သမီးလေးကို သူ့အဖေနဲ့ တရားဝင်ကွဲနေတာ အသိမပေးသေးဘူးဆိုတဲ့ ချမ်းချမ်း

သမီးလေးကို သူ့အဖေနဲ့ တရားဝင်ကွဲနေတာ အသိမပေးသေးဘူးဆိုတဲ့ ချမ်းချမ်း

Melody Worldမှထွက်ပေါ်လာတဲ့ အသံချိုချိုလေးနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့အပြင် တေးသီချင်းပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲထိအောင် သီဆိုနိုင်တဲ့ နိုင်ငံကျော်တေးသံရှင် ချမ်းချမ်းကတော့ အိမ်ထောင်ရေး ပြိုကွဲနေပေမယ့် ဒီလိုပြိုကွဲနေတာကို သမီးလေးဖြစ်သူကို အသိမပေးထားဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ချမ်းချမ်းက “သမီးလေးက အဓိကတော့ အစ်မသမီးက လိမ္မာတယ် တော်ရုံတန်ရုံလည်း စကားလည်း သိပ်မပြောဘူး။ အမေအဖေကိုလည်း ဂျီမကျဘူး အစ်မဆီကိုရောက်ရင် အစ်မကို အရမ်းချစ်ပြီး အစ်မနဲ့အတူတူနေတယ် သူ့အဖေဆီရောက်ရင် သူ့အဖေနဲ့ အဆင်ပြေအောင်နေတယ်ဆိုတော့ သမီးက တကယ်ကို သန္ဓေကောင်းတဲ့ သမီးလေးပေါ့။ အခုအချိန်အထိ အစ်မတို့က သမီးလေးကို တရားဝင်ကွဲထားတယ်ဆိုတာကို ပေးမသိသေးဘူး။ သမီးကို ရန်ဖြစ်ထားတယ်လို့ပဲ ပေးသိထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အသက်အရွယ်၅နှစ်နဲ့က ပေးသိစရာလည်း မလိုပါဘူး။ အဲ့လိုလေးပဲ သွားနေတယ် တစ်နေ့နေ့တစ်ချိန်ချိန်သိလာမှာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

သမီးလေးအတွက် ဘာတွေ ဖြည့်စည်းပေးဖြစ်လဲလို့ မေးမြန်းရာ “အဲ့လိုလေးပေါ့ သူတစ်ခါတစ်လေ တစ်ချို့ပွဲလေးတွေ အဖေအမေတက်စေချင်တယ်ဆိုရင် အစ်မတို့အဖေရောအမေရော တက်ပေးတယ် သူ့အတွက် ပွဲလေးတွေ လိုက်ပေးတယ် လုပ်ပေးတယ် မွေးနေ့ပွဲဆိုလည်း အဖေနဲ့အမေနဲ့ ရှိတာလိုချင်တယ်ဆိုလို့ ကိတ်အတူတူခွဲဖြစ်တယ်။ အဲ့လိုမျိုးလေးတွေ လိုက်လုပ်ပေးဖြစ်တယ်။ အစ်မတို့ဆီမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးကြီးဖွဲ့ထားတာမရှိဘူး။”လို့ ပြောသွားခဲ့ပါတယ်။

တစ်ခါသုံးခွက်နဲ့ ကြွေခွက်နဲ့ နှိုင်းပြီး ရေးဖြစ်တာနဲ့ပတ်သက်ပြီး “အစ်မမှာ ဘာစိတ်မှ မရှိပါဘူး။ မရှိဘူးဆိုတာ တစ်ချို့တော်တော်များများက ပြောကြလို့ပေါ့နော်။ အိမ်ထောင်တစ်ခုကို မထိမ်းသိမ်းနိုင်ဘဲနဲ့ ယောက်ျားမယူနဲ့ပေါ့။ ဒါတွေက အစ်မဘယ်လိုမှ ကြိုတင်မြင်နိုင်ခဲ့တဲ့ အရာတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်အိမ်ထောင်ကွဲသွားလို့ ဒီလိုစကားမျိုးပြောတာလည်း မဟုတ်ဘူး။ မိန်းကလေးတွေကို တန်ဖိုးထားစေချင်တယ် ဘာလုပ်မှာလဲ သူများအိမ်ထောင်တစ်ခုပြိုကွဲပြီးမှ ရလာတဲ့ ပျော်ရွှင်မှုက အဲ့တာ ပျော်ရွှင်မှုအစစ်မဟုတ်ဘူး။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ပါပဲ။ အခုခေတ်က ကိုယ်ကြိုက်တဲ့သူနဲ့ တွဲနေကြတာပဲ မကြိုက်ရင် နောက်တစ်ယောက်ထားကြတာပဲ။

အဲ့တာပြဿနာမဟုတ်ဘူး ဒါပေမဲ့ ကိုယ်တွဲတဲ့သူက အိမ်ထောင်ရှိနေတာလား ကင်းကင်းရှင်းရှင်းရှိလား မရှိဘူးလားဆိုတာတော့ သိဖို့လိုတယ်လို့ အစ်မထင်တယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီမှာက နှစ်နှစ်လလတည်ဆောက်ထားတာ ပြီးတော့ ချက်ချင်းကြီး ပြိုပျက်လိုက်လို့မရဘူး။ သည်းခံမှုတွေ နာကျဉ်းမှုတွေ အများကြီးရှိတယ် အဲ့တာမျိုးကို မငဲ့ကွက်ဘဲ အဲ့လိုလုပ်တဲ့အခါကျတော့ ဒီမိန်းကလေးအတွက်လည်း မကာင်းဘူး။ အိမ်ထောင်တစ်ခုကလည်း ပျက်စီးသွားတယ်ပေါ့နော်။ အဲ့တာလေးတွေကို သူတို့ကို သိစေချင်တာပါ တစ်ခြားဘာမှမရှိပါဘူး။ ဘာမှမခံစားတော့ပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.