ချစ်သူက ကိုယ့်ကို စိတ်ကောက်နေတယ်ဆိုတဲ့ နေခြည်ဦး

ချစ်သူက ကိုယ့်ကို စိတ်ကောက်နေတယ်ဆိုတဲ့ နေခြည်ဦး

ချစ်သူများနေ့မှာ ချစ်သူရှိပေမဲ့ တစ်ကိုယ်တော် ဖြတ်သန်းခဲ့ရသူက နေခြည်ဦးပါ။ ပုံမှန်အချိန်တွေဆို surprise တွေတိုက်ပြီး နေခြည်ဦးကို ပျော်ရွှင်အောင် ထားပေးတဲ့ ချစ်သူက မန္တလေးမှာ ကဲနေတာ ဖြစ်ပါတယ်။ နေခြည်ဦးက သူ့ရဲ့ အမာခံ ချီလီတွေကို အချိန်ပေးမိတဲ့အတွက် ချစ်သူက စိတ်ကောက်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ချစ်သူ မရှိလည်း နေခြည်ဦးတစ်ယောက် V-Day မှာ ဘယ်လိုမျိုး သံဝေဂတရားတွေ ရနေတယ် ဆိုတာကတော့ ပြောချင်လွန်းလို့ပါ။

MC နဲ့ အင်တာဗျူးမှာတော့ V-Day အတွက် မျှော်လင့်ချက်တွေ ထားခဲ့ကြောင့် နေခြည်ဦးက ခုလို ဆိုပါတယ်။

“ဒီနေ့သူတော်တော် စိတ်ကောက်နေတာ ဖုန်းတောင် မကိုင်ဘူး။ live လွှင့်မယ် ဆိုတာတောင် မကြည့်တော့ဘူး။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူနဲ့ စိတ်ကောက်ပြီး ချီလီတွေနဲ့ နေရတာ ပိုတောင် ပျော်သေးတယ်။ ဒီလိုမျိုးကြီး ဖြစ်လာမယ်လို့ မတွေးထားဘူး။ Valentine’s Day မှာ ငါချောကလက်လည်း မရဘူး။ ပန်းစည်းလည်း မရဘူးပေါ့နော်။ ဖေ့စ်ဘွတ်တစ်ခုလုံး ကြည့်လိုက်တော့ ကိုယ့်သူငယ်ချင်းတွေက တင်လိုက်ကြတာ ကိုယ်တောင်မှ anni-valentine တွေ ဘာတွေလုပ်မယ်ဆိုပြီး အားခဲထားခဲ့တာ။ မန္တလေးမှာ ပွဲရှိတော့ သူ့က အဲ့မှာ လွတ်လွတ်လပ်လပ် ကဲမှာပေါ့။ နေခြည်ကတော့ ချီလီတွေနဲ့ တွေ့ပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်မယ်။” ဆိုပြီး ပြောသွားပါတယ်။

အတွဲမရှိတဲ့ single တွေကိုလည်း နေခြည်ဦးက အားပေးစကား ခုလို ပြောသွားပါတယ်။

“ဒီနေ့က ချစ်သူများ အတွက်ပဲ မဟုတ်တာ။ မိသားစု ၊ မိတ်ဆွေ ၊ လုပ်ဖော်ကိုင်ဖက် ကိုယ်ချစ်ရသူတွေ အားလုံးအတွက်နေ့ ဆိုတာကို သူနဲ့ စိတ်ကောက်နေရလို့ မေ့သွားတာ။ အတွဲရှိတဲ့လူတွေ အကုန်ပျော်နေကြပြီ။ စင်ဂဲလ်တွေအတွက် အတွဲမရှိလို့ စိတ်ဓာတ်မကျနဲ့။ ဖူးစာမှန်ရင် တစ်ချိန် တွေ့ကြမှာ။ သူများ ချောကလက် မဝယ်ကျွေးလည်း ကိုယ့်ဟာကိုယ် ဝယ်စားလိုက်။ သူငယ်ချင်းတွေနဲ့ လျှောက်လည်လိုက်။ သူများအတွဲတွေ တင်တာမြင်ရင်လည်း ဝမ်းသာပေးလိုက်။ ဒီနေ့လေးမှာ ဖေ့စ်ဘွတ်ပေါ် ပုံတင်ပြီး Like ရဖို့ သူတို့တွေ အများကြီး ကြိုးစားထားရတာ။” လို့ ဆိုပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.