ရွက်ပုန်းသီးအနုပညာရှင်တွေကို မြေတောင်မြှောက်ပေးသွားမယ့် ရဲလေးမ

ရွက်ပုန်းသီးအနုပညာရှင်တွေကို မြေတောင်မြှောက်ပေးသွားမယ့် ရဲလေးမ

ရဲလေးမကတော့ သူကိုယ်တိုင် ဦးဆောင်ပြီးရိုက်ကူးမယ့် ဇာတ်လမ်းတွေထဲမှာ သရုပ် ဆောင် အသစ်တွေ ထည့်သွင်းရိုက်ကူးသွားမယ်လို့ သိရပါတယ်။ 

သရုပ်ဆောင် ရဲလေးမကတော့ အနုပညာကို ဝါသနာပါတဲ့ ရွက်ပုန်းသီး အနုပညာရှင်လေး တွေ ကို မြေတောင်မြှောက်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အစီအစဉ်လေးရဲ့ အသေး စိတ်ကိုလ ည်း ရဲလေးမက အခုလို ပြောပြခဲ့ပါတယ်။ 

” လတ်တလောမှာ ဆယ်လီဖြစ်နေတဲ့ ညီမလေးတွေ၊ ညီလေးတွေရှိတယ်။ သရုပ်ဆောင် ဝါသနာ ပါတဲ့ ရွက်ပုန်းသီးကလေးတွေကို အစ်ကိုကမြေတောင်မြှောက်ပေးတဲ့ အနေနဲ့ Page လေး ထော င် မယ်။ ဝါသနာပါလို့ ဒီလို ကြိုးစားနေကြတာလည်း ဖြစ်တယ်၊ လူ့ရဲ့ ကံ ၊ လူ့ရဲ့ စန်းဆိုတာ မပြော နိုင်ဘူး။ အသစ်တွေဆိုပေမယ့် သင်ပေးရမှာပဲ။ နဂိုဗီဇလေးတွေ ပါတဲ့သူတွေကတော့ ရှေ့ရောက် သွားမှာပါ။ အစ်ကို့ကို ပံ့ပိုးပေးမယ့် လူတွေလည်းရှိတယ်။ အနုပညာကို ချစ်တဲ့သူဖြစ်တာကြောင့် အစ်ကိုလည်း အလုပ်မပျက်ဖြစ်မယ်၊ နည်းနည်းများအဆင်ပြေလာမလားပေါ့နော်။ ရေရှည်အ လုပ် မပျက်ရေးပေါ့နော် အဲဒီအတွက် ကမ်းလှမ်းထားတဲ့ ကလေးတွေကို သေချာစိစစ်ပြီးတော့ ဖေဖော်ဝါရီလထဲမှာ အစ်ကိုတို့ ပြန်လည်ရွေးချယ်သွားမယ်”လို့ Duwun ကိုပြောပါတယ်။ 

ဒါ့အပြင် ရဲလေးမဟာ အနုပညာလောကမှာ သူကြိုးစားလာခဲ့ရတဲ့ အတွေ့အကြုံတွေ နဲ့ တက် သစ်စ အနုပညာဝါသနာရှင်လေးတွေကို လက်တွဲခေါ်သွားမယ်လို့ ဆိုပါတယ်။ ရွေးချယ်ခံရတဲ့ သရုပ်ဆောင်တွေအတွက် အနုပညာကြေးနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုလည်း ဆက်လက် ပြော ပြလာပါတယ်။ 

” အစ်ကိုဆိုလည်း ဒေါ်ထား အဖွဲ့မှာ စရောက်တုန်းက ဖြတ်လျှောက်ဘဝကနေ ရိုက်ကူးခဲ့တယ်။ အဲဒီကနေမှ စားပွဲထိုင်၊ ကျောင်းမှာထိုင်ပြီးပြောရတာတွေရှိတယ် ဒီလိုပဲ ကြိုးစားခဲ့ရတာ။ အခု အစ်ကို လုပ်ပေးတဲ့ အခွင့်အလမ်းကလည်း ဒီလိုလေးပါပဲ။ ရိုက်မယ့် ဇာတ်လမ်းလေးတွေကိုတော့ ရွေးချယ်ပြီးပြီ။ ပညာပေးဇာတ်လမ်းလေးတွေ၊ ဟာသဇာတ်လမ်းလေးတွေပါမယ်။ အနုပညာ ကြေး ကိုတော့ အစ်ကိုက ပေးသင့် ပေးထိုက်တဲ့သူကိုတော့ ပေးမယ်။ အစ်ကို့ရဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီး ပေးရမှာဖြစ်တဲ့အတွက် ပထမဆုံး စရိုက်တဲ့အခါမှာ နှစ်ခု သုံးခုလောက်တော့ ပေးချင် မှ ပေးနိုင်မယ်။ အစ်ကို့ကို ပံ့ပိုးပေးတဲ့ သူတွေအပေါ်လည်း မူတည်ပါတယ်။ တချို့ အချက်လေး တွေကတော့ မသေချာသေးလို့ အစ်ကို မပြောချင်သေးပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရ ရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူး နေ ရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရော က်ရှိလို့နေပါပြီ။

[zawgyi]

ရဲေလးမကေတာ့ သူကိုယ္တိုင္ ဦးေဆာင္ၿပီး႐ိုက္ကူးမယ့္ ဇာတ္လမ္းေတြထဲမွာ သ႐ုပ္ ေဆာင္ အသစ္ေတြ ထည့္သြင္း႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။ 

