ေဖေဖာ္ဝါရီ (၂၂) ရက္ေန႔ ႏိုဗိုတယ္ဟိုတယ္မွာ မဂၤလာပြဲက်င္းပျပဳလုပ္မယ့္ သူထူးစံတို႔စုံတြဲ

ေဖေဖာ္ဝါရီ (၂၂) ရက္ေန႔ ႏိုဗိုတယ္ဟိုတယ္မွာ မဂၤလာပြဲက်င္းပျပဳလုပ္မယ့္ သူထူးစံတို႔စုံတြဲ

သ႐ုပ္ေဆာင္ သူထူးစံနဲ႔ထိုက္ဆုဝင္းတို႔ရဲ႕ မဂၤလာဧည့္ခံပြဲကို ေဖေဖာ္ဝါရီလအတြင္းမွာ က်င္းပသြားမွာ ျဖစ္ပါတယ္။ မဂၤလာဦးဆြမ္းကပ္ အလႉၿပီး ကတည္းက သူတို႔ႏွစ္ဦးရဲ႕ မဂၤလာဧည့္ခံပြဲက ဘယ္ေတာ့လည္း ဆိုၿပီး ပရိသတ္ေတြ စိတ္ဝင္စားေနခဲ့တာပါ။

၂၀၁၈ခုႏွစ္ ဒီဇင္ဘာ(၉) ရက္ေန႔က ေနျပည္ေတာ္မွာ မဂၤလာဦးဆြမ္းေကြၽး အလႉျပဳလုပ္ခဲ့တဲ့ သူထူးစံတို႔ စုံတြဲဟာ မၾကာခင္ ရက္ပိုင္းမွာ ခ်စ္တဲ့မိတ္ေဆြ ၊ သူငယ္ခ်င္းေတြနဲ႔ အတူ မဂၤလာဧည့္ခံပြဲကို ျပဳလုပ္ေတာ့မွာ ျဖစ္ပါတယ္။ ပရိသတ္ေတြက ၂၀၁၈ခုႏွစ္မကုန္ခင္မွာ အစြံထုတ္သြားတဲ့ သူထူးစံရဲ႕ မဂၤလာပြဲက ဘယ္ေတာ့လဲဆိုၿပီး စိတ္ဝင္စားေနၾကတာပါ။ အခုေတာ့ မဂၤလာပြဲသတင္းကို ၾကားရပါၿပီ။ သူတို႔ႏွစ္ဦးရဲ႕ မဂၤလာဧည့္ခံပြဲကို ရန္ကုန္ၿမိဳ႕ ႏိုဗိုတယ္ဟိုတယ္မွာ ေဖေဖာ္ဝါရီ(၂၂) ရက္ေန႔တြင္ ျပဳလုပ္မွာပါ။

သူထူးစံဟာ ခ်စ္သူေကာင္မေလး ထိုက္ဆုဝင္းနဲ႔အတူ မဂၤလာဦးဆြမ္းကပ္ အလႉကို ၂၀၁၈ခုႏွစ္၊ ဒီဇင္ဘာ(၉) ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္ခဲ့တာပါ။ မနက္ကပိုင္းက ေငြေတာင္ေတာရ စာသင္တိုက္မွာ ႏွစ္ဖက္မိဘမ်ားနဲ႔အတူ မဂၤလာဦး ဆြမ္းကပ္ ျပဳလုပ္ခဲ့သလို ညေနပိုင္းမွာလည္း မဟာေဗာဓိေက်ာင္း တိုက္၊ ပရဟိတ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွာ မဂၤလာဦးအလႉျပဳလုပ္ခဲ့ပါတယ္။

သူတို႔ႏွစ္ဦးရဲ႕ မဂၤလာဦး အလႉပုံရိပ္မ်ားကလည္း ပရိသတ္ေတြၾကားထဲမွာ အားက်အတုယူဖြယ္လည္း ျဖစ္ခဲ့ရပါတယ္။

သူထူးစံရဲ႕ ဇနီးဟာလည္း အႏုပညာေလာက ထဲကျဖစ္ၿပီး ပရိသတ္ေတြနဲ႔ မစိမ္းတဲ့ အႏုပညာရွင္တ စ္ဦးလည္း ျဖစ္ပါတယ္။ သူမဟာ အကယ္ဒမီ ပန္းကိုင္တစ္ဦးျဖစ္သလို သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။

