နှစ်တစ်ရာအတွင်း ပထမဆုံးအကြိမ် မြင်ရတဲ့ ကျားသစ်နက်

နှစ်တစ်ရာအတွင်း ပထမဆုံးအကြိမ် မြင်ရတဲ့ ကျားသစ်နက်

ရှားပါးသတ္တဝါဖြစ်တဲ့ တစ်ကိုယ်လုံးအနက်ရောင်ရှိတဲ့ ကျားသစ်ကို အာဖရိကတိုက်၊ ကင်ညာမှ လွင်ပြင်တစ်ခုမှာ ဓါတ်ပုံရိုက်ကူးရရှိခဲ့ပြီး အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန် သဘာဝတောရိုင်းဓါတ်ပုံဆရာ ဝီဘားရတ်ဒ်လူးကပ်စ်မှ ရိုက်ကူးခဲ့တာပါ။

ဒါဟာ နှစ်တစ်ရာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အလွန်ရှားပါးတဲ့ ဒီသတ္တဝါ သက်ရှိထင်ရှားရှိကြောင်း ကောင်းမွန်ပြည့်စုံစွာ ဓါတ်ပုံရိုက်ကူးနိုင်ခဲ့တာပါပဲ။ ကျားသစ်နက်ကို မြင်တွေ့ခဲ့တယ်လို့ သတင်းထွက်နေတဲ့ နေရာမှာ ဒေသခံတိရစ္ဆာန်ရုံမှ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကင်မရာထောင်ချောက်တွေ ထောင်ထားခဲ့ရာမှ အခုလို ဓါတ်ပုံရရှိခဲ့တာပါ။

လူးကပ်စ်ဟာ အရည်အသွေးမြင့် DSLR ကင်မရာ၊ ကြိုးမဲ့လှုပ်ရှားမှုအာရုံခံဆင်ဆာစနစ်နဲ့ ဖလက်ရှ် အလင်းပေးစနစ် စတဲ့ အထူးပြုလုပ်ထားတဲ့ ကိရိယာတွေနဲ့ တပ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ကူးရရှိခဲ့တဲ့ ကျားသစ်နက်ဟာ အမ ဖြစ်ပြီး မိဘတွေနဲ့ သွားလာနေတာလို့ အတည်ပြုခဲ့ပါတယ်။

လူးကပ်စ်ကတော့ ကျားသစ်နက်ဟာ ဂုဏ်သိက္ခာအတွက်နဲ့ အမဲလိုက်နေတဲ့ သူတွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်ပြီး ကင်ညာမှာတော့ အမဲလိုက်ခြင်းကို တားမြစ်ထားတာကြောင့် ကံကောင်းကြောင်းနဲ့ ဒီဒေသရဲ့ ခရီးသွား လုပ်ငန်းကိုလည်း တိုးမြှင့်ပေးနိုင်မယ်လို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။

အာဖရိကကျားသစ်တွေဟာ နိုင်ငံတကာ သဘာဝထိန်းသိမ်းမှုယူနီယံရဲ့ စာရင်းမှာ မျိုးတုန်းနိုင်ခြေရှိတဲ့ မျိုးစိတ်တစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.