
ရင်ထဲမှာ ငိုနေတာကို ဘယ်သူမှ မသိ ကြဘူးလို့ ရင်ဖွင့်လာတဲ့ သင်း သင်း
( Video ဖိုင်ကို အောက်ဆုံးမှာ တင်ပေးထားပါတယ် )
လက်ရှိမှာတော့ အလှမယ်သင်းသင်းဟာ ရိုက်ကူးလက်စပညာပေးကားလေးမှာ ဝတ်ဆင်ခဲ့တဲ့ ဆရာမဝတ်စုံကြောင့် ဝေဖန်ခံနေရတာပါ။ ဒီလိုဝေဖန်ခံရတာနဲ့ပတ်သတ်ပြီးသင်းသင်းကတော့ ရင်ထဲမှာငိုနေတာတွေ ဘယ်သူမှမသိဘူးလို့ ပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

“ဝတ်စုံက အားလုံးက ရိုသေလေးစားရတဲ့ဝတ်စုံပါ သရုပ်ဆောင်တစ်ယောက်အနေနဲ့ဖက်ရှင်ဘက် ကိုသွာပြီးဦးစားပေးလိုက်တဲ့အခါ ဒီလိုမျိုးကြီးဖြစ်သွားတယ်ဆိုတော့ အစ်မလည်းစိတ်မကောင်းဘူးပေါ့ ဒီဇာတ်ကားလေးကပညာပေးကားလေးဆိုတော့လက်ခံလိုက်တယ် စိတ်အရမ်းပ င်ပန်းရတယ်ပေါ့ ဘာအလုပ်ဖြစ်ဖြစ်စိတ်ချမ်းသာရတယ်ဆိုရင် လုပ်လို့ကောင်းတယ်ပေါ့”

“ငယ်ငယ်က ကိုယ်မက်ခဲ့တဲ့အိမ်မက်တစ်ခုပေါ့ ကိုယ်နှစ်သက်ခဲ့တဲ့ဝတ်စုံပါ ဒီလိုအထိုးအနှက်တွေခံရတော့ စိတ်မကောင်းလည်းဖြစ်မိတယ် ဆရာဆရာမနဲ့တကွ အကုန်လုံးကိုတောင်းပန်ပါ တယ် နောက်ဆိုသေချာလေ့လာပြီးတော့မှလုပ်ပါမယ် သူတို့ထောက်ပြလို့လည်းကိုယ်သိရတာပေါ့”

“ကိုယ့်ကြောင့်မို့အစအဆုံးပြန်ရိုက်ရတဲ့သူတွေကိုသင်းကတောင်းပန်ပါတယ် မက်ဆင်ဂျာမှာ ဆရာမကြီးတွေလာပြောတယ် သင်းတောင်းပန်လိုက်တာ သူတို့ကျေနပ်ကြတယ် ကိုယ်က အနု ပညာအသိုင်းအဝိုင်းလည်းရှိတာမဟုတ်ဘူး ဒီအပေါ်မှာ ကိုယ်ဝတ်လိုက်တဲ့ဝတ်စုံကြောင့် ကိုယ့်အပေါ်ထိုးနှက်ချက်ဖြစ်သွားတာတော့စိတ်မကောင်းဘူး အရမ်းဖြစ်တဲ့သူဆိုရင် သူတို့အဲဒီ့လောက်ထိပြောမလားဒီအမှားသေးသေးလေးပေါ့ ငါ့ဘဝကဒီလိုပေါ့ စိတ်မကောင်းဖြစ်မိတာပေါ့”

“ဒီဝတ်စုံနဲ့ပတ်သတ်ပြီး အစ်မမန့်တွေဖတ်မိတယ် တစ်ချို့ကတော်တော်ထိုးနှက်တယ် မတုန့်ပြန်ချင်တော့ဘူး ဘဝမှာအရမ်းမောတယ် ဒီဟာကြီးအတွက် ပြန်မပြောချင်တော့ဘူး တစ်ခါတစ်လေကျရင်လူတွေက မျက်နှာမှာသာပြုံးနေတာ ရင်ထဲမှာငိုနေတာဘယ်သူမှမမြင်ဘူးလေ”

“ဒီထိုးနှက်ချက်တွေကို ငါဒီထက်ဆိုးတာတွေတောင်သည်းခံလာတာပဲဆိုပြီး ဒီထိုးနှက်ချက်တွေ ကို ငါလျစ်လျူရှုတတ်လာတယ်ပေါ့ စိတ်ဆင်းရဲရမှာတွေက ဘာလို့လဲ ဘာအရေးကြီးလို့လဲပေါ့ ကိုယ့်ကိုခွန်အားပေးတဲ့သူတွေအတွက် ပြန်ပြီးထမယ်ပေါ့”

“အစ်မကတော့မနိုင်န်ိုင်ရာတတ်မယ် အစ်မမှာအသိုင်းအဝိုင်းမရှိဘူး အနုပညာမျိုးရိုးမရှိဘူး ထိုးနှက်တိုင်းသာလူတစ်ယောက်ကလဲကျသွားရင် အဆင်မပြေဘူး အစ်မသဘောကျတဲ့သရုပ်ဆောင်အလုပ်ကိုနောက်ဆုတ်ဖို့လည်းမရှိဘူး အစ်မတတ်နိုင်တဲ့ဘက်က တစ်ထောင့်တစ်နေရာကနေ ကိုယ်နိုင်သလောက်ကြိုးစားသွားချင်တယ်”

“ဘယ်သူထိုးနှက်ထိုးနှက်မယိုင်လဲဘူးကွာ ဒီကားမှာပါရမယ်ဆိုတော့ အစ်မအစက တက ယ် တော့ စိတ်မပျော်ဘူး ဒီမှာပါရမယ်ဆိုလို့ အရမ်းပျော်ခဲ့တာ ဂရုစိုက်ပြီးလုပ်ရမှ ဒီလိုလေးဖြစ်သွား တယ် အစ်မမှာအတိုက်အခိုက်တွေများတယ် ငယ်ငယ်ကကိုယ်ဖြစ်ချင်တာမဖြစ်လာဘူး
“သင်းပိုပြီးအားရှိသွားပါတယ် ပြတောင်မပြသေးဘူး ဒီလိုဖြစ်သွားတယ်ဆိုတော့ ဒါသင်းကိုချစ်လို့သာထောက်ပြကြတာပေါ့ သင်းအဲဒီ့လိုပဲခံယူထားတယ် နောက်နောင်လည်းဒီလိုအမှားတွေထောက်ပြပေးနိုင်ပါတယ် သင်းဘက်ကလည်း အချိန်မီပြောင်းလဲပြုပြင်နိုင်ပါတယ်” လို့ ဒီကိစ္စ နဲ့ပတ်သတ်ပြီးရင်ဖွင့်ခဲ့ပါတယ်။