သူထူးစံ(Thu Htoo San) ကေတာ့ ၂၀၁၇ ခုႏွစ္ကေနစၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီး ေတြ ဆက္တိုက္ ႐ိုက္ကူးလာခဲ့ပါတယ္။ သူဟာ အႏုပညာေလာကနဲ႔ ခဏၾကာ ေဝးကြာေနခ်ိန္မွာလည္း ဇာတ္ကားေကာင္းေကာင္း၊ ကာ႐ိုက္တာေကာင္းေကာင္းေတြနဲ႔ လာကမ္းလွမ္းမလားဆိုတာကို ေစာင့္ေမွ်ာ္ေနေပမဲ့ လာေရာက္ ကမ္းလွမ္းမႈ မရွိခဲ့ဘူးလို႔ဆိုပါတယ္။ သူဟာ ဒါ႐ိုက္တာ ဝင္းထြန္းထြန္း႐ိုက္ကူးတဲ့ ဗီဇ႐ုပ္ရွင္ဇာတ္ကားႀကီးကေနစၿပီး အႏုပညာေလာကထဲကို ျပန္လည္ ဝင္ေရာက္လာတာ ျဖစ္ပါတယ္။

Credit-Cele Yatkwat

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[Unicode]

သရုပ်ဆောင် သူထူးစံနဲ့ထိုက်ဆုဝင်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မင်္ဂလာဦးဆွမ်းကပ် အလှူပြီး ကတည်းက သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲက ဘယ်တော့လည်း ဆိုပြီး ပရိသတ်တွေ စိတ်ဝင်စားနေခဲ့တာပါ။

၂၀၁၈ခုနှစ် ဒီဇင်ဘာ(၉) ရက်နေ့က နေပြည်တော်မှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့တဲ့ သူထူးစံတို့ စုံတွဲဟာ မကြာခင် ရက်ပိုင်းမှာ ချစ်တဲ့မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့ အတူ မင်္ဂလာဧည့်ခံပွဲကို ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေက ၂၀၁၈ခုနှစ်မကုန်ခင်မှာ အစွံထုတ်သွားတဲ့ သူထူးစံရဲ့ မင်္ဂလာပွဲက ဘယ်တော့လဲဆိုပြီး စိတ်ဝင်စားနေကြတာပါ။ အခုတော့ မင်္ဂလာပွဲသတင်းကို ကြားရပါပြီ။ သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဖေဖော်ဝါရီ(၂၂) ရက်နေ့တွင် ပြုလုပ်မှာပါ။

သူထူးစံဟာ ချစ်သူကောင်မလေး ထိုက်ဆုဝင်းနဲ့အတူ မင်္ဂလာဦးဆွမ်းကပ် အလှူကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(၉) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။ မနက်ကပိုင်းက ငွေတောင်တောရ စာသင်တိုက်မှာ နှစ်ဖက်မိဘများနဲ့အတူ မင်္ဂလာဦး ဆွမ်းကပ် ပြုလုပ်ခဲ့သလို ညနေပိုင်းမှာလည်း မဟာဗောဓိကျောင်း တိုက်၊ ပရဟိတ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မင်္ဂလာဦးအလှူပြုလုပ်ခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာဦး အလှူပုံရိပ်များကလည်း ပရိသတ်တွေကြားထဲမှာ အားကျအတုယူဖွယ်လည်း ဖြစ်ခဲ့ရပါတယ်။

သူထူးစံရဲ့ ဇနီးဟာလည်း အနုပညာလောက ထဲကဖြစ်ပြီး ပရိသတ်တွေနဲ့ မစိမ်းတဲ့ အနုပညာရှင်တ စ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အကယ်ဒမီ ပန်းကိုင်တစ်ဦးဖြစ်သလို သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

သူထူးစံ(Thu Htoo San) ကတော့ ၂၀၁၇ ခုနှစ်ကနေစပြီး ရုပ်ရှင်ဇာတ်ကားကြီး တွေ ဆက်တိုက် ရိုက်ကူးလာခဲ့ပါတယ်။ သူဟာ အနုပညာလောကနဲ့ ခဏကြာ ဝေးကွာနေချိန်မှာလည်း ဇာတ်ကားကောင်းကောင်း၊ ကာရိုက်တာကောင်းကောင်းတွေနဲ့ လာကမ်းလှမ်းမလားဆိုတာကို စောင့်မျှော်နေပေမဲ့ လာရောက် ကမ်းလှမ်းမှု မရှိခဲ့ဘူးလို့ဆိုပါတယ်။ သူဟာ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးတဲ့ ဗီဇရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Credit-Cele Yatkwat

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.