာခံလိုက်ရတဲ့အကြောင်း “အဲဒါကတော့ နိုင်ငံရပ်ခြားက ကိုယ့်ကိုသဘောကျတဲ့လူတစ်ယောက်ပေါ့နော်။ ဒါကတော့ relationship တစ်ခုတော့မစရသေးပါဘူး။ သူနဲ့က အချင်းချင်းအပြန်အလှန်သဘောကျတဲ့အဆင့်ပဲရှိပါသေးတယ်။ သူက လှမ်းပြီးတော့ ပန်းစည်းလေးပို့ပေးလိုက်တဲ့အခါကျတော့ တကယ်ကြီးကိုမထင်မှတ်ထားတဲ့အခါကျတော့ ဒီနေ့ကလည်း surprise ဖြစ်သွားပါတယ်”လို့ ပြောပြထားပါတယ်။

အဲဒီလို surprise လုပ်ပေးတဲ့အတွက် အမှတ်ပေးလိုက်ပြီလို့လည်း “သူ့ကိုအရမ်းကျေးဇူးတင်တယ်။ နောက်ပြီးတော့ သူ အမှတ်ရသွားတာပေါ့။ ကိုယ့်ဘဝအတွက်ကိုယ့်အပေါ်ကောင်းပေးနိုင်တဲ့လူမျိုးဆိုရင် သင်ဇာကတော့ လက်ခံပါတယ်။ သူနဲ့ဘယ်လိုပြောရမလဲ။ ဒီလိုပါပဲ အဆင်ပြေရင်တော့ တွေ့ဖြစ်ကြပါတယ်။”လို့ပြောပြထားပါတယ်။

ချစ်သူရွေးချယ်ရာမှာထည့်သွင်းစဉ်းစားရတာတွေကိုလည်း သင်ဇာက “အဓိကကတော့ ကိုယ့်မိသားစုပေါ့။ ကိုယ့်ကိုလည်းတကယ်ချစ်ပြီးနားလည်ပေးနိုင်တဲ့သူမျိုး။ဂရုစိုက်ပေးနိုင်တဲ့သူမျိုး။ နောက်ပြီးတော့ မိန်းကလေးတိုင်းက ကိုယ့်တစ်ယောက်တည်းကိုသစ္စာရှိတဲ့လူမျိုးကိုပဲနှစ်သက်ကြတာပဲလေ။ အဲဒါက ထည့်ပြောဖို့လိုမယ်မထင်ဘူး။ နောက်ပြီးတော့ ပန်းစည်းပေးတာချောကလက်ကျွေးတာလေးနဲ့တင်မသာယာမိဖို့၊တစ်ဘဝလုံးစာလက်တွဲမယ့်သူဆိုရင်လည်း ရိုဆန်တာတို့ဘာတို့က အဓိကမကျပါဘူး။ အဓိကကတော့ ကိုယ့်ကိုနားလည်ပေးနိုင်ဖို့ ဂရုစိုက်ပေးနိုင်ဖို့။ကိုယ့်အပေါ်တကယ်ကောင်းဖို့ပေါ့နော်”လို့ ရင်ဖွင့်ထားပါတယ်။

ချစ်သူနဲ့အတူရှိတဲ့ရက်တိုင်းက V Day ပါပဲလို့လည်း “ဒါက ရက်လေးတစ်ရက်ပါပဲ။ တကယ်ချစ်တဲ့သူ ချစ်သူနဲ့အတူ Valentine’s Day ကိုဖြတ်သန်းဖူးတဲ့အတွဲတွေတိုင်းနားလည်ကြမှာပါ ဒီခံစားချက်ကို။ အတူတူရှိတဲ့နေ့တိုင်းက Valentine’s Day ပါပဲ”လို့ ဖြေကြားထားပါတယ်။ ချစ်သူရတော့မလိုလိုဖြစ်နေတဲ့ သင်ဇာက ချစ်သူကိုofficial ချပြဖို့တော့မသေချာသေးဘူးလို့လည်းပြောထားပါသေးတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.