ဆေး သီချင်းကို ပုံစံတမျိုးလေးနဲ့ ပြန်လည်သီဆိုလိုက်တဲ့ အုပ်စိုးခန့်

ဆေး သီချင်းကို ပုံစံတမျိုးလေးနဲ့ ပြန်လည်သီဆိုလိုက်တဲ့ အုပ်စိုးခန့်

လူငယ်တွေကြားမှာ ရေပန်းစားပြီး မိန်းကလေး ပရိသတ် အခိုင်အမာ ရရှိထားတဲ့ လူငယ်အဆိုတော် အုပ်စိုးခန့်ကိုတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်ပြီး လူငယ် အကြိုက်သီချင်းလေးတွေကို ဆိုတတ်တာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် ဆိုလည်း မမှားပါဘူး။ လက်ရှိမှာလည်း အုပ်စိုးခန့်ကတော့ သူဝါသနာပါရာ အနုပညာလုပ်ငန်းတွေကိုပဲ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အုပ်စိုးခန့်ကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ အမြဲတမ်း ရင်းရင်းနှီးနှီးနေတတ်တဲ့ အနုပညာရှင်တယောက် ဖြစ်ပြီး လက်ရှိမှာလည်း သူ့ရဲ့ ပရိသတ်တွေ ကြိုက်နှစ်သက်စေမယ့် အရာတခုကို ချပြလိုက်ပါတယ်။ အဲ့ဒါကတော့ တေးရေး ဝေကြီးရေးသားထားပြီး အဆိုတော် ကော်နီဆိုထားတဲ့ ဆေး ဆိုတဲ့ သီချင်းကို Cover ပြန်ဆိုထားတာ ဖြစ်ပါတယ်။ အုပ်စိုးခန့် ပြန်ဆိုထားတဲ့ ဆေးသီချင်းကိုတော့ သူ့ပရိသတ်တွေအနေနဲ့ အကြိုက်တွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဝါရင့်အဆိုတော် ကော်နီကတော့သီချင်းအသစ်တွေ မထွက်တာ အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း ပြီးခဲ့တဲ့ လပိုင်းကမှ ဆေး ဆိုတဲ့ သူမရဲ့ သီချင်းအသစ်ကို ချပြခဲ့တာ ဖြစ်ပါတယ်။ အဲ့သီချင်းကတော့ တော်တော်လေးလည်းပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။

ကော်နီ သီဆိုထားတဲ့ ဆေး ဆိုတဲ့ သီချင်းကိုတော့ သဘောကျတဲ့ထဲမှာ အုပ်စိုးခန့်လည်း ပါပြီး သူကိုယ်တိုင်ပဲ Cover ပြန်ဆိုထားတာ ဖြစ်ပါတယ်။ အုပ်စိုးခန့် ပြန်ဆိုထားတဲ့ ဆေး သီချင်းလေးကလည်း ပုံစံတမျိုးလေးနဲ့ နားထောင်လို့ ကောင်းနေပြီး ပရိသတ် အားပေးမှုလည်း ရထားတာကြောင့် ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ခံစားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.