မင်္ဂလာဆောင်မှာ ရည်းစားဟောင်းကိုသီချင်းခေါ်ဆိုခိုင်းမယ်ဆိုတဲ့ ဟန်နာယူရီ

မင်္ဂလာဆောင်မှာ ရည်းစားဟောင်းကိုသီချင်းခေါ်ဆိုခိုင်းမယ်ဆိုတဲ့ ဟန်နာယူရီ

ဘန်နီဖြိုးနဲ့ဟန်နာယူရီဆိုတဲ့ ခုနစ်နှစ်ဝန်းကျင်တွဲလာခဲ့တဲ့ ချစ်သူစုံတွဲလေးဟာဆိုရင် ပရိသတ်တွေရင်ထဲမှာအခုအချိန်အထိရှင်သန်နေဆဲပါ။ အကြောင်းအမျိုးမျိုးကြောင့် သူတို့နှစ်ဦးလမ်းခွဲလိုက်ပေမယ့် ပရိသတ်တော်တော်များများကတော့ ဘန်နီဖြိုးနဲ့ ဟန်နာယူရီကိုတွဲပြီးမှတ်မိနေကြဆဲလည်းဖြစ်ပါတယ်။ ဟန်နာယူရီဟာ ဘန်နီဖြိုးကိုအရမ်းချစ်ခဲ့ပေမယ့် လမ်းခွဲပြီးတော့လည်း ကြာရှည်အသည်းကွဲမနေပဲအလုပ်တွေအများကြီးလုပ်ပြီး ဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနေခဲ့တဲ့ မိတ်ကပ်ပညာရှင်လေးဖြစ်ပါတယ်။ ပရိသတ်တွေအချစ်ပိုရတဲ့ Hanna Yuri ကတော့ မကြာသေးမီက သူမရဲ့လူမှုကွန်ယက်ပို့စ်တွေအောက်က commentတစ်ခုမှာ ရည်းစားဟောင်းကို မင်္ဂလာဆောင်မှာ သီချင်းခေါ်ဆိုခိုင်းမယ်လို့ reply ပြန်ထားခဲ့ပါတယ်။

ဟန်နာယူရီက သူမရဲ့ လူမှုကွန်ယက်မှာ Project K က ရဲရင့်သော်နဲ့အတူသရုပ်ဆောင်ထားတဲ့  သုံးမိနစ်စာ video လေးကို share ထားပြီး ပရိသတ်တစ်ဦးက အဲဒီပို့စ်အောက်မှာ “ဘန်နီဖြိုးသီချင်းနဲ့တွဲလိုက်ပါလား”လို့ comment ပေးထားခဲ့ပါတယ်။ အဲဒီ comment ကို ဟန်နာယူရီက “နောင်မှချစ်သူရ မင်္ဂလာဆောင်မှပဲဖွင့်ပါတော့မယ်ရှင်”လို့ reply ပြန်ထားခဲ့ပါတယ်။ အဲဒီပရိသတ်ကပဲ “တိုက်ဆိုင်လို့ပါ မရယ် လေထဲက အိမ် သီချင်း လေးနဲ့ မရိုက်ထားတာလေးနဲ့”လို့ ပြန်ပြောလာတဲ့အခါမှာတော့ ဟန်နာယူရီက “ဟုတ်ကဲ့ရှင့်အကြံပြုချက်ကိုမှတ်ထားပါ့မယ် အနာဂတ်ခင်ပွန်းလောင်းကသဘောတူရင် မင်္ဂလာဆောင်မှာပါသီချင်းခေါ်ဆိုခိုင်းလိုက်ပါ့မယ်”လို့ ပြောချလိုက်ခဲ့ပါတယ်။ ဟန်နာယူရီအနေနဲ့လည်းထစ်ခနဲရှိရင်အတိတ်ကရည်းစားဟောင်းနဲ့ပဲတွဲတွဲပြီးအမြင်ခံနေရတဲ့အဖြစ်က တော်တော်လေးတော့ စိတ်အနှောက်အယှက်ဖြစ်ရမှာအမှန်ပါပဲ။ အဲဒါကြောင့်လည်း ဒီလိုငေါ့တော့တော့လေးပြန်ပြောလိုက်တာနေမှာပါ။

ဟန်နာယူရီက အင်တာဗျူးတစ်ခုမှာ သူကြိုက်တဲ့ယောက်ျားလေးပုံစံကို “မျက်ခုံးကောင်းကောင်းနှုတ်ခမ်းထူထူလေး အရပ်မြင့်မြင့်လေး။အသားညိုညိုလေးချောချောလေး။ကြည့်လိုက်ပြီဆိုတာနဲ့ အေးချမ်းရမယ်။ယောက်ျားလေးတစ်ယောက်ရဲ့စိတ်နေစိတ်ထားပေါ့။ ယိင်းရွေးချယ်မယ့်သူက ယောက်ျားပီသရမယ်”လို့ ပြောပြသွားပါတယ်။ V Day နဲ့ပတ်သက်တဲ့အမှတ်တရတွေကိုတော့ “ကောင်မလေးတွေ လက်ဆောင်လေးတွေပို့ပေးတာရှိတယ်။ Handmade ဟာလေးတွေပေါ့။အဲဒါပဲရှိပါတယ်ရှင့်”လို့ ပြောပြထားပါတယ်။

ဟန်နာယူရီက surprise တွေထက် လက်တွေ့ကိုပိုသဘောကျတဲ့လူဖြစ်ကြောင်းလည်း “ယိင်းက အဲ့လိုလက်တွေ့ကိုသဘောကျတယ်။ surprise တွေဘာတွေထက်လက်တွေ့ကိုပိုသဘောကျတယ်။ ယိင်းက လက်တွေ့သမားဆိုတော့ အဲ့လိုမျိုးတော့မရှိပါဘူး။ ချစ်သူတွေဆိုတာပေါ့နော်။ယိင်းအနေနဲ့ပြောချင်တာက ချစ်သူများနေ့ကိုချစ်သူတွေအတွက်ပဲလို့မတွေးစေချင်ဘူး။ ကိုယ်ချစ်တဲ့လူတွေအကုန်လုံးကိုတန်ဖိုးထားပါ။ချစ်ချစ်ခင်ခင်နေပါလို့”ဆိုပြီးချစ်စဖွယ်ပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.