လီမင်ဟိုကို မြန်မာနိုင်ငံခေါ်ကြပါလို့ ပြောလိုက်တဲ့ ဝတ်မှုန်ရွှေရည်

လီမင်ဟိုကို မြန်မာနိုင်ငံခေါ်ကြပါလို့ ပြောလိုက်တဲ့ ဝတ်မှုန်ရွှေရည်

Social Media ပေါ်တွေမှာ လတ်တလော ကာလအတွင်း ရေပန်းစားလာတဲ့ ကိစ္စကတော့ ကိုရီးယားမင်းသားတွေကို မြန်မာကခေါ်ပြီးရုပ်ရှင်ရိုက်တော့မယ်ဆိုတဲ့ ကိစ္စကြီးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက မယုံမရဲဖြစ်နေကြပေမယ့်လည်း တကယ်တမ်းဖြစ်လာမယ်ဆိုရင်တော့ ဝမ်းသာစရာကိစ္စတခုပါပဲ။ မကြာသေးမီက Seven Sense ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ တာဝန်ရှိသူ ကိုဝေမင်းမောင်က ကိုရီးယားနိုင်ငံက မင်းသားချော လီမင်ဟိုကို ရုပ်ရှင်ခေါ်ရိုက်ဖို့ တကယ်ကို ကမ်းလှမ်းထားကြောင်း ပြောကြားထား ခဲ့ပါတယ်။

ဒီကိစ္စကိုတော့ ယုံတဲ့သူရှိသလို တကယ်ကို လာစေချင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒီထဲမှာတော့ နိုင်ငံကျော်မင်းသမီး ဝတ်မှုံရွှေရည်ကလည်း F4 ဇာတ်လမ်းနဲ့ မြန်မာနိုင်ငံမှာ လူသိများခဲ့တဲ့ လီမင်ဟို(ဂူဂျွန်ဖြိုး) ကိုလာစေချင်တဲ့ သူတယောက်ထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် မင်းသမီး ဝတ်မှုံရွှေရည်ကတော့ သူ့အနေနဲ့ လီမင်ဟိုကို မြန်မာနိုင်ငံကို လာစေချင်ကြောင်း ပြောကြားသွားခဲ့ပြီး ရန်သူရုပ်ရှင်နဲ့ ပတ်သက်တာတွေကို ပြောကြားသွား ခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ လီမင်ဟိုကို ခေါ်မယ့်အပေါ်မှာတော့ “ခေါ်ကြပါ။ ပရိသတ်တွေကလည်း ခေါ်ခိုင်းနေပါပြီ။ သူ့ကိုလဲ။ ကစ်သူ့ကို F4 ဇာတ်ကားထဲမှာ တော်တော်လေး သူ့ကိုသဘောကျခဲ့ပါတယ်။ ခေါ်ကြပါ”

Tom Boy ဇာတ်ရုပ်အပေါ် ဘာပြောချင်လဲ ဆိုတဲ့ အပေါ်မှာတော့ ဝတ်မှုံရွှေရည်က “အပြင်က Tom Boy နဲ့တော့ တူချင်မှတူမှာပါ။ ဒါကဝတ္ထုထဲက ဇာတ်ကောင်ပေါ့နော်။ ဒါကြောင့် အပြင်က TomBoy တွေနဲ့ အမူအရာ အပြောအဆိုတွေက တူချင်မှ တူမှာပါ။ ဒီဇာတ်ကားထဲက ဆန်းကြယ်ကတော့ နည်းနည်းစိတ်ပုတ်တယ်ပေါ့နော်။ အပြင်မှာတော့ အဲ့လိုတော့ မရှိလောက်ပါဘူး”

နေခြည်ဦးနဲ့ရော ဘယ်လိုညှိခဲ့ရလဲ ဆိုတဲ့ မေးခွန်းကိုတော့ “သူ့ရဲ့ ပထမဆုံးကားဖြစ်တယ်ဆိုတော့ အကြံပေးတာမျိုးလေးတွေတော့ ရှိတာပေါ့နော်။ တိုင်တိုင်ပင်ပင်လေးနဲ့ ကိုနေမင်းဆိုလည်း ကိုနေမင်း၊ ချီချီဆိုလည်း ချီချီ၊ ဒီလိုလေးလုပ်လိုက်ရင်ကောင်းမလား။ တယောက်နဲ့တယောက်ကတော့ အပေးယူလေး မျှအောင် လုပ်ကြရတာပေါ့နော်” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.