ကျွန်တော်လက်နဲ့ ထိတဲ့သူတိုင်းအောင်မြင်တယ်ဆိုတဲ့ ဂျွန်လွင်

ကျွန်တော်လက်နဲ့ ထိတဲ့သူတိုင်းအောင်မြင်တယ်ဆိုတဲ့ ဂျွန်လွင်

မြန်မာနိုင်ငံရဲ့ ထိပ်တန်း event organizerတစ်ဦးဖြစ်ပြီး eventကောင်းပေါင်းများစွာကို စီစဉ်နိုင်ခဲ့တဲ့ ဂျွန်လွင်ကတော့ တပည့်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပြီး သူမွေးထုတ်ပေးခဲ့တဲ့သူတွေကလည်း အောင်မြင်မှုလမ်းကြောင်းအပေါ်မှာ ကိုယ်ဆီလျှောက်လမ်းနေကြတာကိုတွေ့ရပါတယ်။ ဂျွန်လွင်က သူရဲ့လက်နဲ့ထိတဲ့သူတွေက အောင်မြင်မယ်လို့ ငယ်ငယ်က ဗေဒင်ဆရာက ပြောခဲ့ဖူးကြောင်း မီဒီယာအင်တာဗျူးတစ်ခုမှ ဖြေဆိုသွားခဲ့ပါတယ်။

ဂျွန်လွင်က “အဓိကကလေ ကျွန်တော်တစ်ခုပြောပြမယ် အရမ်းထူးဆန်းတဲ့အရာရှိတယ်သိလား။ ကျွန်တော်၈တန်း ၁၃နှစ်သားအရွယ် ဗေဒင်ဆရာတစ်ယောက်က ကျွန်တော့်ဆီရောက်လာတယ် ကျွန်တော့်အိမ်ကို လာလည်တယ်ပေါ့နော်။ ကျွန်တော့်ရဲ့ လက္ခာဏာမှာ ၄ကြောင်းပါနေတာကို တွေ့လိုက်တယ်။

အဲ့တော့သူက ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့် လက်နဲ့ထိတာနဲ့ အဲ့လူက အောင်မြင်တယ်ဆိုတာ အဲ့ဟာက ပါကိုပါတယ်။ အဲ့တာကြောင့် ကျွန်တော်ကိုယ်တိုင်ကလဲ ဘယ်လိုလုပ်လဲ ဆိုတော့ စနစ်တကျနဲ့ လူတွေကို အုပ်ချုပ်တယ် အလုပ်တစ်ခုလုပ်ရင်လည်း တိကျအောင်လုပ်တယ်။ အဲ့လူကလည်း ကျွန်တော်လမ်းကြောင်းချပေးတဲ့အပေါ်မှာ လျှောက်နေတဲ့လူက မအောင်မြင်စရာအကြောင်းမရှိဘူးပေါ့နော်။ ကျွန်တော့်ရဲ့ကံနဲ့ ကျွန်တော့်ရဲ့ ပါလာတဲ့ ပါရမီနဲ့ သူတို့ရဲ့ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန်နဲ့ ထိသွားတဲ့အတွက်ကြောင့် သူတို့လည်း အောင်မြင်လာတာဖြစ်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