သ႐ုပ္ေဆာင္ ရဲေလးမကေတာ့ အႏုပညာကို ဝါသနာပါတဲ့ ႐ြက္ပုန္းသီး အႏုပညာရွ င္ေလး ေတြ ကို ေျမေတာင္ေျမႇာက္ေပးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတ ယ္။ အစီအစဥ္ေလးရဲ႕ အေသး စိတ္ကိုလ ည္း ရဲေလးမက အခုလို ေျပာျပခဲ့ ပါတ ယ္။ 

” လတ္တေလာမွာ ဆယ္လီျဖစ္ေနတဲ့ ညီမေလးေတြ၊ ညီေလးေတြရွိတယ္။ သ႐ုပ္ေဆာင္ ဝါသနာ ပါတဲ့ ႐ြက္ပုန္းသီးကေလးေတြကို အစ္ကိုကေျမေတာင္ေျမႇာက္ေပးတဲ့ အေ နနဲ႔ Page ေလး ေထာ င္ မယ္။ ဝါသနာပါလို႔ ဒီလို ႀကိဳးစားေနၾက တာလ ည္း ျဖစ္တယ္၊ လူ႔ရဲ႕ ကံ ၊ လူ႔ရဲ႕ စန္းဆိုတာ မေျပာ ႏိုင္ဘူး။ အသစ္ေတြ ဆိုေ ပမယ့္ သင္ေပးရမွာပဲ။ နဂိုဗီဇေလးေတြ ပါတဲ့သူေတြကေတာ့ ေရွ႕ေရာက္ သြားမွာပါ။ အစ္ကို႔ကို ပံ့ပိုးေပးမယ့္ လူေတြလည္းရွိတယ္။ အႏုပညာကို ခ်စ္တဲ့သူျဖစ္တာေၾ ကာ င့္ အစ္ကိုလည္း အလုပ္မပ်က္ျဖစ္မယ္၊ နည္းနည္းမ်ားအဆင္ေျပလာ မလားေ ပါ့ေနာ္။ ေရရွည္အ လုပ္ မပ်က္ေရးေပါ့ေနာ္ အဲဒီအတြက္ ကမ္းလွမ္းထားတဲ့ ကေလးေတြကို ေသခ်ာစိစစ္ၿပီးေတာ့ ေဖေဖာ္ဝါရီလထဲမွာ အစ္ကိုတို႔ ျပန္လည္ေ ႐ြးခ်ယ္သြားမယ္”လို႔ Duwun ကိုေျပာပါတယ္။ 

ဒါ့အျပင္ ရဲေလးမဟာ အႏုပညာေလာကမွာ သူႀကိဳးစားလာခဲ့ရတဲ့ အေတြ႕အႀ ကဳံေတြ နဲ႔ တက္ သစ္စ အႏုပညာဝါသနာရွင္ေလးေတြကို လက္တြဲေခၚသြားမယ္လို႔ ဆိုပါတယ္။ ေ႐ြးခ်ယ္ခံရတဲ့ သ႐ုပ္ေဆာင္ေတြအတြက္ အႏုပညာေၾကးနဲ႔ ပ တ္သက္ၿပီး အေသးစိတ္ကိုလည္း ဆက္လက္ ေျပာ ျပလာပါတယ္။ 

” အစ္ကိုဆိုလည္း ေဒၚထား အဖြဲ႕မွာ စေရာက္တုန္းက ျဖတ္ေလွ်ာက္ဘဝကေန ႐ိုက္ကူးခဲ့ တယ္။ အဲဒီကေနမွ စားပြဲထိုင္၊ ေက်ာင္းမွာထိုင္ၿပီးေျပာရတာေတြရွိတယ္ ဒီလိုပဲ ႀကိဳးစားခဲ့ရတာ။ အခု အစ္ကို လုပ္ေပးတဲ့ အခြင့္အလမ္းကလည္း ဒီလိုေလးပါပဲ။ ႐ို က္ မယ့္ ဇာတ္လမ္းေလးေတြကိုေတာ့ ေ႐ြးခ်ယ္ၿပီးၿပီ။ ပညာေပးဇာတ္လမ္းေ လးေ တြ၊ ဟာသဇာတ္လမ္းေလးေတြပါမယ္။ အႏုပညာ ေၾကး ကိုေတာ့ အစ္ကိုက ေပးသင့္ ေပးထိုက္တဲ့သူကိုေတာ့ ေပးမယ္။ အစ္ကို႔ရဲ႕ ဘတ္ဂ်က္အေပၚ မူတည္ၿပီး ေပး ရမွာျဖစ္တဲ့အတြက္ ပထမဆုံး စ႐ိုက္တဲ့အခါမွာ ႏွစ္ခု သုံးခုေလာက္ေတာ့ ေပးခ်င္ မွ ေ ပးႏိုင္မယ္။ အစ္ကို႔ကို ပံ့ပိုးေပးတဲ့ သူေတြအေပၚလည္း မူတည္ပါတယ္။ တခ်ိဳ႕ အခ် က္ေလး ေတြကေတာ့ မေသခ်ာေသးလို႔ အစ္ကို မေျပာခ်င္ေသးပါဘူး” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ 

ရဲေလးမကိုေတာ့ ေဒၚထားအဖြဲ႕က ဇာတ္ပို႔ဇာတ္ရံတစ္ဦးအျဖစ္ ပရိသတ္ေတြ သတိထားမိမွာပါ။ ခ်စ္စရာေကာင္းတဲ့ အေျခာက္ဇာတ္႐ုပ္ေတြ ပီျပင္လြန္းတာ ေ ၾကာင့္လည္း ပရိသတ္အခ်စ္ကို ရ ရွိပိုင္ဆိုင္ေနတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူး ေန ရတာလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာ သက္တမ္းကလည္း အခုဆိုရင္ ၁၀ စုႏွစ္တစ္ခုကို ေရာ က္ရွိလို႔ေနပါၿပီ။

Comments are closed.