လတ်တလောမှာရော တင်နေတဲ့ တပည့်တွေရှိလားလို့ မေးမြန်းရာ “ရှိပါတယ် ကျွန်တော်အခုလက်ရှိတင်နေတဲ့ မင်းသမီးနဲ့ မင်းသားရှိပါတယ်။ အဲ့တာအေးချမ်းမောင်နဲ့ ထက်အောင်ရှိုင်းပေါ့နော်။ နောက်ကျတော့ လီလီကျော်ခိုင် အခုလောလောဆယ်တင်နေတာပေါ့နော်။ ပြီးရင်တော့ နောက်တစ်သုတ်ထက်တင်မှာပေါ့။ အဓိကက ကျွန်တော်ဥပမာ တစ်ခုပြမယ်ပေါ့နော် ကျွန်တော် Fashion weekကြီး လုပ်ပြီပေါ့နော် ကျွန်တော့်ရဲ့ Profile logoလေးကို ချိန်းပေးကြပါလို့ ကျွန်တော်ပြောတယ်။ ချိန်းပေးတဲ့လူတွေရှိတယ် စိုးမြတ်သူဇာဆိုရင် ကျွန်တော့်တပည့်လည်းမဟုတ်ဘူး ခင်နေတာ သူနဲ့ကျွန်တော်နဲ့ အလုပ်တွေ အများကြီး လုပ်တယ်။ သူဆိုရင် ကျွန်တော့်ကို ချိန်းပေးတယ် ကျွန်တော့်မင်းသားမင်းသမီး တစ်ချို့ချိန်းပေးတယ် တစ်ချို့မချိန်းပေးဘူး။ ဒါပေမဲ့ အဲ့အပေါ်မှာ ကျွန်တော် မခံစားနေဘူး။ ခံစားနေရင် ကျွန်တော့်အချိန်တွေ အိုသွားနိုင်တယ်။ ကျွန်တော့်ရဲ့ အသက်၅၂နှစ် နုပျိုမှုတွေ ကျဆင်းသွားနိုင်တဲ့အတွက်ကြောင့် ကျွန်တော်သူတို့ကို မခံစားနိုင်ဘူး။ ဒီလိုမျိုး ရှိတတ်တဲ့လူ လုပ်တတ်တဲ့လူကို ဘယ်လိုခေါ်မလဲဆိုတော့ ဖြတ်သွားဖြတ်လာ လူတစ်ယောက်လိုပဲ သဘောထားတဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ခံစားမှုတစ်ခုမှ မရှိဘူး။

ကျွန်တော်က ပွဲတစ်ပွဲလုပ်မယ်ဆိုရင် Companyတစ်ခုက လုပ်မယ်ဆိုတဲ့ အတိုင်း ကျွန်တော်တို့က သူများရဲ့ ပိုက်ဆံတစ်ကျပ်သုံးတိုင်း သုံးတိုင်း စနစ်ကျအောင် သုံးရပါမယ်။ တစ်ချို့က stageစင်ကို ခမ်းနားအောင်ဆောက်တယ် ဖျော်ဖြေရေးကို ညံ့တာတွေရှိတယ်။ ဖျော်ဖြေရေးကိုကောင်းအောင်လုပ်တယ် Stageတွေ ညံ့နေတာရှိတယ်။ အစ်ကိုတို့လည်း ပွဲသွားဖူးတာဆိုတော့ သိမှာပဲလေ။ တစ်ချို့က သူကိုယ်တိုင် ကွန်ပျူတာလေးတစ်လုံးနဲ့ ဒီဇိုင်နာကပွဲစီစဉ်သူထလုပ်တာတွေရှိတယ်။ ကျွန်တော်က ပွဲစီစဉ်တဲ့သူသည် ပွဲစီစဉ်တဲ့ အလုပ်ကိုပဲ လုပ်တဲ့ အတွက်ကြောင့် ပိုပြီးတော့ အာရုံစိုက်နိုင်တယ်။ တိကျသေချာပြီးတော့ ထက်ထက်မြက်မြက်လုပ်နိုင်တာ ဖြစ်တယ် ကျွန်တော်ကိုယ်တိုင်စင်ပေါ်မှာ စကားတက်ပြောနေပြီးတော့ ပွဲစီစဉ်ရင် ဘယ်လိုလုပ်အောင်မြင်နိုင်မလဲ။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဂျွန်လွင်က”ဂျွန်လွင်ရယ်လို့ ဖြစ်အောင် ဆိုတာက ကျွန်တော်က အလုပ်ကို အလုပ်နဲ့တူအောင် တန်ဖိုးထားတယ်။ နံပါတ်တစ် လူတွေကို လူလိုဆက်ဆံတယ် သူများရဲ့ ပိုက်ဆံကို Respectထားတယ် ကျွန်တော် ဖြစ်သလို ကြုံသလို မလုပ်တဲ့ အတွက်ကြောင့် ကျွန်တော်ဘာမှ ဟိုဟာမဖြစ်ဘူး။”လို့ ပြောခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.